ဝေလီဝေလင်းအချိန်ခါတိုင်း..
မြူတွေဆိုင်းလို့  နှင်းတွေဝေ
သတိရခြင်းပန်းပွင့်တွေက အဲဒီမနက်မှာပဲ
အကြောင်းမကြားဘဲ ကြွေကျတယ်။
အောက်မေ့ခြင်းအိပ်ယာပေါ်မှာ
အလွမ်းအိပ်မက်တွေလူးလွင့်
အိပ်မပျော်နိုင်သူအတွက်
ဆောင်းညကာလဟာ ရှည်လျားလွန်းလို့ 
ဝေဒနာတွေရင့်မှည့်  ..အတိတ်ဆိုတာကိုလည်း လှည့် မကြည့် ချင်တော့ဘူး။
သောကဒဏ်ရာတွေနဲ့ နှလုံးသားဆီက
ဝေဒနာတွေကို ဖြေသာစေတတ်လို့ ပဲ
ငွေနှင်းမှုန်တွေ နဲ့  ဝေသီလှပမယ့်
အဲဒီ..ရင်ထဲကဆောင်းရာသီ ကို
ကိုယ်..မျှော်နေမိတယ်..။
Saturday, October 30, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။