Welcome to my blog :)

rss

Thursday, July 21, 2011

Windows အသစ်တင်ပြီးရင်လုပ်ဆောင်သင့်သည့် Back Up and Restore Point


 ကျွန်တော်ဒီနေ့တော့ဘာ Backup Tool ကိုမှမသုံးပဲ Windows မှာပါတဲ့ Function ကနေပြီးတော့ Backup
and restore လုပ်နည်းလေးကိုပြန်ပြီးမျှဝေပေးသွားပါမယ်..။ကျွန်တော်တို့ကွန်ပျူတာကို Windows အသစ်
တင်ပြီးပြီဆိုတာနဲ့ Backup ဆိုတာကိုမဖြစ်မနေလုပ်ထားသင့်ပါတယ်..။တကယ်လို့ကွန်ပျူတာမှာအကြောင်း
တစ်စုံတစ်ရာကြောင့် System Restore ပြန်လုပ်ရမဲ့အခြေအနေမျိုးရောက်လာခဲ့မယ်ဆိုရင် Backup လုပ်ခဲ့တဲ့
အကျိုးကျေးဇူးကိုခံစားရမှာဖြစ်ပါတယ်..။ကျွန်တော်တို့ကွန်ပျူတာကို Windows အသစ်တင်ပြီးလို့လိုအပ်တဲ့
Application တွေအားလုံးကို Install လုပ်ပြီးပြီဆိုတာနဲ့ Backup system ကိုစပြီးလုပ်ဆောင်သင့်ပါတယ်..။
ဒါမှ Windows ဟာသုံးရတာကြာလို့လေးလာလို့ Windows အသစ်ပြန်မတင်ချင်လို့ Repairs လုပ်ချင်တာပဲဖြစ်
အခြေအနေတစ်ခုကြောင့် Windows ကိုပြန်ပြီး Restore လုပ်၇မဲ့အခြေအနေမျိုးနဲ့ကြုံလာခဲ့ရင်ပဲဖြစ်ဖြစ်၊
Backup လုပ်ခဲ့တဲ့ဖိုင်လေးကိုပြန်ခေါ်ပြီးတော့ Windows ကိုမိမိတို့ Backup လုပ်ခဲ့တဲ့အခြေအနေကနေပြန်ပြီး
အသုံးပြုလို့ရမှာဖြစ်ပါတယ်..။ကျွန်တော် Windows Restore လုပ်နည်းလေးကိုလည်းအောက်မှာပုံလေးနဲ့ရှင်း
ပြပေးထားပါတယ်..။

1.အရင်ဆုံးကျွန်တော်တို့ Windows ကို Backup လုပ်ဖို့အတွက်အောက်မှာပြထားတဲ့ပုံလေးတွေအတိုင်းအဆင့်
   ဆင့်သွားလိုက်ပါ..။








အပေါ်ကပုံအတိုင်းမြင်ရပြီဆိုရင်တော့ကျွန်တော်တို့  Back up File တွေကိုသိမ်းဆည်းထားချင်တဲ့ Partation
ကိုရွေးချယ်ရမှာဖြစ်ပါတယ်.။တကယ်လို့ Windows ထဲက Drive တွေကိုမရွေးပဲ Usb Drive ထဲမှာ Backup
File တွေကိုသိမ်းဆည်းထားချင်တယ်ဆိုရင်တော့ Usb Drive ကိုမိမိရဲ့ကွန်ပျူတာမှာတပ်လိုက်ပါ..။ပြီးရင်
ဘယ်ဘက်အောက်နားမှာ Refresh ဆိုတာလေးကိုနှိပ်ပြီး Refresh ပေးလိုက်ပါ..။ဒါဆိုရင် Usb Drive လေး
ပေါ်လာပါလိမ့်မယ်..။မိမိတို့ရွေးချင်တဲ့ Drive ကိုရွေးပြီး Next ကိုပေးလိုက်ပါ..။



အပေါ်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့ Let Windows Choose ( recommended ) နဲ့ Let me choose နှစ်ခု
ရွေးပေးရမှာဖြစ်ပါတယ်..။

Let Windows Choose ( recommended ) ကိုရွေးပေးမယ်ဆိုရင်တော့ Windows မှာရှိတဲ့ Data တွေ ၊ Destop
ပေါ်မှာရှိတဲ့အရာတွေ Default Windows Folder တွေအကုန်လုံးကို BackUp လုပ်ပေးသွားမှာဖြစ်ပါတယ်..။
သူကတော့မိမိတို့ Backup လုပ်ချင်တဲ့ File တွေကိုရွေးချယ်လို့ရမှာမဟုတ်ပဲ Auto Back Up လုပ်ပေးသွားမှာ
ဖြစ်ပါတယ်...

Let me choose ကိုရွေးချယ်မယ်ဆိုရင်တော့ BackUp လုပ်ချင်တဲ့ File တွေကိုရွေးချယ်လို့ရသလိုကိုထပ်ပေါင်း
ချင်တဲ့ File တွေကိုလဲထပ်ပေါင်းထည့်ပြီး BackUp လုပ်လို့ရမှာဖြစ်ပါတယ်..။ကျွန်တော်ကတော့မိမိစိတ်ကြိုက်
ထပ်ထည့်လို့ရအောင် Let me choose ကိုရွေးပေးလိုက်ပါတယ်..။မိမိတို့ကြိုက်တာကိုရွေးချယ်လို့ရပါတယ်...


အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့ Change schedule  ကိုနှိပ်ပြီး Windows Back Up ကိုတစ်ပါတ်ကို
ဘယ်နေ့တွေမှာဘယ်အချိန်တွေမှာလုပ်မှာလဲဆိုတာရွေးချယ်ပေးလိုက်ရပါတယ်...




အပေါ်ကပုံအတိုင်း Save setting and backup ကိုနှိပ်လိုက်ပြီဆိုရင်တော့မိမိတို့ရွေးချယ်ခဲ့တဲ့  Drive ထဲမှာ
Back Up ကိုစပြီးလုပ်ဆောင်နေပြီဖြစ်ပါတယ်..။မိမိတို့ေ၇ွးချယ်ခဲ့တဲ့ Drive ထဲမှာ Back Up လုပ်ပြီးပြီဆိုရင်
တော့ Back Up လုပ်ဆောင်ခြင်းပြီးဆုံးသွားပါပြီ..။



ကျွန်တော်အပေါ်မှာရှင်းပြခဲ့ပြီးသလိုပါပဲ Back Up လုပ်ခြင်းအပိုင်းပြီးဆုံးသွားပြီဆိုရင်မိမိတို့ရဲ့လက်ရှိသုံးစွဲနေ
တဲ့  Windows ကလေးနေလို့ပဲဖြစ် ၊ Virus ကြောင့် Windows မှာ Error တစ်ခုခုဖြစ်နေရင်ပဲဖြစ်ဖြစ် ၊ Windows
ကိုပြန်ပြီး Restore လုပ်ချင်သူများအတွက်ကျွန်တော်အောက်မှာ Windows Restore လုပ်နည်းကိုပုံလေးတွေနဲ့
ရှင်းပြပေးထားပါတယ်..

အ၇င်ဆုံးမိမိတို့၇ဲ့စက်ထဲကို Windows ခွေကိုထည့်လိုက်ပါ..။ပြီးရင် Windows တင်တဲ့အတိုင်းဆက်ပြီးလုပ်သွား
လိုက်ပါ..။Windows ကို Install လုပ်ရမဲ့နေရာရောက်ရင်ဆက်ပြီးလုပ်ရမဲ့အဆင်လေးတွေကိုတော့အောက်မှာ
ပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်...



အပေါ်ကပုံအတိုင်းမြင်ရပြီဆိုရင်တော့သူက Recovery လုပ်မှာလား Restore လုပ်မှာလားဆိုပြီးမေးရွေးခိုင်း
ပါလိမ့်မယ်..ကျွန်တော်တို့က Restore လုပ်မှာဖြစ်တဲ့အတွက် Restore your computer ကိုရွေးပေးလိုက်ပါ..








အပေါ်ကပုံမှာပြထားတဲ့အတိုင်းမိမိတို့ Back Up လုပ်ထားတဲ့ Drive ပေါ်လာပြီဆိုရင် Next ကိုနှိပ်လိုက်ပါ..
ကျွန်တော်က Drive H ထဲမှာ Back Up လုပ်ထားတာဖြစ်တဲ့အတွက် ( H ) ဆိုပြီးပေါ်နေတာဖြစ်ပါတယ်..။



အပေါ်ကပုံအတိုင်းမိမိ၇ဲ့ကွန်ပျူတာကို Restart ပေးလိုက်ပြီးလို့ Windows ပြန်တက်လာပြီဆိုရင်တော့
Windows ကို  Back Up လုပ်ခဲ့တုန်းကအခြေအနေအတိုင်းပြန်ပြီးအသုံးပြုလို့ရသွားပါပြီ..။

မိတ်ဆွေတို့၇ဲ့ Thank ဆိုသောစကားတစ်ခွန်းသည်နောက်ထပ်ပို့ဒ်တစ်ခုတင်၇န်အားဆေးတစ်ခွက်ဖြစ်ပါသည်


အားလုံးပဲအဆင်ပြေကြပါစေ.....ကျေးဇူးတင်ပါတယ်ခင်ဗျာ...

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ