Welcome to my blog :)

rss

Sunday, July 31, 2011

ခွဲထွက်နေထိုင်ရေးသာ၊ ပကတိအရှိတရား


အမှန်ကို အမှန်အတိုင်းမြင်ပြီးပြောရဲတာ သတ္တိရှိတဲ့လူပဲ။ လူမိုက်မဖြစ်နိုင်ဘူး။
အိမ်ထောင်တခုမှာပဲဖြစ်ဖြစ် ယောက်ျားလုပ်သူက domestic violence
(အိမ်တွင်းလူပါးဝမှု) သိပ်များလာရင်တော့ ဘယ်မိသားစုဝင်မှ
အတူနေချင်မှာမဟုတ်တော့ဘူး။ ရှင်းရှင်းလေးမြင်အောင်ပြောတာ။ ဆက်အတူနေလို့လဲ
စိတ်ချမ်းသာမှုရမှာမဟုတ်ဘူး။ အလားအလာမကောင်းတဲ့အပြင် တိုးတက်မှုဆုတ်ယုတ်မှာပဲ။
လူဆိုတာ အသိဥာဏ်ရှိတယ်။ ဒါဟာခိုင်းတာလုပ်၊ ပြောတာနားထောင်ဖို့မဟုတ်ဘူး။
ဆင်ခြင်ဖို့သာဖြစ်တယ်။ အများစုဖြစ်နေတဲ့ မဟာဗမာတွေရဲ့ စည်းရုံးရေး အတူနေရေးကို
အော်ပြပြီး၊ လူပါးဝမှုတွေကို အမြဲဆက်ခံနေဖို့ မဟုတ်ဘူး။ တိုင်းရင်းသားတွေဟာ
သမိုင်းအစဥ့်အလာနဲ့ နေလာခဲ့တာ။ သူတို့နိုင်ငံ၊ ကိုယ်ပိုင် စာပေ
ယဉ်ကျေးမှုနဲ့နေလာတဲ့ လူမျိုးတွေ။ ဒီတိုင်းရင်းသားပြည်နယ်တွေထဲမှာ
ရှိတဲ့လူမျိုးစုတွေကိစ္စကို ဗမာတွေ ဘာမှပူနေစရာမလိုဘူး။ သူတို့အရေးကိစ္စကို
သူတို့နဲ့သာဆိုင်တယ်။ ဟို ရှေးခေတ်အဆက်ဆက်မှာလည်း ဒီလိုပဲနေလာခဲ့တာပါပဲ။ အဓိကက
နိုင်ငံတရပ် ထူတောင်နိုင်တဲ့အခြေအနေ လက္ခဏာ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့
တိုင်ရင်းသားနယ်မြေတွေဟာ ဗမာတွေ လူပါးဝ ကလိန်ကျနေမှုတွေကို ဆက်မခံဖို့ပဲ။
လောကပါလတရားကို လူတိုင်းတောင့်တတယ်။ ကိုယ့် အိမ်တွင်းရေးကို တခြားအိမ်တအိမ်က
လာပြီး လူးပါးဝ လွှမ်းမိုးတာ ဘယ်လူမှမလိုချင်တာ အရှိတရားပဲ။ ဗမာအိမ်က
လာပြီးလူပါးဝနေတာကို မောင်းချကြဖို့ မဖြစ်မနေလိုအပ်နေပြီ။ ဒါဟာ ဗမာကို
မုန်းတာမဟုတ်ဘူး။ သိပ်သနားစရာ ချစ်မြတ်နိုးစရာကောင်းတဲ့ ဗမာတွေ သိပ်များပါတယ်။
ဒါပေမဲ့ လူပါးဝလွမ်းနေတာက ဗမာတွေဖြစ်နေလို့ပါပဲ။
အာဏာရှင်စနစ်ဆိုးကို လက်ရှိလူတိုင်းခံစားနေရတာကို လက်ခံတယ်။ ဒီစနစ်ဆိုးကို
အသက်သွင်းပေးတာ ဘယ်သူလဲ။ ကိုလိုနီစနစ်ဆိုးအောက်ကို ရောက်ရတာကော
ဘယ်သူတွေကြောင့်လဲ။ လွတ်လပ်ရေးရပြီး စစ်အာဏာရှင်စနစ်အောက် ရောက်သွားရတာ
ဘယ်သူတွေကြောင့်လဲ။ ဦးနေ၀င်းအာဏာမသိမ်းခင် ကာကွယ်လို့ရတဲ့ အချိန်ရှိတာပဲ။
ဦးနုနဲ့ ဗမာခေါင်းဆောင်တွေ ဘာရိုးသားတာရှိခဲ့လို့လဲ။
တိုင်းရင်းသားတွေ သူ့နယ်မြေ လွတ်လပ်ရေးရဖို့တော်လှန်နေတာ နှစ်ပေါင်း ၂
ရာကျော်နေပြီ။ တနေ့ကမှ မဟုတ်ဘူး။ လွတ်လပ်ရေးရတော့လည်း လွတ်လပ်ရေးနဲ့အတူ
ပြည်တွင်းစစ်ဖြစ်ရတာ ဘာကြောင့်လဲ ဘယ်လူတွေရဲ့ မရိုးသားမှုတွေကြောင့်လဲ။ အဖြေတွေက
ရှင်းနေပြီးသားပဲ။
ပကတိအမှန်တရားကို ရိုးရိုးဖြောင့်ဖြောင့်ပြောဖို့
လိုတယ်။ အာဏာရှင်စနစ်ကြောင့် လက်ရှိ ဗမာအပါအ၀င် လူတိုင်းခံစားနေရတာက
ခလေးတောင်နားလည်တယ်။ သွေးချောင်းက စီးလာတာကြာပီ ခုမှမဟုတ်ဘူး။
ဘ၀တွေပျက်တာလည်းရေတွက်လို့ပင်မရတော့ဘူးပဲ။ ကိုယ့်အိမ်ကိုယ်ခြံဘောင်ခတ်ပြီးနေရင်
ရေရှည်မှာ ငြိမ်းအေးမှု တိုးတက်မှု စိတ်ချမ်းသာမှုရမှာ သေချာတယ်။ ဗမာနဲ့
တအိုးတည်းစားနေလို့ မ၀ရေစာပဲစားနေရတာ ၀မ်းမ၀ ခါးမလှတာကြာနေပြီပဲ။ ရှိတာလေးတောင်
၈ ပုံ ပုံပြီး ဗမာက ၇-ပုံလူပါးဝထားတာပဲ။ ဗမာတွေဟာ လူပါးဆက်ဝနေရတော့ ဗမာတွေဖက်က
ဆက်ပြီးအတူနေချင်တာဟာ ဆက်လူပါးဝချင်လို့ပါပဲ။ လူတိုင်းနားလည်အောင်
ရိုးရိုးရှင်းရှင်းပြောတာပါပဲ။
လက်ရှိအနေအထားတွေထက်ပဲ ဆိုးအုံ့မှာရှိသေးလား။ ခုလည်းရစရာမရှိအောင်
ဒုက္ခရောက်နေကြတာပဲ။ အတူမနေပဲ ခွဲနေရင် လူမျိုးစုတွေအတွက်လည်း
တိုးတက်သာယာမှုဖြစ်ထွန်းလာနိုင်သလို ဗမာတွေအတွက်လည်းတိုးတက်သာယာလာမှာပဲ။
ဘာဖြစ်လို့ဆိုရင် ပြည်တွင်းစစ်တို့ တိုင်းရင်းသား ပြသနာတို့ မရှိတော့ဘူး
မလို့ပဲ။
ဒီမိုကရေစီရလို့ အတူနေတယ်ဆိုပါစို့ ဗမာအတိုက်အခံခေါင်းဆောင်ဆိုသူတွေကိုကော
ဘယ်လောက်ယုံကြည်ရလို့လဲ။ သူတို့တွေရဲ့ လုပ်ရပ်တွေ လုပ်နေတာတွေက သက်သေပဲ။
လွတ်လပ်ရေးရပြီးတော့လည်း ပါလီမန်ဒီမိုကရေစီဆိုပြီး ရှိခဲ့တာပဲ။ ဘယ်လူတွေက
မရိုးသားခဲ့လို့ ခုလိုကြမာဆိုးကို ပြည်သူတွေ ခံစားနေရတာလဲ။ ကောင်းခဲ့တဲ့
ခေါတ်ကလည်း ဘယ်သူတွေက မရိုးသားခဲ့လို့ ပျက်စီးသွားရတာလဲ။ ရှင်းနေတာပဲ။ ပကတိ
အနေအထားသာ အရှိတရားပဲ။ ဆက်နေနေရင် လူမျိုးစုအရေး ပြည်တွင်စစ်ပြသနာနဲ့
တိုးတက်သင့်သလောက်မတိုးတက်ပဲ ဘယ်တော့မှ နာလန်ထူနိုင်တော့မှာ မဟုတ်ဘူး။
တကယ် လေးစားလောက်တဲ့ ဗမာခေါင်းဆောင်ဆိုလို့ ဗိုလ်ချုပ်အောင်းဆန်းတယောက်ပဲ
ရှိတာ။ ခု ဒေါ်စုကတော့ ပြည်သူတွေရဲ့ ယုံကြည်မှုရနေပါရဲ့။ ဒါပေမဲ့ သတိနဲ့
စောင့်ကြည့်နေရတာဆိုတော့ အကြွင်းမဲ့ဆိုတာ မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်သင်္ခန်းစာကို
မြင်ဖို့ပြောတာ။ ဒီတော့ ကိုယ့်ကြံမာအတွက်ကိုယ်သာ ဖန်တီးရမှာပါပဲ။ ဒါကြောင့်
ကိုယ့်အနာကတ်ကို ဗမာတွေလက်ကို ပုံအပ်နေစရာမလိုတော့ဘူး။ လူမျိုးစုပြည်နယ်တွေဟာ
ခွဲထွက်နေထိုင်ရေးအတွက် ကြိုးပမ်းဖို့ လိုအပ်တာ ပကတိအမှန်တရားပါပဲ။
ကျေးဇူးတင်လျှက်
လင်းမြတ်သော်တာ


အရှိကိုအရှိအတိုင်း လက်ခံနိုင်ဖို့ အရေးကြီးပါတယ်
ကိုလင်းမြတ်သော်တာရေ.............
စာနည်းနည်းပြန်ရေးမယ်ဗျာ....
ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ကျနော်သာ
တိုင်းရင်းသားလူမျိုးတယောက်ဖြစ်နေတယ်ဆိုရင်
ကိုလင်းမြတ်သော်တာလို စိတ်ထားမိမှာပါပဲ။
ဒုတိယအနေနဲ့ ပြောချင်တာက ကျနော်တို့ဟာ ဘယ်စကားကို ဘယ်အချိန် ဘယ်နေရာမှာ
ပြောသင့်တယ်ဆိုတာပါပဲ။
" ကာလံ၊ ဒေသံ၊ အက္ခံ၊ ဒဏံ" ဆိုတဲ့ ကာလ၊ ဒေသ၊ ပရောဂကို လိုက်ပြီး
သင့်တင့်လျောက်ပတ်တဲ့စကား ပြောရမယ်လို့
မြတ်စွာဘုရားက ဟောကြားခဲ့ဖူးပါတယ်။ ဆိုတော့....... လက်ရှိမြန်မာပြည်ဟာ
(တိုင်းရင်းသားအစုအဝေး အားလုံးပါသော မြန်မာပြည်ကို ဆိုလိုပါသည်)
ကိုလင်းမြတ်သော်တာဆိုခဲ့တဲ့အတိုင်း မဟာဗမာဝါဒကို လက်ကိုင်ထားတဲ့
အာဏာရှင်အစိုးရအုပ်စိုးနေတဲ့အချိန်ပဲ ဆိုကြပါစို့။
လက်ရှိအစိုးရဟာ အတိုက်အခံ ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသားတွေအကုန်လုံးကို
ကျောသားရင်သား မခွဲခြားဘဲ နှိပ်ကွပ်နေတယ်ဆိုတာလည်း (အာဏာရှင်စနစ်ကြောင့် လက်ရှိ
ဗမာအပါအ၀င် လူတိုင်းခံစားနေရတာက ခလေးတောင်နားလည်တယ်။) ဆိုတဲ့
ကိုလင်းမြတ်သော်တာရဲ့စာအရ သိရပါတယ်။ ဒီလို အချိန်ကာလမှာ ကျနော်တို့
ကိုလင်းမြတ်သော်တာတို့ ပထဆုံးလုပ်သင့်တာ ဘာလဲ။ လက်ရှိအစိုးရ မရှိတော့တဲ့
အချိန်မှသာ ကျနော်တို့ ခင်ဗျားတို့ ရင်ထဲမှာရှိတာတွေကို ဒုတိယအဆင့်အနေနဲ့
ဆက်ပြီး အကောင်အထည် ဖော်နိုင်မှာပါ။ ပထမဆုံးလုပ်ရမယ့်အလုပ်က
လက်ရှိအစိုးရပြုတ်ကျဖို့ရေးဆိုက ခလေးတောင် နားလည်မှာပါ။
လက်ရှိအစိုးရ ပြုတ်ကျဖို့ကို ခွဲထွက်နေထိုင်ရေးသာ ပကတိအ၇ှိတရားဆိုတဲ့
ကိုလင်းမြတ်သော်တာရဲ့ မူနဲ့ ဖြစ်နိုင်ပါ့မလားဆိုတာ စဉ်းစားဖို့ပါ။
ရခိုင်တမျိုးချင်း၊ မွန်တမျိုးချင်း၊ ဗမာတမျိုးချင်း၊ ကရင်တမျိုးချင်းက
စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တွန်းလှန်ဖို့အတွက် လူမျိုးတမျိုးချင်းစီမှာ
အင်အားအပြည့်အ၀ ရှိနေကြပြီလား။ အမှန်ကိုပြောဖို့ထက် အရှိကိုအရှိအတိုင်း
လက်ခံနိုင်ဖို့ ပိုပြီး အရေးကြီးပါတယ်။ စစ်ကျွန်အဖြစ်ကတောင်
လွတ်အောင်မလုပ်နိုင်ကြသေးဘဲ ခွဲထွက်နေထိုင်ရေးဆိုတာကို အကောင်အထည်ဖော်လို့
ရနိုင်ပါ့မလားဆိုတာ ကိုလင်းမြတ်သော်တာ စဉ်းစားစေချင်ပါတယ်။
ခွဲထွက်နေထိုင်ရေးဆိုတာ လက်ရှိမဟာဗမာဝါဒကို လက်ကိုင်ထားနေတဲ့ စစ်အာဏာရှင်တွေရဲ့
အဓိက သွေးခွဲရေး မဟာဗျူဟာတခုဆိုတာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော
ဦးနှောက်ပါသော လူတိုင်း ကလေးတိုင်းကအစ နားလည်နိုင်ပါတယ်။ စစ်အာဏာရှင်စနစ်ကို
တော်လှန်နေကြတဲ့ မြန်မာပြည်တွင်းက တိုင်းရင်းသားလူမျိုးပေါင်းစုံ
စည်းလုံးညီညွတ်ဖို့ လိုအပ်နေတဲ့ အရေြး်ကီးနေတဲ့ ခုလိုအချိန်မှာ
ကိုလင်းမြတ်သော်တာရဲ့ ခွဲထွက်နေထိုင်ရေးမူဟာ စစ်အာဏာရှင်စနစ်ကို
သက်ဇိုးရှည်စေဖို့အတွက် ရေလောင်းပေါင်းသင်ပေးသလို ဖြစ်နေပြီး
ကိုလင်းမြတ်သော်တာဟာလည်း စစ်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့
ရခိုင်လူမျိုးသူလျှိုလား၊ ရခိုင်လူမျိုးတွေအတွက်
စစ်မှန်သောတကယ့်ရခိုင်တယောက်လားဆိုတာ ဒွိဟပွားစရာ ဖြစ်နေပါတယ်ဆိုတာ
စဉ်းစားစေ့ချင်ပါတယ်။
တတိယအနေနဲ့ပြောချင်တာကတော့ ကိုလင်းမြတ်သော်တာတို့ ကိုင်မိကိုင်ရာကိုင်ထားတဲ့
ရာဇ၀င်ကိစ္စပါပဲ။ ရခိုင်တိုင်းဟာ ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့ နေခဲ့ကြတယ်ဆိုတာ
ရှေးပဝေသဏီ ရာဇ၀င်တွေအရ မှန်ပါတယ်။ အဲဒီရာဇ၀င်တွေထဲမှာပဲ ကျနော်တို့
ကြည့်ရအောင်။ လက်တဆုပ်စာ တိုင်းငယ်ပြည်ငယ်တခုဖြစ်တဲ့ ရခိုင်တိုင်းဟာ
ဟိုအင်အားကြီးနိုင်ငံက ကျွန်ပြုလိုက်၊ ဒီအင်အားကြီးနိုင်ငံက ကျွန်ပြုလိုက်နဲ့
ငါ့တိုင်းငါ့ပြည်ရယ်လို့ ဘယ်လောက်ကြာကြာ အေးအေးချမ်းချမ်းနေနိုင်ခဲ့ကြပါသလဲ။
စကောထဲဇီးဖြူသီးလှိမ့်သလို ဟိုအနားသပ်နားကပ်လိုက်၊ ဒီအနားသပ်နားကပ်လိုက်နဲ့
နီးရာဓားကြောက်နေခဲ့ရတဲ့ အချိန်တွေနဲ့ ရာဇ၀င်ပဲရှိခဲ့ပါတယ်။ အဲလို
နီးရာဓားကြောက်ရတဲ့အဖြစ်က ဘယ်အချိန်ကနေစပြီး ငြိမ်သက်ခဲ့ပါသလဲ။
ရာဇ၀င်နဲ့ချီပြီး ကိုလင်းမြတ်သော်တာ စဉ်းစားဖို့ပါ။
စတုတ္ထအနေနဲ့ပြောချင်တာကတော့ ပြည်ပကရခိုင်လူမျိုးတင်မက တိုင်းရင်းသားအားလုံးနဲ့
ပတ်သတ်ပါတယ်။ ကျနော်ကမလေးရှားမှာဆိုတော့ ဒိပြင်နိုင်ငံတွေကိုတော့
ထည့်မပြောလိုဘူး။ ကျနော်မြင်နေရတဲ့ မလေးရှားက တိုင်းရင်းသားလူမျိုးအများစုဟာ
ငါ့ထီး၊ ငါ့နန်း၊ ငါ့ကြငှန်းနဲ့ ရာဇ၀င်ထဲက ငါတိုရဲ့တိုင်းပြည်၊ ဆိုတာ
မေ့နေကြတယ်ထင်ရဲ့။ ငါတို့ရဲ့ရခိုင်တိုင်း၊ ငါတို့ရဲ့မွန်တိုင်း၊
ငါတို့ရဲ့ကရင်တိုင်းဆိုတာတွေအတွက် အုပ်ချုပ်သူ၊ အုပ်ချုပ်ခံဗမာအားလုံးကို
အာဃာတတွေနဲ့ အငြိုးအတေးတွေပွားပြီး ရန်တစောင်စောင်ပဲ ဖြစ်နေကြတယ်။ ငါတို့ရဲ့
အဲဒီတိုင်းပြည်နဲ့၊ ငါတို့ရဲ့လူမျိုးတွေ ကိုယ့်တိုင်းကိုယ့်ပြည်နဲ့၊
ကိုယ့်မင်းကိုယ့်ချင်းနဲ့နေနိုင်ဖို့အတွက် စစ်အာဏာရှင်လက်အောက်က
လွတ်အောင်လုပ်ရဆိုပြီး တစုံတခုမျှ လုပ်ကြပါသလား။ တရံတဆစ်မျှ တွေးတောမိကြပါသလား။
ဒုက္ခသည်ဆိုတဲ့ဂုဏ်ကို ဂုဏ်ယူဝမ်းမြောက်စွာခံယူပြီး တတိယနိုင်ငံထွက်ဖို့အရေး
အားသွန်ခွန်စိုက် လုံးပမ်းနေကြတယ်။ အဲဒီလိုစိတ်ဓာတ်မျိုးတွေနဲ့
ကိုလင်းမြတ်သော်တာရဲ့ ခွဲထွက်ရေးမူနဲ့ဆိုရင် ကိုလင်းမြတ်သော်တာ
စိတ်ကူးယဉ်ထားတဲ့ ရခိုင်တိုင်းဟာ ကမ္ဘာ့မြေပုံပေါ်မှာ အစအနတောင်ရှာရမှာ
မဟုတ်ပါဘူးဆိုတာ စဉ်းစားဖို့ပါ။
ကျနော်နောက်ဆုံးအကြံပေးချင်တာကတော့ ကိုလင်းမြတ်သော်တာတို့ရဲ့
လူမျိုးခေါင်းဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
(သြော်......... စာနည်းနည်းကျန်ခဲ့လို့။ ကိုလင်းမြတ်သော်တာတို့ ပြောပြောနေတဲ့
မဟာဗမာဆိုပြီး ၀ါဒဖြန့်ထားတဲ့ ဗမာဘာသာနဲ့ထုတ်ဝေတဲ့ စာအုပ်များတွေ့မိရင်
တဆိတ်လောက် ပြောပြပေးကြပါ။ ကျနော်အနေနဲ့ ဗဟုသုတနည်းလို့ လေ့လာချင်လို့ပါ။)
လေးစားစွာဖြင့်.......... မောင်ပါလ


မိတ်ဆွေ ခင်ဗျား.. ပထမအနေနဲ့ပြောချင်တာက ကျနော် ဘယ်လူမျိုးကိုမှ
ကိုယ်စားပြုပြောနေတာမဟုတ်ဘူး။ ကျနော်ပြောဆို တင်ပြတာတွေဟာ မိမိဟာ
မိမိကိုယ်စားပြုတယ်။ ကျနော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ ပကတိ မြန်မာပြည်ရဲ့
အခြေအနေကို လက်လှမ်းမှီတာ ထင်မြင်ယူဆတာကို တင်ပြပြောဆိုတာဖြစ်တယ်။
ကျနော်ရဲ့ကိုယ်ပိုင် လွတ်လပ်တဲ့အမြင်ပဲ။ ကျနော်ဟာ ဟစ်တလာနာဇီ
ရှပ်ညိုတပ်ဖွဲ့ဝင်တယောက်လို လူတယောက်မဟုတ်သောကြောင့် ကျနော့်ရဲ့
လွတ်လပ်တဲ့အမြင်ကိုဖေါ်ပြဖို့ ၀န်မလေးဘူး။ ဒီတော့ ကျနော့်စာအပေါ်မှာ ကျနော့်ကိုပဲ
တိုက်ရိုက်ပြန်ပါ။
ရခိုင်ရယ်၊ ရှမ်းရယ်၊ မွန်ရယ်၊ ကရင်ရယ်လို့ တမျိုးတည်းကပဲ
ခွဲထွက်ချင်ကြတာမဟုတ်ပါဘူး မိတ်ဆွေ။ တိုင်းရင်းသားအားလုံးက
ကိုယ်ပိုင်လွတ်မြောက်ဖို့တိုက်ပွဲဝင်နေတာ မနေ့တနေ့ကမှမဟုတ်ဘူး။ နှစ်ပေါင်း
၂-ရာကျော်နေပြီ။ လုံး-ပဲချနေကြတာပဲ။ ကျနော့်စာကိုပဲပြန်ဖတ်လိုက်ပါ မိတ်ဆွေ။
တခေါက်နဲ့ မရရင် အခေါက်ခေါက်ပေါ့ဗျာ။ ကြိမ်ဖန်များလာတော့ ကျနော်ဘာဆိုလိုတာ
နားလည်ကောင်းပါရဲ့။ လုံးချဖို့မကြိုးစားချင်ပါနဲ့။ ကျနော်နားလည်တာတော့
ကျနော့်စာအပေါ်မှာ ခင်ဗျားတုန့်ပြန်တာဟာ အဟပ်အစပ်မတည့်ဘူးဖြစ်နေတယ်။
စကားရည်လုပြောနေသလိုဖြစ်နေသလားလို့။ အရှိကိုအရှိအတိုင်းလက်ခံတာတော့ ဟုတ်ပါပြီ။
သမိုင်းရဲ့ အမှန်တရားကိုတော့လည်း ဖျောက်ဖျက်လို့မရကောင်းပါဘူး။
ခေါတ်သမိုင်းသင်္ခန်းစာတွေကိုပဲ ရိုးရိုးဖြောင့်ဖြောင့်ထပ်မံလေ့လာရင်
မဟာဗမာဆိုတာ ကျုပ်တို့တကယ်ပါလားဆိုတာ အဆွေ နားလည်လာကောင်းပါရဲ့။


ကိုလင်းမြတ်သော်တာရေ...........
အရင်ဆုံးထပ်ပြောချင်တာကတော့ ကိုလင်းမြတ်သော်တာကို ရခိုင်လူမျိုးပါလို့
ပြောထားတာကလွဲပြီး ကျန်တဲ့ကျနော့်စာ အကုန်လုံးဟာ မြန်မာပြည်ထဲမှာ အတူတကွ
နေထိုင်နေကြတဲ့ တိုင်းရင်းသားအားလုံးထဲမှ အာဏာခွဲဝေကန့်သတ်ကာ
တန်းတူလက်တွဲနေထိုင်ရေးမူ (Federal) မဟုတ်တဲ့ ခွဲထွက်နေထိုင်ရေးမူကို လိုလားသော
တိုင်းရင်းသားများကို ဆိုလိုပါတယ်။
ကိုလင်းမြတ်သော်တာ အကြံပေးသလိုပဲ စာကို ကျနော်သေချာပြန်ဖတ်ပါတယ်။
ဘယ်လောက်ပဲဖတ်ဖတ် စာတပုဒ်လုံးကနေပြီး နောက်ဆုံးရလာတဲ့အဖြေက
ခေါင်းဆောင်တချို့ရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးအဖြစ် ဗမာအပါအ၀င်
တိုင်းရင်းသားအားလုံး နယ်ချဲ့ကျွန်ဖြစ်၊ စစ်ကျွန်ဖြစ်နေကြရပြီး
ခုချိန်ထိရုန်းမထွက်နိုင်ကြသေးတဲ့အတွက် အားမလိုအားမရဖြစ်တာနဲ့
လူမျိုးချစ်တဲ့စိတ်နဲ့ပေါင်းပြီး ခွဲထွက်နေထိုင်ရင်
ဒိထက်ပိုပြီးကောင်းနိုင်တယ်လို့ ယူဆထားကြောင်း အပြုသဘောနဲ့ဖတ်ရင်း သိရပါတယ်။
ဒိထက်ပိုပြီး မှန်မှန်ကန်ကန် ပြောရရင်တော့ ခေါတ်သမိုင်းသင်္ခန်းစာတွေကိုပဲ
ရိုးရိုးဖြောင့်ဖြောင့်ထပ်မံလေ့လာရင် မဟာဗမာဆိုတာ ကျုပ်တို့တကယ်ပါလားဆိုတာ အဆွေ
နားလည်လာကောင်းပါရဲ့။ ဆိုတဲ့စာမျိုးတွေလည်း တော်တော်များများပါပါတယ်။ အေးဗျာ...
ကျနော်လည်း ကိုလင်းမြတ်သော်တာပြောတဲ့ မဟာဗမာဆိုတာကြီးကို စိတ်ထဲထည့်ရင်း
အလုပ်ထဲမှာ ပန်းကန်တွေဆေးပစ်လိုက်တာ အချိန်တော်တော်စောပြီး
အလုပ်တွေပြီးသွားတယ်။ သူဌေးကတောင် ချီးကျူးနေသေးဗျာ။ ကိုလင်းမြတ်သော်တာပြောတဲ့
မဟာဗမာတွေလည်း နယ်ချဲ့ကျွန်၊ စစ်ကျွန်ဖြစ်ရုံမက တိုင်းတပါးမှာတောင်လာပြီး
ကျွန်ခံနေရတာ လက်ရှိ၊ ပကတိအရှိတရားပါ။ ကိုလင်းမြတ်သော်တာရော
ဘယ်နိုင်ငံမှာလဲခင်ဗျ။
ထားပါ။ ပေါ့ပေါ့ပါးပါးလေးဆွေးနွေးရအောင် ရီစရာပြောတာပါ။
ကျနော့်ရဲ့တုန့်ပြန်စာဟာ အစပ်အဟပ်မတည့်ပါဘူး ဆိုတာလေး
နည်းနည်းပြန်ဆွေးနွေးကြည့်မယ်။ ကိုလင်းမြတ်သော်တာရဲ့ အမြင်က ဗမာတွေအသုံးမကျလို့
ငါတို့တွေပါ ရောယောင်ပြီးကျွန်ဖြစ်နေတယ်ဆိုတာရယ်၊ ဗမာတွေက
မဟာဗမာဝါဒလက်ကိုင်ထားပြီး ကျန်တဲ့သူတွေကို နှိမ်ချဆက်ဆံတယ်ဆိုတာရယ်။
အဲဒီအမြင်နှစ်ခုကြောင့် ခွဲထွက်နေထိုင်ရေးသာ ပကတိအမှန်တရား လို့ဆိုတယ်။
ကိုလင်းမြတ်သော်တာရဲ့ ကိုယ်ပိုင်လွတ်လပ်တဲ့အမြင်နဲ့ မျိုးချစ်စိတ်ကို
ကျနော်နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်ကိုယ်တိုင်လည်း
ကိုယ့်လူမျိုးကိုထိရင် ဆတ်ဆတ်ထိမခံအောင် နာတတ်လို့ပါပဲ။ အဲဒီနာတတ်တဲ့
ကျနော်ရဲ့မျိုးချစ်စိတ်က ဗမာဗမာချင်း၊ ရခိုင်ရခိုင်ချင်း၊ ရခိုင်နဲ့ဗမာ၊
ဗမာနဲ့ရခိုင်၊ ရခိုင်နဲ့မွန် စသဖြင့်ရန်ဖြစ်ကြရင် ပက်ပက်စက်စက် ရှုံချတတ်တယ်။
မလေး၊ တရုတ်၊ အိန္ဒိယနဲ့ ရိုက်ကြပြီဟေ့ဆိုရင် ရှေ့ဆုံးကပါတတ်တယ်။
ကျနော့်ရဲ့မျိုးချစ်စိတ်က အဲလိုပါ။
စာလည်းရှည်နေပါပြီ။ ကိုလင်းမြတ်သော်တာရဲ့ လွတ်လပ်တဲ့အမြင်ဟာ မျိုးချစ်စိတ်အရ
မှန်ကန်ပေမယ့် ပြောဖို့အချိန်မဟုတ်သေးဘူးလို့ ကျနော်ရေးထားပါတယ်။
ငါ့လူမျိုးငါချစ်တယ်ဆိုပြီး တော်လှန်ရေးကာလမှာ စိတ်ဝမ်းကွဲစေမယ့်အရေးအသားတွေကို
မရှောင်နိုင်ရင် ကိုယ့်လူမျိုးကို ချစ်ရာမရောက်နိုင်ဘူး။ အာဏာရှင်ကာလကိုသာ
ဆွဲဆန့်ပေးသလိုဖြစ်နေမယ်ဆိုတာ ရေးထားပါတယ်။* တော်လှန်ရေးကာလမှာ
စိတ်ဝမ်းကွဲနေလို့ မဖြစ်ဘူး။*
နောက်တခု ခွဲထွက်နေနိုင်ဖို့အတွက် အာဏာရှင်ကို အရင်တိုက်ရမယ်။
အာဏာရှင်ကိုစုစုစည်းစည်းနဲ့ အရင်မတိုက်ထုတ်ဘဲ ခွဲထွက်ဖို့ကို အရင်ပြောတယ်ဆိုရင်
တိုင်း၇င်းသားတမျိုးချင်းစီမှာ လက်ရှိအစိုးရကိုတိုက်ဖို့
အင်အားအလုံအလောက်ရှိပြီလားဆိုတာ စဉ်းစားဖို့ ရေးထားပါတယ်။
နောက်တခု ကိုလင်းမြတ်သော်တာရဲ့ လွပ်လပ်တဲ့အမြင်ဟာ ပဒေသရာဇ်ကို
ပြန်သွားချင်နေတဲ့အမြင်ဖြစ်နေတယ်။ ပဒေသရာဇ်ခေတ်မှာ ကြီးနိုင်ငယ်ညှင်းဝါဒနဲ့
အင်းအားကြီးသူချင်းစစ်ဖြစ်ကြ၊ အင်အားငယ်နိုင်ငံတွေကို ကျွန်ပြုကြဆိုတာ
သမိုင်းတွေထဲမှာဖတ်ရပါတယ်။ သမိုင်းဖတ်စာတွေထဲက နိုင်လိုမင်းထက်ပြုမှုတွေကို
သင်ခန်းစာယူပြီး လက်ရှိကာလမှာ အဲလိုစစ်ပွဲတွေ မရှိဖို့အတွက်
ဘယ်လိုစုစည်းနေထိုင်ကြမယ်ဆိုတာ ဆင်ခြင်နိုင်ဖို့ရေးထားပါတယ်။
နောက်တခုက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ။ ပါးစပ်ကသာ ငါလူမျိုးကိုချစ်တယ်။
ငါ့လူမျိုးတွေအတွက် တွင်တွင်အော်နေပေမယ့် လက်တွေ့မှာ
တကိုယ်ရေကောင်းစားဖို့အတွက်ပဲ လုပ်နေကြတယ်။ စာတွေထဲမှာသာ ငါ့တိုင်းငါ့ပြည်လို့
အော်နေကြပေမယ့် လက်တွေ့မှာ တိုင်းမဲ့ပြည်မဲ့ ဒုက္ခသည်ဘ၀ကို ၀မ်းမြောက်စွာ
ခံယူကြရင်း တကိုယ်ရေကောင်းစားဖို့ ငါ့တိုင်းငါ့ပြည်နဲ့ဝေးရာကို ထွက်သွားကြရင်း
စုပ်စမြှုပ်စပျောက်ကုန်ကြတယ်။ ဒီလိုစိတ်ဓာတ်မျိုးတွေနဲ့ ခွဲထွက်နေထိုင်ပြီး
ဘယ်လိုတိုင်းပြည်မှ ထူထောင်လို့မရဘူးဆိုတာ ချင့်ချိန်နိုင်ဖို့ ရေးထားပါတယ်။
နောက်ဆုံးက လူမျိုးခေါင်းဆောင်တွေနဲ့တိုင်ပင်ဆွေးနွေးပါလို့ ရေးထားတယ်။
တိုင်းရင်းသားခေါင်းဆောင်အားလုံးမှာလည်း ကိုလင်းမြတ်သော်တာထက် မလျော့တဲ့
လူမျိုးချစ်စိတ်များ ရှိကြမှာပါ။ ဒါပေမယ့် ကိုလင်းမြတ်သော်တာရဲ့
လွတ်လပ်တဲ့အမြင် ခွဲထွက်နေထိုင်ရေးမူကို ဘာကြောင့် မကျင့်သုံးကြတာလည်းဆိုတာ
ကိုလင်းမြတ်သော်တာ ပြန်မေးကြည့်ဖို့ ရေးထားတာပါ။
ကျနော့်ရဲ့ ပထမစာဟာ ကိုလင်းမြတ်သော်တာရဲ့ လွပ်လပ်တဲ့အမြင်ကို
ပြန်ဆွေးနွေးထားခြင်းသာဖြစ်ပါတယ်။ သွေဖည်သွားခြင်းမရှိဘူးလို့ ယုံကြည်ပါတယ်။
အစပ်အဟပ်မတည့်တာ ထပ်တွေ့ခဲ့မယ်ဆိုရင်လည်း ပြန်ပြီးဆွေးနွေးပေးပါ.။
လေးစားစွာဖြင့်............
မောင်ပါလ

ကဲဗျာ.. ဗိုလ်ချုပ်ပြောသလိုပဲ.. တိုင်းရင်းသားတွေမခွဲထွက်ချင်အောင်
လုပ်ပေးရမှာက ခင်ဗျားတို့လူများစုဖြစ်တဲ့ဗမာတွေမှာ အဓိကတာဝန်ရှိတယ်။
ခင်ဗျားတို့ဗမာတွေ တာဝန်ကိုမကျေခဲ့ကြလို့ မရိုးသားခဲ့ကြလို့ ခုလို
ပြည်တွင်းစစ်တို့၊ တိုင်းရင်းသားပြသနာတို့ရှင်းမရတာဖြစ်တယ်။
ဒါကိုထပ်ငြင်းနေရင်လည်း ကျုပ်မပြောတော့ဘူး။ ခုလို စိတ်မျိုးခင်ဗျားတို့မှာ
ရှိနေသရွေ့ နောင်လည်း ဒီအတိုင်းပဲထပ်ဖြစ်နေမှာပါပဲ။ တိုင်းရင်းသားတွေ
ခွဲထွက်မှာဆိုတာနဲ့သေအောင်တော့ကြောက်တယ်။ လုပ်ရပ်တွေက ရက်စက်လွမ်းတာ
ခင်ဗျားတို့ပဲ။ ခင်ဗျားတို့ကိုယ်တိုင် အာဏာရှိနေရင်လည်း
တိုင်းရင်းသားလူနည်းစုအပေါ်မှာ ဒီလိုပဲပြုမှုမှာပါပဲ။ ဒါကြောင့် ကျုပ်အနေနဲ့
အခြေအနေမှန်ကို ထောက်ပြနေတာဖြစ်တယ်။ ရေရှည်အမြစ်တွယ်တဲ့ ပြသနာက ဘာလဲဆိုတာကိုပဲ
မြင်အောင်ကြည့်ပါ။
တိုင်းရင်းသား ၉၉.၉ ရာခိုင်နုန်းလောက်သောလူတွေဟာ ခင်ဗျားတို့နဲ့မနေချင်တာ
ကျုပ်ယုံတယ်။ ဒါဟာအမှန်တရားပါပဲ။ အိပ်ချင်ယောင်ဆောင်နေတဲ့လူ နိုးရခက်ဆိုတာ
ဒါပါပဲလား။ ရောထွေးပြီး ဟိုပြော ဒီပြော ပြောနေမဲ့အစား၊ ခင်ဗျားတို့ရဲ့
အတွင်းစိတ်ဓာတ်တွေကို အရင်ပြောင်းလိုက်ပါ။ လူဆိုတာ တပါးလူကို ဟန်ပြ
ဟန်ဆောင်လို့ရပေမဲ့၊ ကိုယ့်အတွင်းစိတ်ကိုတော့ သိကြတာချဉ်းပါပဲ။ (Federal)
ကိုလက်မခံတာကော ဘယ်သူလဲ။ ဗမာတွေပဲ။ ဗမာတွေကပဲ Federal ကို ခွဲထွက်ရေးလို့
အဓိပ္ပါယ်ဖွင့်တာပဲလေ။ ခွဲထွက်ရေးကို ထပ်ပြီး ပေါ်တင်ပြောလာကြမှ Federal ဆိုပြီး
အော်လာပြန်တယ်။ ဒါရိုးသားတာလား။
နောက်တခုက တိုင်းပြည်ထဲမှာ အစစအရာရာ ချွတ်ခြုံကျနေတော့ ဒုက္ခရောက်နေကြတာ
လူတိုင်းပဲ။ လွတ်လပ်ရာသို့ ဦးတည်ကြတာလူ့သဘာဝ။ တနိုင်ငံလုံး
ဒုက္ခ္ခသည်တွေချဉ်းပါပဲ။ ဒါတွေလျှောက်ပြောနေမည့်အစား၊ အဓိက ကျုပ်ပြောချင်တာက
ခင်ဗျားတို့သဘောထားမှန်ပြီး လူနည်းစုတိုင်းရင်းသားတွေအပေါ်မှ စာနာစိတ်နဲ့
ရိုးသားကြရင် တိုင်းရင်းသားတွေကလည်း နေချင်ကြပါလိမ့်မယ်။ ပြီးတော့
ကိုယ့်ကိုယ်ကို ရိုးဖြောင့်အောင်ကြိုးစားပါ၊ အတွင်းစိတ်ကို
နားလည်အောင်အရင်လုပ်ပါ။ အမောင် တောင်၊ မြောက်မသိပဲ သူများယောင်တိုင်းလိုက်
မယောင်ပါနဲ့။
အဲလောက်လည်း ခွဲထွက်မှာမကြောက်ကြပါနဲ့။ နောက်ဆုံးအနေနဲ့ တခုမေးချင်တာက..
တိုင်းရင်းသားတွေခွဲထွက်တော့လည်း ခင်ဗျားတို့ဗမာတွေ ဘာဖြစ်သွားမှာမလို့
အဲလောက်တောင် ကြောက်နေရတာလဲ။ အဲလောက်တောင် ဘာဖြစ်နေရတာလည်း ကျုပ်နားလည်တာ
ဒီမှာပြောနေရင်လည်း သိပ်ရှည်နေမယ်။ တချို့ကိစ္စတွေကလည်း ဒီမှာထပ်မပြောနေတော့တာ
ကျုပ်အရင်စာတွေထဲမှာ ပါပြီးသားမလို့ပါပဲ။ ကျုပ်မှာလည်း သိပ်အချိန်မရလို့။
ဒီကိစ္စကို ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်။
အားလုံးကို လေးစားလျှက်,,,,,,,,,,,,. လင်းမြတ်သော်တာ

အင်း............
ရင်လေးတယ်...........။
ဒိလောက် အသိခေါက်ခက်အ၀င်နက်လှမယ်လို့ မထင်မိတာ။
ဝိုင်းဆွေးနွေးတာ ကျေးဇူးပါဗျာ။
လေးစားစွာဖြင့်...........
မောင်ပါလ
Hello!
Dear friends,
I am really sorry for this impolite mail. I can know who and what kind of
guy you are by reading merely this mail.
You should not be that much rude as a human being. A real educated personnel
and those who loves peace and stability will never say this kind of words.
Do you know gen Aung San wanted you to be a useful person for state
building. I believe you envy and love Gen Aung San. So long as there are
types of people like you in our country, never hope to become a legitimate
nation among international families and will never develop. I hope you guy
will understand one day.
Best Wishes for a peaceful Myanmar
banner trillirein

လင်းမြတ်သော်တာဆိုတဲ့သူ
××××××××××××××××××
လက်ရှိအစိုးရကိုမကြေနပ်ရင်အစိုးရကိုပဲတဲ့တဲ့ရေးပါ..။
အစိုးရမှာလူမျိုးပေါင်းစုံပါဝင်ဖွဲ့ထားတာ..
ဗမာလူမျိုးတစ်စုတည်းမဟုတ်မှန်းသိသိချည်းပဲ..။
မင်းရေးနေတာက ဗမာဗမာ ဆိုတာထပ်နေတာပဲ။
ဒါဟာလူမျိုးရေး ပြဿနာဖြစ်အောင် ခွဲခြားရေးနေမှန်း
အသိသာကြီးပါ..ကနေ့အစိုးရလက်အောက်မှာ ဗမာလူမျိုး
တွေဆိုပြီး ပါစားပေးတာမင်းတွေ့ဘူးသလား..
ယနေ့ထောင်ထဲမှာထည့်ထားတာ.ကျောင်းသားတွေ
ရဟန်းတွေ.နိုင်ငံရေးနဲ့ပတ်သက်ပြီးဖမ်းထားတာ..
ဗမာတွေဆိုပြီး လွှတ်ပေးသလား....။အစိုးရက အစိုးရပဲ
လူမျိုးရေးကလူမျိုးရေးပဲ..
ဗမာ လက်နက်ကိုင်တော်လှန်ရေးသမား ( အစိုးရအခေါ် ဗမာသောင်းကျန်းသု)
မရှိဘူး..။ ဗမာတွေဗမာတွေဆိုပြီးဘယ်လူမျိုးရေးကိုမှဗမာတွေသွေးမခွဲခဲ့ဘူး..
ကိုယ့်တိုင်းပြည် ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးတွေကို
နယ်ချဲု့တွေ၊တိုင်းတစ်ပါးသား
တွေစော်ကားလာရင် ငုံမခံခဲ့ဘူး၊အရေးကြီးရင်တိုင်းရင်းသားတွေနဲ့သွေးစည်းခဲ့တာ.
ဗမာတွေပဲ..ဗမာတွေကအစိုးရမဟုတ်ဘူး..။အုပ်ချုပ်ခံလူတန်းစားတွေချင်းအတူတူ
သွေးခွဲရေးနေတာက ဘာကိုရည်ရွယ်တာလဲ..၊သွေးတော့မခွဲနဲ့ကိုယ့်လူ.....
သွေးခွဲစာတွေရေးနေတာက ဘယ်နိုင်ငံရဲ့သူလျှိုလုပ်ပေးနေလို့လဲ...ဆက်ပြီးသွေးခွဲ
နေမယ်ဆိုရင်
တစ်ခြားနိုင်ငံတစ်ခုရဲ့သစ္စာခံသူလျှိုပဲဖြစ်မယ်..၊မြန်မာနိုင်ငံအစိုးရကို
မကျေနပ်ရင် အစိုးရပြန်ကြားရေးတွေရှိတယ်..အွန်လိုင်းပေါ်မှာလဲရှိနေကြတယ်။
သူတို့သိအောင်ရေးပါ..၊မင်းနဲ့အစိုးရနဲ့ရှင်း.......လူမျိုးရေးသွေးခွဲမရေးနဲ့.­.၊......။


netsatyaung sayataw

ငါတွေ့ဖူးတဲ့လူသားတွေထဲမှာ ဗမာလောက်ယုတ်မှာ ကောက်ကျစ်တဲ့ လူမျိုး မတွေ့
ဘူးသေးဘူး
လူမျိုးရေး တိုက်ခိုက်တယ်လို့ ဆိုချင်ဆို အမှန်အတိုင်းပြောတာ
ဗမာသာ မယုတ်မှာဘူးဆိုရင် တခြားလူမျိုးတွေရဲ့ နယ်မြေတွေကို
ကျုးကျော်သိမ်းပိုက်ထားစရာမရှိဘူး
အခု ဗမာကို မုန်းတီးရေး မလုပ်ပါနဲ့ဆိုတဲ့သူတွေက တပ်မတော်သား သို့  ရာထူးရာကန်
အမြင့်နေရာမှာ ယူထားကြည့် ဒီလိုပဲလာမှာပဲ
ဗမာစကားအတိုင်း ဒီပုပ်ထဲက ဒီပဲ ပဲ
ဗမာဟာ ကောက်ကျစ်ယုတ်မာတဲ့ အထဲမှာ တော်ပါတယ်
ညံ့တာက လူသားချင်း စာနာစိတ်မရှိဘူး
ဒီလောက ကြီးမှာ တွေးကြည့်လိုက်ရင် အမေရိကန်တွေရဲ့ ဥပဒေဟာ တော်တော်လေးကို
အားကျဂုဏ်ယူဖို့ ကောင်းပါတယ်
ဥပဒေစိုးမိုးတယ် တယောက်အပေါ်တယောက် အလွန်အကျန် လုပ်လို့ မရဘူး အစိုးရ
ဘက်တော်သားတွေလည်း ပြည်သူလူထုကို ဆေးဆိုပိုင်ခွင့်တောင်မရှိဘူး
ဗမာအုပ်စိုးနေတဲ့ ဗမာပြည်ခေါ် မြန်မာပြည်မှာ ဥပဒေမရှိ ပါးစပ်က ထွက်တာ ဥပဒေ
လူတယောက်ကို အလကားနေ ပစ်သတ်တာလည်း တရားဝင်တယ်
နေရာတိုင်းမှာ လယ်မြေသိမ်း အနိုင်ကျင့် ဗိုလ်ကျ မဒိန်းကျင့်
အဲလို ဖြစ်နေတာ အစိုးရထဲမှာ လူမျိုးပေါင်းစုံ ပါနေတယ်လို့ ပြောအုံမလို့လား
ထားပါတော့ အဲလို့ လူမျိုးပေါင်းစုံပါနေတယ် ဗမာတမျိုးတည်း မဟုတ်ဘူးလို့ ပြောရင်
ဗမာပြည်ကို ဗမာပဲအုပ်ချုပ်ပါလား ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးကြရင် ဗမာ မကောင်းရင်
ဗမာပဲပေါ့ ကရင် မကောင်းရင် ကရင်ပဲပေါ့
သမိုင်း အစဉ်အလာကို ကြည့်လိုက်ပါလား ဘယ်တုန်းက ဗမာပြည်မှာ အုပ်ချုပ်သူ
လူတန်းစားဟာ ဗမာမဟုတ်ရင် ဘာလူမျိုးလည်းလို့ 
မြန်မာ နိုင်ငံ လွတ်လပ်ရေး ရတာ ဗမာတမျိုးတည်း တိုက်လို့ ရတယ်လို့ ပြောအုံမလို
့လား
ယုတ်မာ ကောက်ကျစ်တဲ့ သူတွေကြောင်း ဗမာတမျိုးသားလုံး အစော်ကားခံရတာ မဆန်း ပါဘူး
မင်းတို့  အဲလို အစော်ကား မခံချင်ရင် မင်းတို့ ဘိုးတော် ဗမာတွေကို
သူများနယ်မြေတွေကို မတော်မတရားသိမ်းပိုက် ထားရတာလည်းလို့ မေးကြည့်လိုက်
မင်းတို့ လည်း ဒီအတိုင်းပါပဲ စာရေးတာ ညောင်းလာပြီ
မင်းတို သာအုပ်ချုပ်နေရင် ပိုတောင်ဆိုးအုံမယ်
ဗမာစကားဆယ်ခွန်းမှာ ကိုးခွန်းကို မယုံနဲ့ ကျန်တဲ့စကားတခွန်းကိုစဉ်းစား
ဗပါရင် ဗူးပင်ကိုလည်းခုတ်


win win
Dear All,


Current situation of Myanmar/Burma, Who are superior in Army and Government?
Almost Generals more than 99% are Bamars.
Almost Departmental heads, Deputy ministers, Ministers, Vice Presidents,
Presidents are Bamars.
Almost Kachin(Christian), Karen(Christian), Chin (Christian) Captain cannot
promote to Major in Army?


Some Bamars please the current situation, not all.


Who can deny this?


Bamars are more prosperous than before 1962.


At the time of British rule, There were more prosperous who are hardworking,
educated, not like after 1962.
As an example, Bogyoke Aung San is a product of Rangoon University.


Think for All.
All are the same.

Htet Aung

ဒီနေရာမှာ ငါပြောချင်တာကတော့ ဘယ်သူ့ဘက်မှမလိုက်ဘူး
ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ဗမာမဟုတ်တဲ့ လူမျိုးတွေကို ကုန်စင်အောင်သတ်
ဟိုင်တလာ က ဂျုးလူမျိုးတွေကို သတ်သလိုပေါ့
မဟုတ်ရင်တော့ ပြည်တွင်းစစ်ဟာ နောက်နှစ်ပေါင်း တစ်ရာလည်း ရှိနေမှာပဲ
ပြည်တွင်းစစ်ရှိနေရင် ဗမာရော တခြားလူမျိုးတွေရော ထ္မင်းငတ်ဟင်းငတ်ဖြစ်ကြပြီး
ဒုက္ခတွေကို ကြုံတွေ့နေရမှာပဲ
ဗုဒ္ဓ ဆိုတဲ့ နိုင်ငံမှာ ဗုဒ္ဓရဲ့ သားတော်တွေကိုတောင် အစိုးရက သတ်နေတာဟာ
တခြားလူမျိုးတွေကို ဘယ်တော့မှ ခွဲထွက်ခွင့်မပေးဘူးဆိုတာ လုံးဝ သိသာတယ်
ဒေါ်စုနံ အတူ တောင်းနေကြတဲ့ ဒီမိုကရေစီဆိုတာလည်း လုံးဝဥသုံ လုံးဝလုံးဝပဲ
မရစေရဘူး
တကယ်လို့ ဗမာအစိုးရက တိုင်းရင်းသားတွေကို ခွဲထွက်ခွင့် သို့ မဟုတ် တန်းတူ
အခွင့် အရေး မပေးရင်တော့ တိုင်းပြည်အတွင်း ပြည်တွင်းစစ်ကလည်း ဘယ်တော့မှ
မငြိမ်းဘူး တတိယ ကမ္ဘာစစ် ပြီးရင်တော့ မပြောလိုဘူး
simple views တင်ပြတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဆိုတာက နယ်စပ်က
ကိုယ့်နယ်မြေမှာ
ဘိန်းနဲ.စီးပွားရှာ မှောင်ခိုလုပ် ကုန်သည်တွေဆီက ဂိတ်ကြေးကောက် နဲ.
စီးပွားဖြောင့်ပါသေးတယ်လေ.
တိုင်းရင်းသားတွေက တခါတလေပဲ ဂိတ်ကျေးကောက်တာ ဗမာစစ်တပ်ကဆိုရင် တရားဝင်
ဂိတ်ထိုင်ပြီး ကောက်တာကျတော့ ဘယ်လိုပြောမှာလည်း
ပြည်သူလူထု လယ်မြေတွေကို သိမ်းပြီး ငွေမပေးတာကြတော့ရော 1993 က ငါတို့
ဘိုးဘွားပိုင်လယ် ဧက 40 လောက်ကို သိမ်းသွားတာ တပြားမှ လျှော်ကျေးမပေးဘူး
အဲဒါတွေကျတော့ရော
တိုင်းပြည်ချမ်းသာရဲ့သားနဲ့ ဆင်းရဲခေါင်းပါးနေတာ တိုင်းရင်းသားတွေကို
အပြစ်ပြောအုံမလို့လား
ကိုယ်လူမျိုးကို ကိုယ်အုပ်ချုပ်ခွင့်ပေးလိုက်ရင် ဗမာပြည်ဟာ အေးချမ်းသာယာပြီး
ဗမာဆိုတာ ဗမာကွာ ဆိုပြီး ကမ္ဘာ့အလယ်မှာ လက်မထောင်နိုင်လောက်ပြီ
အခုတော့ ဗမာဟာ တကမ္ဘာလုံးက အံဖတ်ဖြစ်နေပြီဆိုတာလည်း ထည့်စဉ်းစားကြပါအုံ
မအားလို့ ဒီလောက်ပဲ

ငြိမ်း ချမ်း


မှန်ပါတယ် စိတ်ဓါတ်နိမ့်ကျနေသူတွေက ဒီလိုလူမျိုးတင်မကပါဘူး.. ကျမ
ပြောပြီးခဲ့ထဲက အတိုင်း လူစားမျိုးတွေလဲ ပါပါတယ်.. အမှန်တရားကို
ဝေဖန်ထောက်ပြတာဟာ ကောင်းပါတယ် ကြိုလဲကြိုဆိုပါတယ်... ဒါပေမယ့် ကိုယ်တယောက်တည်း
မှန်တာမျိုးကိုတော့ လက်မခံပါ... ဗမာကို ချစ်ချစ် မချစ်ချစ် ကျမ ဂရုမစိုက်ပါ..
အဲ့လိုသာ ဂရုစိုက်နေရရင်လဲ ကမ္ဘာပေါ်မှာ နေစရာနေရာတောင် ရှိမှာ မဟုတ်ပါဘူး...
ကျမပြောကြည့်မယ်နော်... တိုင်းရင်းသားတွေထဲကကော ဗမာတွေအပေါ် လူပါးဝတာ
မရှိဘူးလား... တိုင်းရင်းသားတွေထဲမှာ အရင်က စစ်အစိုးရနဲ.ပေါင်းပြီး ကြီးပွား
ဂုတ်သွေးစုပ်နေသူတွေ မရှိဘူးလား...တိုင်းရင်းသား သမတ မရှိခဲ့ဖူးဘူးလား...
stereotyping မလုပ်ချင်ပါနဲ... ကျမ ရေးထားပြီးတဲ့စာကို ပြန်ဖတ် ..မြန်မာစာတော့
ကောင်းကောင်းဖတ်တတ်လိမ့်မယ်လို. မျှော်လင့်ပါတယ်... အစိုးရကို မကျေနပ်တိုင်း
မပြောရဲတိုင်း ကြောက်တိုင်း မဆိုင်တဲ့ ကိစ္စတွေ လာလာ
အသံကောင်းဟစ်မနေကြပါနဲ...ကျမ နားကြားပြင်းကပ်လို.ပါ...မကျေနပ်ရင် အစိုးရကို
ကြိုက်တာပြော ကြိုက်တာလုပ် ..အေး ဒါပေမယ့် ပြည်သူတရပ်လုံးကို ထိခိုက်နစ်နာစေရင်
တိုင်းပြည်သွေးကွဲစေရင်တော့ အဲ့လူဟာ ရန်သူပါပဲ..
ကျေးဇူးတင်ပါတယ်..
simple views

http://groups.google.com/group/myanmar-daily-info-n-general-knowledge/browse_thread/thread/851202fae5ff8912/046f68f68b7f9eb5

1 comments:

wayyan said...

တိုင်းပြည် တခုမှာ အုပ်ချုပ်သူတွေကသာ အဓိက ကြပါတယ်။ နိုင်ငံ တနိုင်ငံမှာ အုပ်ချုပ်သူရဲ့ အရေအချင်းရှိရင် ရှိသလိုတိုးတက်နိုင်သလို၊ ညံ့ရင်ညံ့သလို စုပ်ရုပ်နိုင်ပါတယ်။ စစ်အစိုးရ ဗိုလ်ချုပ်နေ၀င်ဟာ ပြည်မြို့ ပေါက်ခေါင်းသား (တချိန်က လူဆိုးမြို့တော်သား) ဆိုးမှာပေါ့ (တရုပ်မျက်နှာနဲ့ဗိုလ်ချုပ်နေ၀င်း၏ မိဘများအမည်သိလျှင် ရေးပေးပါ) ကျွန်တော်ဗဟုသုတ နည်းလို့ပါ တိုင်ပြည်ကို ၂၆ နှစ်အုပ်ချူပ်သွားတဲ့သူရဲ့ မိဘတောင်မသိဘူးဆိုတော့ စဉ်းစားတာကြည့်ပေါ့။ တရုပ်မျက်နှာနှင့်ဗိုလ်ချုပ်ခင်ညွန်သည် သံလျှင်သား၊ သူ၏မိခင်မှာ တရုပ်ခြေသေးမျိုးလို့ သိရပါသည်။ ဟုတ်၊မဟုတ်လေ့လာပေးပါ။ ဘာဖြစ်လို့လဲဆို ကျွန်တော်၏ အထင်မှန်ခဲ့လျှင် ထိုသူများသည်အရည်အချင်းရှိသော မျိုးချစ်ပုဂ္ဂိုလ်များဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော မြန်မာနိုင်ငံမှာချစ်ကြည်ရေးတံတားတွေ အများကြီးလုပ်ပေးနေသော တရုပ်နိုင်ငံပိုင်အရန်ထားရှိငွေမှာ တရုပ်တနိုင်ငံ လုံးသုံးစွဲနေသောငွေထက် နှစ်စရှိကြောင်း တရုပ်က တရားဝင်ကြေငြာထားသည်။ မြန်မာနိုင်ငံမှာ တိုင်းရင်သားပေါင်စုံ၊လူမျိုးပေါင်းစုံရှိတာကောင်းပါသည်။ အခွင့်အရေးလည်း ညီမျှမှုရှိရင်ပေါ့။ သက်တန့် ရောင်စဉ်လို လှပနေမှာပါ။ ညီညာမှုမရှိရင်တော့ ရောင်စုံဆေးပုန်းတွေမှောက်ကြနေသလို ညစ်ပေနေမှာပေါ့။ လက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သတ်လို့ ကျွန်တော်သိသလောက်က ၁။ပြည်တွင်းစစ်ပွဲ ရှိနေလျှ င်ပြည်ပနိုင်ငံ ၀င်ရောက်စွပ်ဖတ်ခွင့်မရှိဆိုသော ဥပဒေ အခွင့်အရေးအတွက် ထားရှိခြင်း။( မြန်မာစစ်အင်အားကို အတိအကျ သိသူမရှိပါ။ ဗိုလ်ချုပ်တင်ဦးသမီးမွေးနေ့လက်ဆောင်ထဲမှ ဗုံးပေါက်ကွဲတုန်က၊ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန့် ခြံကို ဗိုလ်ချုပ်တင်ဦးခေါ်ဆောင်သွားသော စစ်သားများကို ဗိုလ်ချုပ်ခင်ညွန့် လုံးဝ မသိပါ။ ဗိုလ်ချုပ်တင်ဦးအား အမှု့မှန်ဖေါ်ပေးဖို့ ရပ်ချိန်ပေးပြီး အချိုသပ်ခါ လုပ်ကြံလိုက်သည်။) ၂။နယ်စပ်ပြဿနာအတွက် လုပ်ငန်းတာဝန်သက်သာခြင်း၊ ၃။သောင်းငြမ်းသူများမှာ တရားဝင်သတင်း မကြေငြာ နိုင်ခြင်း၊ (အစိုးရအဖွဲ့နှင့်နယ်စပ်ပြဿနာ အမှားအယွန်း တစုံတခုဖြစ်လျှင် အစိုးရမှ တရာဝင် မိမိတို့မဟုတ်ကြောင်း၊ သောင်းငြမ်းသူများဘက်ကို အပြစ်ပုံချနိုင်ခြင်း။ စသဖြင့်ထားရှိခြင်းဖြစ်ပါသည်။ အစိုးရသည် အရည်အချင်းပြည့်ပါသည်။ သူ၏လူမျိုးကို သူစောင့်လျှောက်ခဲ့ပါသည်။ သူ့ကိုနားလည်ပေးသူတွေလည်း အဆင်ပြေသွား/ ပြေနေကြပါသည်။ နာမလည်သောသူများသာဒုက္ခရောက်ကြတာပါ။ နာလည်မပေးရင် ဘုရားသားလည်းအသေစိုးနဲ့ပေးသေတတ်သည်။ မြန်မာစာဆိုတခုကြားဖူးသည် (တရုပ်ကဖိ၊ ရှမ်းကအိ၊ ရှိသည့်ဗမာ အနောက်မှာ) မိတ်ဆွေတို့လည်းကြားဖူးမှာပါ။ မြန်မာပြည်ကို တိုင်းရင်းသားတွေက မြေပုံပါ အတိုင်းခွဲထွက်မယ်ဆိုရင် ဗမာဆိုတာဘယ်တိုင်း၊ဘယ်ပြည်နယ်နားမှာ အုပ်ချုပ်နေထိုင်စရာရှိလို့လည်း။ သိရင်ညွှန်ပြပေးပါနော်။ မှားတာရှိရင်ခွင့်လွှတ်ပေးပါနော်။ မည်သူကိုမှစောကား ထားခြင်းမဟုတ်ပါ။ သိတာ၊ထင်တာလေးရေးပြပြီး၊ မသိတာလေးမေးကြည့်တာပါ။ စိတ်မဆိုးပါနဲ့နော်။ (kmo 007007007)

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ