Welcome to my blog :)

rss

Sunday, July 24, 2011

အာဖဂန် နေတိုးတပ်မှူး ရာထူးမှ ဗိုလ်ချုပ်ကြီး ပီးထရော့ အနားယူ၊ စီအိုင်အေ ညွှန်မှူး တာဝန် ထမ်းဆောင်မည်

b41611
ဗိုလ်ချုပ်ကြီး ဒေးဗစ်ပီးထရော့(ယာ)နှင့် အမေရိကန် စစ်ဦးစီးချုပ်များ အဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်
အာဖဂန်နစ္စတန်ရှိ နေတိုးတပ်များဆိုင်ရာ တပ်မှူး အမေရိကန် ဗိုလ်ချုပ်ကြီး ဒေးဗစ်ပီးထရော့သည် ရာထူးတာဝန်များကို မရိန်းတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂျွန်အလန်ထံသို့ ဇူလိုင်လ ၁၈ ရက်နေ့တွင် အခမ်းအနားဖြင့် တရားဝင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အမေရိကန်စစ် ဦးစီးချုပ်များ အဖွဲ့ ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလင်၊ နေတိုးနှင့် အာဖဂန် အရာရှိများက ကဘူးလ်တွင် ပြုလုပ်သော အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။အာဖဂန်သမ္မတ ဟာမစ်ကာ ဇိုင်း၏ အဓိက
မဟာမိတ်များ လုပ်ကြံခံနေရချိန်တွင် ယခင်က စီစဉ်ထားသည့်အတိုင်း ရာထူးတာဝန် လွှဲပြောင်းမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပီးထရော့သည် စစ်ဘက်တွင် ၃၇ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် လာမည့် သြဂုတ်လတွင် စစ်တပ်မှ အနားယူမည် ဖြစ်ကာ စီအိုင်အေ ညွှန်မှူး တာဝန်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် ထမ်းဆောင်မည် ဖြစ်သည်။
စီအိုင်အေ ညွှန်မှူး ပါနက်တာမှာ အနားယူသွားသော ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်၏ နေရာကို အစားဝင်ခဲ့သည်။
အသက် ၅၈ နှစ်ရှိပြီ ဖြစ်သော ပီးထရော့သည် ပြီးခဲ့သည့်နှစ် ဇူလိုင်လ ၄ ရက်နေ့က အာဖဂန်တပ်မှူး ရာထူးကို အခြေအနေအရ ရယူခဲ့ရသူ ဖြစ်သည်။ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အာရှအလယ်ပိုင်း တို့ကို လွှမ်းခြုံသော အမေရိကန်၏ အလယ်ပိုင်းစစ်ဌာနချုပ် တပ်မှူး တာဝန်မှ အုပ်ချုပ်မှုအရ တစ်ဆင့် နိမ့်သည်ဟု ဆိုနိုင်သော အာဖဂန်တပ်မှူး ရာထူးကို ယာယီ ရယူပေးခဲ့ရခြင်း ဖြစ်သည်။
ထိုစဉ်က အာဖဂန်တပ်မှူး ဗိုလ်ချုပ်ကြီး မက်ခရစ္စတယ်မှာ ရိုးလင်းစတုန်း မဂ္ဂဇင်းပါ အင်တာဗျူးတွင် အစိုးရအဖွဲ့တွင်းမှ တာဝန်ရှိသူများကို ပြင်းထန်သော ဝေဖန်မှု ပြုခဲ့ခြင်းကြောင့် နုတ်ထွက်ပေးခဲ့ရပြီးနောက် ပီးထရော့က
တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ