Welcome to my blog :)

rss

Sunday, July 17, 2011

 ကြိုးဖုန်းများတွင် Prepaid Card စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ၌ စတင် ကျင့်သုံးမည်

w64124
ဇူလိုင်လ ၈ ရက်နေ့ ရန်ကုန်မြို့လမ်း ၄၀ ရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ကြိုးဖုန်း လျှောက်လွှာများကို ရောင်းချပေးနေစဉ်
ကြိုးဖုန်းများတွင် ကြိုတင်ငွေ ဖြည့်ကတ် (Prepaid Card) စနစ်ကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ၌ စတင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အော်တိုတယ်လီဖုန်းမှ တာဝန်ရှိသူတစ်ဦး က
ပြောပြခဲ့သည်။
ကြိုးဖုန်းများကို ဖုန်းဘေလ်ဆောင်သည့်စနစ်မှ ကြိုတင်ငွေဖြည့်ကတ်စနစ်ဖြင့် စတင်ကျင့်သုံးခြင်းကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။ ပထမ အဆင့်တွင် ရန်ကုန်နှင့် မန္တလေး၌
ချပေးထားသည့် ဂဏန်း ခုနစ်လုံး ပါ ကြိုးဖုန်းများကို အောက်တိုဘာလတွင် Prepaid Card စနစ် စတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့်မူ No. 7 Signalling  ရရှိသော အိတ်ချိန်းလိုင်း၏ ကြိုးဖုန်းများကို ဒီဇင်ဘာလတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကာ တတိယအဆင့်အဖြစ် မတ်လတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ
ကြိုးဖုန်းများအားလုံး (R2 Signalling ရရှိသော အိတ်ချိန်းလိုင်း)ကို Prepaid Card စနစ်သို့ ပြောင်းလဲအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
“ဖုန်းသုံးစွဲသူတွေအနေနဲ့ တန်းစီစနစ်နဲ့ အချိန်ကုန်၊ လူပန်းမဖြစ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ Prepaid Card စနစ်ကို ပြောင်းလဲဖို့ စီစဉ်ခဲ့တာပါ။ တကယ်လို့ ကိုယ့်ဖုန်းကို Prepaid  မလုပ်လိုဘူးဆိုရင်လည်း ရပါတယ်” ဟု
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။
ကြိုးဖုန်းများတွင် Prepaid Card စနစ်သို့ ပြောင်းလဲပါက ဖုန်းခေါ်ဆိုခ နှုန်းထားများ ပြောင်းလဲမည်မဟုတ်ဘဲ မြို့တွင်းခေါ်ဆိုခ တစ်မိနစ် ၁၅ ကျပ်၊ နယ်ဝေးခေါ်ဆိုခ တစ်မိနစ် ၂၅ ကျပ်ပင် ထားရှိမည်ဖြစ်ကြောင်း
သိရှိရသည်။
လက်ရှိတွင် Prepaid Card စနစ်ပြောင်းလဲရန် လိုအပ်သည့် စက်ပစ္စည်းပိုင်းဆိုင်ရာ၊ နည်းပညာများ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ နှင့် ဆွေးနွေးလျက်ရှိကြောင်း သိရှိရပါသည်။
အော်တို တယ်လီဖုန်းများတွင် အဆင့်အလိုက် ဆောင်ရွက်မည့် ကြိုတင်ငွေပေးစနစ်ပြဇယား
NGN Soft Switch တယ်လီဖုန်းလိုင်း ဖုန်းလုံးရေ ၅၅၀၀၀ ပထမအဆင့် အောက်တိုဘာလတွင် စတင်အသုံးပြုရန်
No. 7 Signalling ရရှိသော အိတ်ချိန်းလိုင်း ဖုန်းလုံးရေ ၂၀၀၀၀၀ ဒုတိယအဆင့် ဒီဇင်ဘာလတွင် စတင်အသုံးပြုရန်
R2 Signalling ရရှိသော အိတ်ချိန်းလိုင်း ဖုန်းလုံးရေ ၂၄၅၀၀၀ တတိယအဆင့် မတ်လတွင် စတင်အသုံးပြုရန်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ