Welcome to my blog :)

rss

Saturday, October 30, 2010

ဒဿနလက်ဆောင်

ဆုံးဖြတ်ချက်ချရန် ၀န်လေးနေသူမှာ
တစ်ခါတစ်ရံ၌ ဘ၀အတွက် အရေးပါသော
အခွင့်အရေးများကို လက်လွက်ပေးလိုက်
ရသည်မျိုးရှိလေသည်။


သင့်မှာ ငွေအမြာက်အမြားရှိသဖြင့်
လိုချင်တာ ရနိုင်သော်လည်း ငွေဖြင့်
ဝယ်ယူ၍မရသောအရာအချို့ရှိပါသည်။
အချစ်စစ် အချစ်မှန်နှင့် ဂုဏ်သိက္ခာပင်
ဖြစ်ပေသည်။


သစ္စာမရှိသော ယောင်္ကျားတစ်ယောက်
သည် ချစ်သူဖြစ်ခွင့်ရှိသော်လည်း
ခင်ပွန်းကောင်းတစ်ယောက်တော့ မဖြစ်နိုင်ပေ။
ထို့အတူ သစ္စိာကိုတန်ဖိုးမထားတတ်သော
မိန်းမတယောက်ကို ချစ်သူဖြစ်ခွင့်ရသော်လည်း
ဇနီးကောင်းတယောက်တော့
ဖြစ်လာမည်မဟုတ်ပေ။


သူစိမ်းသက်သက်သူဖြစ်သော
ယောင်္ကျားနှင့်မိန်းမတစ်ယောက်တို့ကို
သေတပန် သက်တဆုံး အတူတကွ
ရှိနေစေသောအရာမှာ နှစ်သက်ခြင်းနှင့်
သစ္စာတရားသာ ရှိသည်။


မျက်လုံးနှင့် နှလုံးသားမှာသာရှိသည့်
မမြင်နိုင်သော စကားလုံးများကို
အချစ်က ဖတ်ရူနိုင်ပေသည်။


နှလုံးသားနှင့် အလွန်နီးကပ်သည့်
နေရာမှာ ခါးသီးသော သည်းခြေအိပ်က
လျွှို့ဝှက်စွာ တွယ်ကပ်နေသည်။
ထို့ကြောင့် ချစ်ခြင်းနှင့်မုန်းခြင်းမှာ
အတူတကွ ယှဉ်တွဲနေခြင်းပင်ဖြစ်၏ ။


အမွေကိုသာ မက်မောပြီး
မိဘမေတ္တာကို အလိုမရှိကြသည့်
သားသမီးများ၏ မျက်ရည်သည်
ပျော်ရွင်မှုကို ဖုံးကွယ်ထားသော
ဟန်ဆောင်မှူများသာဖြစ်သည်။


အချစ်သည်
ဘ၀တခု ထူထောင်ရာအတွက်
အရုဏ်ဦး အလင်းရောင်ဖြစ်သလို
နေ၀င်ချိန်ဆီသို့ ဦးတည်သွားနေခြင်း
ဆိုပါကလည်း မှားမည်မဟုတ်ပေ။


အရိုးမာသော လက်ဖျံရိုးနှင့် ထိုးလျှင်
သွေးထွက်ရုံသာ ရှိပေမည်။
အရိုးမရှိသော လျှာဖြင့်ငြင်သာစွာ
နှိပ်စက်လျှင်တော့ စေ့စေ့ညက်ညက်
ကြေစေနိုင်သည်။


မီးတောက်သည် ကြောက်စရာ
ကောင်းသော်လည်း လေမရှိဘဲနှင့်တော့
မီးမတောက်နိုင်ပေ။
လေသည်မမြင်ရသော်လည်း
မြင်နေရသော မီးတောက်ထက်
ပို၍ကြောက်စရာကောင်းလှသည်။


လူတစ်ယောက် ကိုယ်ကျင့်သိက္ခ္ခ္ခ]ာ
မကောင်းရုံနှင့် ကမ္ဘာလောက တစ်ခုလုံး
မပျက်စီးနိုင်သော်လည်း
၎င်းကိုမှီခိုအားထားနေသူများ၏
ဘ၀နှင့် မျှော်လင့်ချက်များကိုတော့
ပျက်စီးကြေမွသွားစေနိုင်ပါသည်။


ခြေလှမ်းမှန်မှန်ဖြင့် လျှောက်နေလျှင်
အန္တရာယ် မရှိနိုင်သော်လည်း
ခုန်ကျော်မှ ရမည့် ချောက်ကမ်းပါး
ရှိနေလျှင်တော့ ဖြေလှမ်းမှန်မှန်လျှောက်နေရျှံနှင့်
ကျော်လွှားနိုင်မည် မဟုတ်ပေ။




တြိစက္စ၀တ္ထုမှကူးယူဖော်ပြသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ