Welcome to my blog :)

rss

Friday, October 29, 2010

> ဟဇရတ်အိုဝေဇ်ကီရ်နီ (ရ)သခင်

ဟဇရတ်အိုဝေဇ်ကီရ်နီ (ရ)သခင်


ဟဇရတ်အိုဝေဇ်သခင်သည် အလွန်ပင်မြင့်မြတ်သော သာဗေအီးန်တစ်ပါးဖြစ်သည် အကြင်နာတရားထားတတ်ခြင်းနှင့် ကျေးဇူးတရားသိတတ်ခြင်းတွင် အိုဝေဇ်သခင်သည်အလွန်ပင်စံထားလောက်ပါသည်ဟု တမန်တော်သခင်(ဆွ) မိန့်ကြားခဲ့ကြောင်း ဟဒီးစ်တော်များရှိပါသည်။ တမန်တော်သခင်ကိုယ်တိုင်အိုဝေဇ်သခင်နှင့်ပတ်သက်ပြီး ချီးမွန်းစကား
ပြောပြီး သည့်နောက်တစ်ခြားသော အမှာစကားများအိုဝေဇ်သခင်အတွက် မလိုအပ်တော့်ပေ။ တစ်ခါတစ်ယံ တမန်တော်သခင် သည်ယီမင်နုင်ငံဘက် မျက်နှာတော်မူကာမိန့်လေ့ရှိသည်မှာ ငါသခင်သည်ယီမင်နိုင်င့တော်ဘက်မှာ
ရဟ်မသ်တော်နှင့်ပြည့်စုံသောလေကာင်းလေသန့်များရရှိနေပါသည်။ သဘောမှာ ယီမင်နိုင်ငံသား အိုဝေဇ်သခင်အား
ရဟ်မသ်တော်အပေါင်းနှင့် ပြည့်စုံကာ ထင်ရှားထွန်းသာက်မည့် သူတော်စဉ်တစ်ဦးပေါ်ထွက်လာမြည့်အကြောင်း ကြိုတင်
စကားဦးသမ်းခြင်းပင်ဖြစ်ပါသည်။

တမန်တော်သခင် (ဆွ) မိန့်သည်မှာ အိုဝေဇ်သခင်သည် ကိယာမသ်နေ့တွင် မိမိနှင့်ရုပ်ခြင်းဆင်သော မာလာအေကဟ်
ကောင်းကင်တမန်အပါး 70 နှင့်အတူ ရှိနေမည်။ သခင်ကိုမည်သူတစ်ဦးတစ်ယောက်ကမှ မှတ်မိလီမ့်မည်မဟုတ်ပါ။အကြောင်း
မှာသခင်သည် လောကတွင်နေထိုင်စဉ်အတွင်း သူ့အားလူတစ်ဦးတစ်ယောက်မှမသိအောင် လျှို့ဝှက်စွာ အေဗဟ်ဒတ်လုပ်
ဆောင်နေခဲ့သူဖြစ်ပါသည်။ ထိုသို့သို့အေဗဟ်ဒတ် လုပ်ဆောင် နေခဲ့သူမှာအမှန်တကယ်ပင်ဖြစ်၍ အလ္လဟ်အသျှင်သည် သခင်
၏စစ်မှန်သော စိတ်ဓါတ်ကိုသိသူဖြစ်ပြီး သခင်အားကေရာမသ်နေ့တိုင်အောင် အများအမြင်မှ ကာကွယ်တော်မူမည်ဖြစ်ကြောင်း မိန့်ကြားခြင်းဖြစ်၏။

ထို့အပြင်တမန်တော်သခင်မိန့်သည်မှာ အိုဝေဇ်သခင်၏လူအမြင်မှဖုံးကွယ်ရခြင်း နောက်ထပ်အကြောင်းတရပ်ရှိ၏ ၊၄င်းအချက်မှာ အိုဝေဇ်သခင်သည်မိမိ၏မျက်စိကွယ်ကာ အိုမင်းမစွမ်းဖြစ်နေသော မိခင်အိုကြီးအားရှာဖွေကျွေးမွေးရသည့်
အလုပ်ကိုလုပ်နေရ၍ ဖြစ်ကြောင်းမိန့်ခဲ့ပါသည်။

ဆွဟာဗဟ်သခင်များက တမန်တော်သခင်အား အိုဝေဇ်သခင်သည် တမန်တော်မြတ်အားတွေ့မြင်ခဲ့ပါသလားဟု မေးမြန်းခဲ့ပါသည်။ တမန်တော်သခင်မိန့်သည်မှာ အိုဝေဇ်သည်ငါသခင်အားအပြင်ပိုင်းတွင် တွေ့ဆုံခြင်းမရှိခဲ့ပါ။ သို့သော်
အတွင်းပိုင်းဆိုင်ရာ ဝိညာဉ်ခြင်း တွေ့ဆုံမှုတွင်မကြာခဏ တွေ့ဆုံခဲ့ကြောင်း မိန့်ကြားခဲ့ပါသည်။ ဆွဟာဗဟ်များက မိမိတို့
အိုဝေဇ်သခင်နှင့် တွေ့ ဆုံနိုင်မည်လားဟု မေးမြန်းသောအခါ တမန်တော်သခင်က အသင်တို့မည်မျှ အိုဝေဇ်နှင့်တွေ့ဆုံနီုင်လီမ့် မည်မဟုတ်ပါ။ သို့သော် အိုမဲရ်နှင့် အလီသခင်တို့နှစ်ဦးသာ တွေ့ဆုံနိုင်လီမ့်မည်ဖြစ်ပါသည်ဟု
မိန့်ပါသည်။

တမန်တော်သခင် ဆက်လက်မိန့်တော်မူသည်မှာ အသင်တို့သည် အိုဝေဇ်နှင့် တွေ့ဆုံလျှင် ငါသခင်၏ စလမ်စကားကို ပို့
ဆောင်ကြလော့ အိုဝေဇ်သခင်၏ဒိုအာသည် မြှောက်များစွာသော လူတို့အတွက် ရှိဖာအသ် ရနိုင်ဖွယ်ရာအကြောင်းရှိကြောင်း မိန့်ကြားခဲ့ပါသည်။

ထိုအခါ ဆွဟာဗဟ်တို့က မိမိတို့အိုဝေဇ်ကိုတွေ့လျှင် မည်သို့မှတ်မိနိုင်မည်းနည်းဟု မေးမြန်ကြပါသည်။ ထိုအခါ တမန်တော်သခင်က အိုဝေဇ်သခင်သည် တကိုယ်လုံးအမွှေးအမြင်ထူကြောင်း ၄င်းနောက်သူ၏ဘယ်ဘက်လက်ဖဝါးတွင်
အဖြူရောင်အကွက်ဝိုင်းတစ်ခုရှိကြောင်း ၄င်းအဖြူကွက်သည်ရောဂါကြောင့် ဖြစ်သောအဖြူကွက်မဟုတ်ကြောင်း မိန့်ကြားခဲ့ပါသည်။

တမန်တော်သခင်ဆုံးပါးပြီးနောက် ဟဇရတ်အိုမဲရ်သခင် (ရသွေ့)လက်ထက်ရောက်သော်အခါ ဟဇရတ်အိုမဲရ်သခင်နှင့်
ဟဇရတ်အလီသခင်နှစ်ပါးသည် ကူဖွါသို့ရောက်ခိုက် လူအများအား ဟဇရတ်အိုဝေဇ်သခင်နှင့်ပတ်သက်ပြီးမေး၏။ လူတို့ပြောကြသည်မှာယီမငိုင်ငံတွင်လူတစ်ဦးရှီကြောင်း၊သူရူးတစ်ဦးကဲ့သို့နေထိုင်လေ့ရှိကြောင်း ကုလားအုပ်များထိန်းကျောင်းသည့် အလုပ်လုပ်ကြောင်း သူသည်မုန့်ကြမ်းများကိုစားသောက်လေ့ရှိကြောင်း၊ပျော်ရွင်နေသည်တို့ကိုတွေ့လျှင် သူငိုကြောင်း ငိုသောသူများကိုတွေ့လျှင်ရယ်လေ့ရှီကြောင်းပြောကြပါသည်။ သို့ပါ၍ဟဇရတ်အိုမဲရ်သခင်နှင့် အလီသခငို့သည် အိုဝေဇ်
သခင်နှင့်တွေ့ဆုံရန်သူနေသောနေရာသို့သွားရောက်ခဲ့ပါသည်။

အိုဝေဇ်သခင်ကိုတွေ့ဆုံသောအခါ သခင်သည်နမားဇ်ဝတ်ပြုနေသည်ကိုတွေ့ရပြီး ထိုအချိန် သူကျောင်းနေသောကုလားအုပ်များကို ဖရစ်တာများကထိန်းကျောင်းပေးနေသည်ကိုတွေ့ရပါသည်။ နမာဇ်းပြီးသော်အခါ
သခင်ကြီးနှစ်ပါးသည် အိုဝေဇ်သခင်အားအမည်မေးပါသည်။



အိုမဲရ်သခင်.......... အသင်၏အမည်ကိုပြောပါ


အိုဝေဇ်သခင်..........အဗ်ဒွလ္လဟ်ဖြစ်သည်


အိုမဲရ်သခင်.......... အမည်ရင်းကိုပြောပြပါ


အိုဝေဇ်သခင်.........အိုဝေဇ် ဖြစ်ပါတယ်


အိုမဲရ်သခင်..........အသင်၏လက်ဖဝါးကို ဖြန့်ပြပါ


လက်ဖဝါးဖြန့်ပြသောအခါ အဖြူရောင်အကွက်ကိုတွေ့လိုက်၍ အိုဝေဇ်သခင်၏လက်ကို အိုမဲင်္ရ်သခင်နမ်းလိုက်ပါသည်။
ထို့နောက်အိုမဲရ်သခင်သည်တမန်တော်သခင်ပေးထားသည့် အမာနသ်အင်္ကျီတစ်ထည်ကို ပေးလိုက်ပြီး အမှာစကား
ဖြစ်သည့် အွမ္မသ်ထုအတွက် မဂ်ဖွေရတ်တောင်းခံပေးရန် မှာကြားလိုက်ပါသည်။ ထိုအခါ အိုဝေဇ်သခင်က ပြန်လည်
ပြောဆိုသည်မှာ ....


အိုဝေဇ်သခင်.......... အိုဝေဇ် နာမည်နှင့် လူတွေအများကြီးရှိပါတယ် ခင်ဗျားလူမှားနေပြီးထင်တယ်။ဒီအင်္ကျီတွေဟာ
ကျွန်တော်နဲ့မထိုက်တန်ပါဘူး။


အိုမဲရ်သခင်.......... ခင်ဗျားလက်က အဖြူရောင်အမှတ်ရှိကြောင်းတွေ့တာ ကျွန်နုပ်တို့ရဲ့တမန်တော်ကိုယ်တိုင် ပြောခဲ့တာ မှားစရာမရှိပါဘူး ခင်ဗျားတမန်တော်ရဲ့အမာနသ်စကားကို လိုက်လျှော်သင့်ပါတယ်။

အိုဝေဇ်သခင်..........စင်စစ် ခင်ဗျားရဲ့ဒိုအာဟာ အလွန်ပဲ လက်ခံကဗူလ်ဖြစ်တယ်လို့ ကျွန်တော်ကြားပါတယ်။
ဒီတော့်ခင်ဗျားပဲအွမ္မသ်အတွက်ဒိုအာတောင်းပါဗျာ။


အိုမဲရ်သခင်.......... ကျွန်တော်ကတော့်ဒိုအာတောင်းပါတယ် ...ဒါပေမယ့်ခင်ဗျာတမန်တော်ရဲ့အမီန့်ကိုတာဝန်ကျေပွန်သင့်ပါတယ်။


ထိုအခါ အိုဝေဇ်သခင်သည် တမန်တော်၏ဝတ်ရုံတော်ကို ယူဆောင်ကာ ထောင့်တစ်နေရာဝယ်ထားလိုက်ကာ အလ္လဟ်အသျှင်မြတ်အားဤသို့တိုင်တယ်တော်မူ၏။


အိုအလ္လဟ် ကျွန်တော်မျိုးသည် တမန်တော်မြတ် အွမ္မသ်၏ လွတ်ငြီမ်းချမ်းသာခွင့်အတွက် ဒိုအာတောင်းပါတယ်။ တမန်တော်သခင်ကကျွန်နုပ်အား သူ၏အွမ္မသ်အတွက် ဒိုအာတောင်းပေးရန် လွှဲအပ်ထားပါတယ်အသျှင်၊ အသျှင်မြတ်သူတို့အားခွင့်မလွတ်မခြင်း ကျွန်တော်မျိုးသည်တမန်တော်သခင်၏ဝတ်ရုံတော်ကို လုံးဝတို့မည်ပင်မဟုတ်ပါကြောင်းဆုံးဖြတ်လိုက်ပါကြောင်း တိုင်တည်လိုက်ပါသည်။

ထိုအခါအကွယ်မှအသံတစ်ခုကြားလိုက်ရပါသည် ။အသင်တောင်းခံသည့်အတွက် ငါအသျှင်မြတ်သည် အချို့သော်အွမ္မသ်တို့အား ခွင့်လွတ်လိုက်ပါသည်ဟူ၍ ဖြစ်ပါသည်။

ထိုအချိန်တွင်ဟဇရတ်အိုမဲရ်သခင်နှင့် ဟဇရတ်အလီသခင်နှစ်ပါးသည် အိုဝေဇ်သခင် အနားသို့ရောက်လာကြသည်။
ထိုအခါ အိုဝေဇ်သခင်က အသင်တို့နှစ်ပါးသည်အဘယ်ကြောင့်ကျွန်နုပ်အနားတို့ အဘယ်ကြောင့်ရောက်လာသနည်း ..
စင်စစ်ကျွန်နုပ်သည် အွမ္မသ်ထုတစ်ခုလုံးအတွက် ခွင့်လွတ်မှုရရှိအောင် တောင်းခံရန်ရည်ရွယ်ထားပါသည်။
အခုတော့်အကွယ်မှအသျှင့်ရဲ့ လိုလားမှုသည်နောက်ဆုတ်သွားချေပြီး ။ထို့နောက်အိုဝေဇ်သခင်သည် တမန်တော်၏ဝတ်ရုံတော်ကိုကောက်ဝတ်လိုက်ပါသည်။

ဟဇရတ်အိုမဲရ်သခင်သည် အိုဝေဇ်သခင်၏ အတွင်းဖြစ်စဉ်ကိုကောင်းစွာ သိရှိလိုက်ပါသည်။အိုဝေဇ်သခင်၏ဝလီသူတော်စဉ်
ဖြစ်စဉ်အောက်တွင် လော်ကီလော်ကုတ္တရာရှိ စည်းစီမ်ချမ်းသာ အပေါင်းတည်ရှိသည်ကို ကောင်းစွာသိမြင်လိုက်ပါသည်။
ထိုအခါ အိုမဲရ်သခင်သည်ဤသို့တမ်းတ၏။ အိုငါ၏တိုင်းနိုင်ငံတော်ကိုမုန့်တစ်ဖဲ့ဖြင့် ယယ်ယူမည့်သူရှိလေစွ....

ထိုအသံကို အိုဝေဇ်သခင်ကြားမိသော် အိုမဲရ်အသင့်အနေဖြင့် ဝယ်မည့်သူကိုရှာဖွေနေမည့်အစားအသင်၏တိုင်းနိုင်ငံတော်ကိုပြစ်လိုက်သည်က သာ၍ကောင်းပါမည်ဟုပြော၏။တစ်ဆက်ထဲ အိုဝေဇ်သခင်မိန့်သည်မှာ အိုအိုမဲရ် ယခုကျွန်နုပ်၏ဒိုအာတောင်းခံမှုကြောင့်
အလ္လဟ်အသျှင်မြတ်သည ဗနူမိုဇီးရ်နှင့်ဗနူရဗီအာဟ် တို့မွေးမြူထားသော် ဆိတ်သိုးတို့၏ခန္ဓာ ၌ရှိသော အမွေးအရည်အတွက်နှင့် ညီသော အွမ္မသ်အေ၇အတွက်ကို အလ္လဟ်အသျှင်မြတ်ခွင့်လွတ်လိုက်ကြောင်း ကျွန်နုပ်သိလိုက်ပြီး
ဟုပြောပါသည်။


သမ္မတကြီးအိုမဲရ်သခင်က မိန့်သည်မှာ အို...အိုဝေဇ် အသင်သည်တမန်တော်မြတ်အား အလွန်ကြည်ညိုသည်ဟုဆိုတော်လည်း တမန်တော်အား အသက်ထင်ရှားရှိစဉ် တကြီမ်မျှပင် လာရောက်တွေ့ဆုံခြင်းမရှိဟုပြောပါသည်။

ထိုအခါ အို...အိုမဲရ် အသင်တို့သည် တမန်တော်သခင်အနားနေထိုင်ကာ အလွန်ပင်မြင့်မြတ်သော်အဆင့်အတန်းရခဲ့ကြပါတယ်..ကျွနုပ်မေးလိုသည်မှာ တမန်တော်သခင်၏နဖူးတော်ကျဉ်းလားကျယ်လား ဆိုတာအသင်တို့ပြောပြနိုင်ပါသလား ။ထိုအခါသခင်နှစ်ပါးစလုံးသည်
အဖြေမပေးနိုင်ပဲရှိခဲ့ပါတယ်။

စင်စစ်အိုဝေဇ်သခင်သည် တမန်တော်(ဆွ)အားအလွန်ကြည်ညိုသူတစ်ဦးဖြစ်ပါသည်။ တမန်တော်သခင့်ထံကိုအမြဲ ဒရူးသ်
မေတ္တာပို့သသူဖြစ်ပါသည်။ တမန်တော်သခင်အားနေ့စဉ်နှင့်အမျှဇေယာရတ်ပြုလုပ်ရသည့်အခွင့်အရေးကိုလည်းရ၏။
အိုဟူးဒ် ခုခံစစ်ပွဲတွင် တမန်တော်(ဆွ) ၏သွားတော်ရှဟီးဒ်ဖြစ်ကြောင်းကြားသိသော်အခါ သခင်သည်တမန်တော်ခံစားရမည့် ဝေဒနာကိုကိုယ်ချင်းစာမိ၏ ။ထို့ကြောင့်သခင်သည်ငါလည်းတမန်တော်လို ခံစားမည်ဟု
ဆုံးဖြတ်ကာ မိမိသွားတစ်ချောင်းကိုဖဲ့ထုတ်ခဲ့ပါသည်။ ထို့နောက်စဉ်းစားသည်မှာ မိမိယခုထုတ်လိုက်သည့်သွားသည် တမန်တော်အမှန်တကယ်ရှဟီးဒ်ဖြစ်သည့်သွားနှင့် မတူပါက ခက်မည်ဟုစဉ်းစားပြန်ပြီး နောက်ထပ်သွားတစ်ချောင်းဖဲ့ထုတ်လိုက်ပါသည် ။ အဲ့လိုနှင့်ဟိုသွားမှန်မလားဒီသွားများမှန်မလားဆိုပြီးသွားများနှုတ်လိုက်ရာအားလုံးသွားများကုန်သွားပြီးသွားတစ်ချေင်းမှမရှိ
တော့်ပေ...တစ်ဆက်တည်းပင်အိုဝေဇ်သခင်သည် မိမိနုတ်လိုက်သောသွားများကိုထုတ်ထားသည့်အဝတ်ထုတ်ကို သခင်နှစ်ပါးအားဖြည်ပြသည်။ သခင်သည်တမန်တော်၏ စစ်မှန်ဆုံးသော အချစ်တော်ဖြစ်ကြောင်း သံသယစကားမကျန်တော့်ပေ....


အိုမဲရ်သခင်.......... အိုအိုဝေဇ် အသင်သည်ငါ့အတွက်ဒိုအာတောင်းခံပေးပါ။


အိုဝေဇ်သခင်.......... အိုအိုမဲရ်ကျွန်နုပ်သည်နေ့စဉ်မွစ္စလင် မုအ်မင်တိုင်းအတွက် ဒိုအာတောင်းပါသည် မည်သူမဆိုအီမန်နှင့်ရှိနေကာ အီမန်နှင့်နောက်ဆုံးအချိန်ပိုင်းကို ကုန်ဆုံးမိလျှင် ထိုသူသည်ငါ၏ဒိုအာကိုမလွှဲမသွေ
ရရှိမည်။


အိုမဲရ်သခင်.......... အို အိုဝေဇ်ငါ့အတွက်ဆုံးမစကားတရပ်ချွေပါ။


အိုဝေဇ်သခင်.......... အိုအိုမဲရ် အသင်သည် အလ္လဟ်အသျှင်မြတ်ကိုကောင်းကောင်းသိပါသလား


အိုမဲရ်သခင်.......... ကျွန်နုပ်ကောင်းကောင်းသိပါသည်



အိုဝေဇ်သခင်.......... အလ္လဟ်ကိုကောင်းကောင်းသိခြင်းထက် ကောင်းသောဆုံးမစကားမရှိတော့်ပါဘူး။။။။။။အို...အိုမဲရ်
အလ္လဟ်အသျှင်ကရော်အသင့်ကိုကောင်းစွာသိရဲ့လား။

အိုမဲရ်သခင်.......... ဟုတ်ကဲ့ကောင်းစွာသိပါလီမ့်မယ်




အိုဝေဇ်သခင်.......... ဒါပဲကျွန်နုပ်ဆိုလိုတာ လူဆိုသည်မှာ မိမိဘယ်သူ မိမိလုပ်ရပ်ဘာဆိုတာ အလ္လဟ်တစ်ဦးတည်း
သိဖို့လိုအပ်တယ်။အခြားဘယ်သူမှသိဖို့မလိုအပ်ဘူး ။ တနည်းအားဖြင့်မိမိတို့၏လုပ်ရပ်တိုင်းသည် အလ္လဟ်အသျှင်မြတ်သိလျှင်တော်ပါပြီး။ အခြားလူတွေသိဖို့မလိုအပ်ပါဘူး။ မိမိနမဇ်ဖတ်လား အလှူအတန်းလုပ်လား
မိမိကျေးဇူးပြုလိုက်တာ အခြားလူတွေသိသွားရင် အလ္လဟ်နှစ်သက်တဲ့ နမာဇ်ဖတ်ခြင်း အလှုအတန်းပေးခြင်း ကျေးဇူးပြု
ခြင်းဖြစ်မလာနိုင်ဘူး တနည်းအားဖြင့်မိမိရဲ့ အမဲလ်ကောင်းမှုဟာ လက်ခံခြင်းခံရဖို့မလွယ်ကူကြောင်း ပြောပြချင်ပါတယ်။


ဟဇရတ်အိုမဲရ်နှင့်အလီသခင်၏တွေ့ဆုံမှုကြောင့် လူတို့သည် ဟဇရတ်အိုဝေဇ်ကိုသိလာကြပါသည်။ လူဝင်လူထွက်များပြား
လာခြင်းသည် သူတော်စဉ်တို့အတွက် အခက်အခဲတစ်ရပ်ပင်ဖြစ်ပါသည်။ သိုကသော်သူတော်စဉ်ကြီး ဟဇရတ်အိုဝေဇ်
သခင်သည် ယီမင်နိုင်ငံဘက်မှ ကူဖွါအရပ်တို့ ထွက်ခွါသွားသည်ကို ဟဇရတ် ဟရမ်ဘင်ဟဘန်း မှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်မှ မသိရှိတော့်ပေ.......



ဒီနေရာမှာအလျှင်းသင့်လို့ စကားချပ်အဖြစ်ပြောပြချင်သည်မှာ ......အစ္စလမ်သာသနာမှာ
တွရီကာကနေ .....မအ်ရီဖတ်....ဆိုတဲ့အဆင့်ကိုတက်ဖို့ ....အတွင်းလမ်းစဉ်

အစပိုင်း တမန်တော်ခေတ် နောက်ပိုင်းမှာ (၈) ခုရှိခဲ့တယ်လို့ ရေဝါယတ်ဆင့်ပြန်မှုတွေထဲမှာရှိခဲ့ပါတယ်။
အဲ့ဒီ (၈)ခုထဲမှာ သူတော်စဉ်ကြီးအိုဝေဇ်ကီရ်နီသခင့်ရဲ့ ကျင့်စဉ်ကျင့်ရပ်များဟာလည်း လိုင်းတစ်လိုင်းအနေနဲ့
ရှိခဲ့ပါတယ်....နောက်ပိုင်း ပညာအမွှေ ဆက်ခံပေးခဲ့ခြင်းမရှိလို့ ကွယ်ပျောက်ခဲ့တယ်လို့ အဆိုများလာရှိထားပါတယ်။


နောက်ပျောက်ကွယ်သွယးတဲ့လမ်းစဉ် (လိုင်း) တစ်ခုက ဟဇရတ်အိုမဲရ်လက်ထက်မှာ တနေ့တာရဲ့လိုအပ်ချက်ပဲ ရှာရမယ်
ဟဇရတ်အိုမဲရ်သခင်ရဲ့ နိုင်ငံတည်ဆောက်မှုကိုကန့်ကွက်ခဲ့တဲ့ (ဆွဟာဗဟ်နာမည်မေ့နေတယ်) အဲ့ဒီဆွဟာဗဟ်ရဲ့ကျင့်စဉ်
ကလည်းတွရီကာလိုင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး လူတွေအကောင်အထည်ဖေါ်ဖို့ခက်တဲ့အတွက်ပျောက်ကွယ်ခဲ့ပါတယ်။

အခုလက်ရှိတော့် လိုင်း (၄)ခုပဲ ကျန်ပါတော့်တယ်...အဲ့ဒီလိုင်းတွေကတော့်

(၁) ကျစ်တီယာ
(၂) ကာဒရီရာ
(၃) နရ်သဗန်ဒီယာနဲ့
(၄) စဟဲရ်ဝရ်ဒီယာတို့ဖြစ်ပါတယ်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ