Welcome to my blog :)

rss

Friday, October 29, 2010

> ရီစရာလေးများရဲ့စုစည်းတဲ့နေရာလေးပါ4



Send Message
Delete
လေးစားရတဲ့အကြောင်း စစ်အေးခေတ်ဆိုဗီယက်ယူနီဖြစ်သည်။ မြို့နယ်ပါတီ အတွင်းရေးမှုးနှင့် ရပ်ကွက်ပါတီစိတ်ခေါင်းဆောင်တို့ နှစ်ယောက်သား မဟာအောက်တိုဘာအောင်ပွဲနေ့မှာ တစ်ယောက်တစ်လှည့် ဂုဏ်ပြုရင်း ရေချိန်လွန်ကုန်ကြသည်..။ ရပ်ကွက်ပါတီစိတ်ခေါင်းဆောင်က ဒယီးဒရိုင်ထရပ်ရင်း ဇက်ကြိုးနေသည့် မြို့နယ်ပါတီ အထွေထွေ အတွင်းရေးမှုးကို အလေးပြုသည်။ အတွင်းရေးမှုးက ခေါင်းမထူပဲ မျက်စိလှန်ကြည့်ရင်းပြောသည်။ "ဒါတွေမလိုပါဘူးရဲဘော် အချင်းချင်းတွေပဲ" လေးစားလွန်းလို့ပါ ။မနှစ်ကပါတီရံပုံငွေရူဘယ် 2000 ကိုစာရင်ဖျောက်ပြစ်လိုက်ပုံက ပိရိလွန်းတာမလေးစားပဲ မနေနိုင် လွန်းလို့ပါ။ စကားအဆုံးဝုန်းကနဲခွေကျသွားသည်။ ဆယ်မိနစ်လောက် ရှိတော့် စော်စော်က အတိုင်း ထရင်း အလေးပြန်ပြုသည်။ အင်္တင်းရေးမှူးကရှာလေးအာလေးဖြင့်ပြန်ပြောသည်။ အချင်းချင်းတွေပဲဒါတွေမလိုပါဘူးရဲဘော်... လေးစားလွန်းလို့ပါ....စုပေါင်းလယ်ယာသမအဖွဲ့က ဟိုတစ်ခုလပ်ကောင်မလေးကို သီမ်းပိုက်ပုံကလည်း သိပ်ညက်တယ်ဗျာ... လူတွေကပြောကြတယ်...ဆရာကငဝိုက်ကြီးတဲ့....ဖိုးတွမ်တီးတဲ့......မိန်းမနဲကပတ်သက်ရင်တွေ့မရှောင်တဲ့..... အဲ့ဒီတော့်ဘာဖြစ်လဲရဲဘော်...... ဘာဖြစ်ရမှာလည်း ဒီလောက်တော်တဲ့...ကောင်းတဲ့စံပြကွန်မြူနစ် ရဲဘော်ကြီးကို အလေးပြုရတာပေါ့် ...ဝုတ်ဖူးလား
Send Message
Delete
မဟာလမ်းညွှန်ချက် စတာလင်ခေတ်ဆိုဗီယက်ယူနီယံင်္တင်ဖြစ်သည်။ စုပေါင်းလည်ယာအဖွဲ့ဝင် ဂျူးအဖိုးအို ရာဘင်နိုဗစ် အာလူးနှစ်အိတ်ခိုးမှုဖြင့် ပြည်သူ့ခုံရုံးအတင်ခံရသည်။ ပဏာမစစ်ဆေးမှုများအပြီး မော်စကိုပေါ်လစ်ဗျူရိုဝင် ယက်ဖဂေညီ အာဘင်ဒေါဖ် ကိုတိုင်စီရင်ချက်ချဖို့ရောက်လာသည်။ အမှုအကြောင်းနာရီဝက်လောက်ဖတ်ပြီး တရားခံ ရာဘင်နိုဗစ်ကိုမေးသည်။ "မောင်မင်းမှာအပြစ်ရှိလား" "မရှိပါ....." "မောင်းမင်းကို ပြည်သူပိုင်ပစ္စည်းတရားမဝင် ခိုးယူသိုလှောင်မှုနဲ့ အမှုဖွင့်ထားတယ်ဆိုတာရော်သိလား" "သိပါတယ်" "ဒီအတွက် ဘာဝန်ခံချက်ပေးမှာလည်း" "ပြည်သူပိုင်ပစ္စည်း ကို တရားမဝင်ခိုးယူ သိုလှောင်တယ်ဆိုတာလုံးဝမဟုတ်ပါ။မဟာခေါင်းဆောင်ကြီး စတာလင် ရဲ့တော်လှန်ရေးအနှစ်သာရကျမ်းထဲက ပစ္စည်းမဲ့တို့ရဲ့ ရပိုင်ခွင့်သဘော်တရားအတိုင်းလုပ်တာပါ။" ပေါ်လစ်ဗျူရိုဝင်တရားသူကြီး ခဏစဉ်းစားသည်။ အပြည့်အစုံဖေါ်ညွန်းလျှောက်လှဲစေ...................... "ပစ္စည့်မဲ့တို့ရပိုင်ခွင့် သဘော်တရား ပြဌါန်းချက်အမှတ် 104 မှာမိမိထံမှမတရားသီမ်းပိုက်ခံရသော် ဥစ္စာဓနကိုပြန်လည်လုယူခွင့် ဟူသော်ပစ္စည်းမဲ့တိုရဲ့ ရပိုင်ခွင့်အာဏာကိုကျွန်နုပ်လုံးဝထောက်ခံသည်လို့ မဟာခေါင်းဆောင်ကြီးက အတိအလင်းဆိုထားပါတယ်။ ကျွန်တော်အလုခ့ထားရတဲ့ စုပေါင်းလယ်ယာဥက္ကဌရဲ့ ဂိုထောင်ထဲကအာလူး 2 အိပ်ကိုကျွန်တော်ပြနယူတာပါ......."
Send Message
Delete
မလီမ်ချင်ပဲလီမ်ရတာပါ သစ်ခုတ်သမားတစ်ယောက် မြစ်ကမ်းနံဘေးတွင်ထိုင်လျှက် သစ်ခုတ်နေရင် ပုစိန်မြစ်ထဲပြုတ်ကျသွားသဖြင့် မြစ်စောင့်နတ်ကို ပစိန်ပြန်ရအောင် စောင့်ရှောက်ပါရန်တိုင်တည်လေသည်။ သနားညှာသာတတ်သောမြစ်စောင့်နတ်ပေါ်လာပြီး မြစ်အတွင်းမှ ရွှေ ပုစိန်တစ်လက်ကိုဆယ်ယူပြီး ဒါမင်းပုစိန်လားဟု သစ်ခုတ်သမားကို မေးရာ သစ်ခုတ်သမားကမဟုတ်ကြောင်း ငြင်းဆို၏ ။ထို့နောက် ငွေပုစိန်ကိုယူပြီးပြသော်လည်း မဟုတ်ကြောင်းပြောလေသည်။ ထို့နောက်ကြေးပုစိန်ကိုပြမှ မိမိပုစိန်ဖြစ်ကြောင်း ပြောလေသည်။သစ်ခုတ်သမား၏ရိုးသားမှုကိုသဘော်ကျသောကြောင့် မြစ်စောင့်နတ်က ဆုအဖြစ် ပုဆိန် ၃ ခုစလုံးကို ပေးလိုက်လေသည်။ ရက်အတန်ကြာသော သစ်ခုတ်သမားနှင့်မိန်းမဖြစ်သူသည် မြစ်နံဘေးတွင် လမ်းလျှောက်လာစဉ် မိန်းမဖြစ်သူ မြစ်အတွင်းပြုတ်ကျသွားရာ သစ်ခုတ်သမားက ကယ်ပါရန်မြစ်စောင့်နတ်ကို တိုင်တည်ပြန်သည်။ မြစ်စောင့်နတ်လည်းပေါ်လာပြန်ပြီး သစ်ခုတ်သမားအား ( အိန်ဂျယ်လီနာဂျိုလီ) ကိုပြ၍ ဒါမင်းမိန်းမလားဟုမေးရာ သစ်ခုတ်သမားကဟုတ်ပါသည်ဟုပြန်ဖြေသဖြင့် မြစ်စောင့်နတ်က အရင်တစ်ခါတုန်းက မင်း ရိုးရိုးသားသား ဖြေရဲ့သားနဲ့ အခုဘာလို့လီမ်ရတာလည်းဟုမေး၏ ။ သစ်ခုတ်သမားက ကျွန်တော်အမှန်အတိုင်းဖြေလို့ ရှိရင်အရင်တစ်ခါကလို မိန်းမ ၃ယောက်ယူနေရမှာဟုပြန်ဖြေလိုက်လေသတည်း...............
Send Message
Delete
၁) ခေတ်သစ် ဂျင်မီနီ ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။ "ဟေ့ မင်းဘယ်သူလဲ" "ဂျင်မီနီပါ သခင်" "လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား" "ဟုတ်ပါတယ် သခင်" "ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း" "ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်"
Send Message
Delete
၂) တတ်ရဲ့သားနဲ့ မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။ "ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။" "ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ" "ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ" ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊ နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။ ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။ "ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး"
Send Message
Delete
၃) သက်သေ အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။ "ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ" ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။ "ဝေလငါးနဲ့ တူတူ အိပ်လို့ပါ" "ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း" က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။ "ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်" ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။ "ဒါတွေ အားလုံး သူမြင်လိုက်လို့"
Send Message
Delete
၎) အဖြေမှန် ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။ ဆရာကတပည့်များကို ပြောသည်။ "တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ" "မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ" ကျောင်းသားအားလုံး ငြိမ်နေကြသည်။ နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။ "ဆရာ့အသက် ၂၄ နှစ်" "မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ" "ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ"
Send Message
Delete
၅) အိပ်မပျော်သောည တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။ "ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ" "မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်" "အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ" "အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး"
Send Message
Delete
၆) နိုင်ငံတကာ ပြိုင်ပွဲ ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။ တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။ ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။ ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။ ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစားနိုင်တော့။ ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့… မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။ ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။ "ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ" တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။ "ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင် စားပြလိုက်သေးတယ် ခင်ဗျ"
Send Message
Delete
ပထမဆုံး FLIGHT နဲ့ ပါသွားပြီ တစ်ခါ က စိတ်မနံှံ့တဲလူတွေထားတဲ့ ဆေးရုံမှာ စိတ်မနှံ့တဲ့သူတွေ လွတ်ကုန်ကြတယ် စိတ်မနှံတဲ့သူတွေက သူတို့ရဲ့မွှေ့ယာတွေကို ၀ရံတာကနေ လေယာဉ်တွေဆိုပြီးပစ်ချကြတယ် အဲ့ဒီအချိန်မှာဘဲ nurseတွေနဲ့ ဆရာဝန်တစ်ချို့ က ဆေးရုံအုပ်ဆရာဝန်ကြီး ပျောက်နေတယ် ဆေးရုံအုပ်ဆရာဝန်ကြီးကို ရှာကြပါဦးဆို ပြီးအားလုံးလည်းယောက်ယက်ခတ်ကုန်ကြတယ် အဲ့ဒီအချိန်မှာ စိတ်မနှံတဲ့လူတွေထဲက တစ်ယောက်က လာပြီးပြောတယ် ဆေးရုံအုပ်ဆရာဝန်ကြီးကို ပထမဆုံးထွက်တဲ့ flight နဲ့တင်လွှတ်လိုက်ပြီတဲ
Send Message
Delete
တစ်ညလုံးဆို ဘယ်လောက်လဲ မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့် ဆရာဝန်က “ ပြောပါခင်ဗျာ...ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ ” ဟု မေးသည်။ ထိုအခါ လူနာ မိန်းမက “ အင်း....ကျွန်မ..ကျွန်မ ” ဟု ဘယ်က စပြောရမှန်း မသိ ယောင်ချာချာဖြစ်နေသည်။ နောက်တော့“ ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ် ထင်တယ် ဆရာ ” ဟု မဝင့်တဝင့် ပြောသည်။ ထိုအခါ ဆရာဝန်က...“ ဟုတ်ပါပြီ....ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့ အကြံပေးချက်တွေနဲ့ ကျွန်တော့ ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80 ကျပါမယ် ” ဟု ပြောသည်။ ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ...........“ ရပါတယ် ဆရာ၊ ငွေက အရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက် ယူပါသလဲရှင် ”...။ ........ ........ တစ်ညလုံးကြီးများတောင်... လက်ထပ်ပြီးစီးခြင်း ....ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ...... (ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး... ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏ ဒသမမြောက်သား......မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့် .....မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ...... ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏ ဒါဇင်ကျော်မြောက် သမီးလတ်.........မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ် (တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ) တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊ ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။ ( နှစ်ဖက်သော မိဘများနှင့် မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ြ ကွယ်) ........ ...... အချစ်ညဝတ်အကျီင်္ အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့ ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ > > " ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကို စောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ စောင့်နေရသလား" > "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ ၀တ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" > "ဒါပေမယ့် ကျွန်မ ယောက်ျားက ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > > ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့ အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး "ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့ ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။ ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။ ...... .... ( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ ) လင်ကွန်းမိန်းမ နာမည်က အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း မေးနေသည်။ ဆရာမက ကျောင်းသားတစ်ဦးအား ......."ဟဲ့...အမေရိကန်ပြည်တွင် စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက......."လင်ကွန်းပါဆ ရာမ"........အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"...... "မယားကွန်းပါဆရာမ" ....... ..... လွယ်လွယ်လေး နှော....။ သူ့ထက်သူ လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့် သူ၏သားဖြစ်သူအားခေါ်၍..... မိန်းမ။ ။ သားလေး...သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း သားဖြစ်သူ။ ။ ဟာ...မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ်ဘယ်လောက်လဲ မေးလိုက်ပေါ့။ မိန်းမ။ ။ ဟဲ့...နင်တော်တော်တုံးပါလား.... .......ဖုန်းနံပါတ်မသိပါဘူးဆိုမှ ဘယ်လိုဖုန်းဆက်မလဲ...ကဲ..ကဲ ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော် ............... ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန် ရည်ရွယ်ချက်ဖြင့်....... “ တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ ပေါက်ပြီး ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို ပြန်ကျလာတယ်။ အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို ကျပြီးတော့၊ မင်းကတော့ အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို ကျသွားတယ်တဲ့ကွာ..... ” အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့....... “ အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ အတိုင်းမက်တယ်ကွ။ ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ ” “ ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ ” “ ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ ” ....... ....... ဖြစ်ချင်တာက......... .... ဆရာမက ကလေးတွေအား “ ကြီးလာရင် ဘာဖြစ်သလဲ...ပုံဆွဲပြပါ ” ဟု ခိုင်းလေသည်။ ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။ တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက် စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ......။ သူ့ စာရွက် လွတ်နေသည်။ ထို့ကြောင့် ဆရာမက.......“ သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် ” “ ဘာမှ မဖြစ်ပါဘူး ဆရာမ ” “ ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် ” “ သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ ” ............... ................... အရင်းခံ အတိုင်းပါရှင် တရားသူကြီး ။ ။ “ မင်း ယောင်္ကျားကို ထီးနဲ့ ရိုက်လိုက်တာ ထီးကျိုးသွားတယ်လို့ ဆိုတယ်..။ ကဲ..အဲဒါ မင်းဘာပြောချင်သလဲ ....။ တရားခံ အမျိုးသမီး ။ ။ “ မတော်တဆ ဖြစ်သွားတာပါ တရားသူကြီးရှင့် ” တရားသူကြီး ။ ။ “ ဒါ ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ ” တရားခံ အမျိုးသမီး ။ ။ “ ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး ” ...... ....... ယူမိသည့် တာဝန်.. “ အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ် မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ ” ဟု အသိတစ်ယောက်က မေးသည်..။ ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်.....“ သူ့ကို ကျွန်တော် ယူလိုက်ပြီလေဗျာ ” ဟု ဖြေလေသည်။ သြော်...ယူမိသည့် တာဝန်များနော်............ ... ................ ................. သွက်လက် ချက်ချာသူလေး အိမ်ရှင် ။ ။ “ ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ “ အက်စတာ ” လို့ ခေါ်မယ် မှတ်ထား ” အိမ်ဖော် ။ ။ “ ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင် ကျွန်မကရော မေမေကြီးကို ဘယ်လိုခေါ်ရမှာလဲ ” အိမ်ရှင် အမျိုးသမီးကြီး ။ ။ “ ဟယ်...ခွေးမ ” အိမ်ဖော် ။ ။ “ ကောင်းပါပြီ............မေမေကြီး ” .......... သိပ်တော်.. ကြောက်တယ်နော်....း) တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ ဆေးရုံရောက်တော့ ပထမ ကောင်လေး က “ ငါ ဒီကို သွေးစစ်ဖို့ လာတာ ” တဲ့။ အဲဒါ ဒုတိယကောင်လေးက “ မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်” လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့ ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး ပြန်ဖြေပုံက “ငါ က ဆီးစစ်ဖို့လာတာကွ“ တဲ့။ .............. ............ အဟိ လှေခါးလာမလှုပ်နဲ့ ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။ ဆရာမက“တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တ

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ