Welcome to my blog :)

rss

Thursday, July 21, 2011

Windows 7 မှာအသံမလာဘူးဆိုရင်


ကျွန်တော်ဒီနေ့တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..။ကျွန်တော်နည်းသုံးနည်းနဲ့ရှင်းပြပေးသွားပါမယ်..။တစ်ခုပြောချင်ပါတယ်..
မေးထားတာတွေကိုချက်ချင်းပြန်မဖြေပေးနိုင်ဘူးဆိုတာကျွန်တော်မေးထားတဲ့မေးခွန်းတွေနဲ့ပါတ်သတ်ပြီး
အဆင်ပြေပြီးအသုံးဝင်မဲ့အဖြေမျိုးကိုပဲအတက်နိုင်ဆုံးပေးချင်ပါတယ်..။ဖြေသာဖြေလိုက်ပြီးအဆင်မပြေဘူး
ဆိုရင်လဲဘာမှမထူးပါဘူး..။အခုကျွန်တော် Windows 7 မှာ Audio ပြသနာတက်နေတာနဲ့ပါတ်သတ်ပြီးမေး
ထားတာလေးတွေနဲ့ပါတ်သတ်ပြီးကျွန်တော်လေ့လာမိသလောက်အဆင်ပြေမယ်ထင်တဲ့နည်းလမ်းတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်.။

အရင်ဆုံး Windows 7 တင်ပြီးတဲ့အခါမှာအသံမလာတာနဲ့ပါတ်သတ်ပြီး  Windows Update ပေးပြီးဖြေရှင်းလို့ရ
မယ့်နည်းလမ်းလေးကိုအရင်ဆုံးရှင်းပြပါမယ်.။အဲ့ဒီနည်းလေးကတော့လွယ်ပါတယ်..။ဘာမှလုပ်စရာမလိုပါဘူး..။
Windows Update ပေးလိုက်ပြီဆိုတာနဲ့လိုအပ်တဲ့ Sound Driver ကိုဒေါင်းလော့ချပြီး Install လုပ်ပေးသွားပါ
လိမ့်မယ်..။Windows Update  ပေးလိုက်ယုံပါပဲ..။ဒီလိုမျိုး Audio ပြသနာတွေဖြစ်တာကစက်ကပါပြီးသား
Sound Card ကိုမသုံးပဲ  Sound  Card သက်သက်တပ်ထားတဲ့စက်တွေမှာဖြစ်တက်ပါတယ်။မိမိတို့တက်
ထားတဲ့ Sound Card Driver ကို Install လုပ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။





အောက်ကပုံမှာပြထားသလိုအဆင့်ဆင့်သွားပြီးလုပ်ရင်လဲရပါတယ်..။


 



နောက်တစ်နည်းကတော့ Motherboard နံပါတ်ကိုကြည့်ပြီး  Google မှာမိမိစက်မှာလိုအပ်မဲ့  Sound  Driver 
ကိုရှာပြီးအသုံးပြုလို့ရမဲ့နည်းလမ်းလေးကိုရှင်းပြပေးပါမယ်..။အရင်ဆုံး Motherboard  နံပါတ်ကိုဘယ်လို
ကြည့်ရမယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..။









အပေါ်မှာပြထားတဲ့နည်းအတိုင်းမိမိတို့ရဲ့ Motherboard  နံပါတ်ကိုသိပြီဆိုရင် Google မှာ Mother နံပါတ်
နောက်မှာ  Audio  Driver  လို့ရိုက်ထည့်ပြီးရှာပေးလိုက်ယုံပါပဲ..။ဒါဆိုရင်မိမိရဲ့စက်မှာအသံမလာတဲ့အခါ
Audio Driver ကိုရှာပြီးဖြေရှင်းတက်သွားမယ်လို့ထင်ပါတယ်..။



နောက်တစ်နည်းကတော့ Realtek ဆိုတဲ့ Driver လေးကိုသုံးပြီးဖြေရှင်းနည်းပါ..။ဒီကောင်လေးကအရမ်းကိုအ
သုံးဝင်ပါတယ်..။ဘယ်လို Audio အခက်အခဲမျိုးဖြစ်နေပါစေဒီကောင်လေးကိုမိမိတို့စက်မှာ Install လုပ်ပေး
လိုက်တာနဲ့တင်အဆင်ပြေသွားပါလိမ့်မယ်..။မှတ်ချက် ။  ။ Sound  Card  သက်သက်တပ်ပြီးသုံးတဲ့လူတွေ
အတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး..။အဲ့ဒီအတွက်ဘယ်လိုနည်းလမ်းသုံးရမယ်ဆိုတာအပေါ်မှာရှင်းပြ
ခဲ့ပြီးပါပြီ..။
အရင်ဆုံး  http://152.104.125.41/Default.aspx  ကိုသွားပါ..။ပြီးရင်အောက်ကပုံမှာပြထားသလို 
HD Audio Codec Driver ကို Click  ပေးလိုက်ပါ.။ပြီးရင်  I accept the above ကိုအမှန်ခြစ်လေးပေး
ပြီး Next ကိုနှိပ်လိုက်ပါ..။  ပီးရင်တော့  မိမိတို့ Windows အမျိုးအစားကိုရွေးပြီးဒေါင်းလော့ချလိုက်ယုံပါပဲ.. ။
ဒေါင်းလော့ချပြီးသွား လို့Realtek Driver လေးရလာပြီဆိုရင်တော့ဒီကောင်လေးကိုမိမိတို့စက်မှာ Install 
လုပ်ပေးလိုက်ယုံနဲ့မိမိစက်မှာဖြစ်နေတဲ့  Audio ပြသနာတွေအဆင်ပြေသွားပါလိမ့်မယ်...။အောက်မှာပုံလေးတွေ
နဲ့ဘယ်လိုလုပ်ရ မယ်ဆိုတာကိုလဲရှင်းပြပေးထားပါတယ်..။










ဒီလောက်ဆိုရင်တော့  Windows  7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးအဆင်ပြေသွားလမ့်
မယ်လို့ထင်ပါတယ်....

အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ...

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ