Welcome to my blog :)

rss

Sunday, July 17, 2011

ဂျီအက်စ်အမ်ဖုန်း အလုံးရေလေးသန်းအတွက် ဆက်သွယ်ရေး တာဝါတိုင် ၁၄၀၀ ကျော်ကို မြန်မာတစ်နိုင်ငံလုံးတွင်

ယခု ဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲခွင့်ပြုမည့် ဂျီအက်စ်အမ်ဖုန်းအလုံးရေ လေးသန်းစီမံကိန်းအတွက် ဆက်သွယ်ရေးတာဝါတိုင် ၁၄၀၀ ကျော်ကို မြန်မာတစ်နိုင်ငံလုံးတွင် တည်ဆောက်သွားရန်ရှိကြောင်း ဇွန်လ ၃၀ ရက်နေ့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(အလုံ)တွင် ပြုလုပ်ခဲ့သည့် အွန်လိုင်း ဖုန်းဘေလ် ၀န်ဆောင်မှုဆိုင်ရာ ရှင်းလင်းပွဲ၌ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းအချက်အလက် နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အခုဂျီအက်စ်အမ်ဖုန်း အလုံးရေ လေးသန်းစီမံကိန်းအတွက် ပုဂ္ဂလိကကုမ္ပဏီတွေကို သင်တန်းပေးတာတွေ ပြုလုပ်နေပါတယ်။ အဲဒီကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဆက်သွယ်ရေး တာဝါတိုင် ၁၄၀၀ ကျော်ကို တည်ဆောက်သွား ဖို့ ရှိပါတယ်” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းအချက်အလက် နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခုဘဏ္ဍာရေးနှစ်အတွင်း သုံးစွဲခွင့်ပြုမည့် ဂျီအက်စ်အမ်ဖုန်း အလုံးရေ လေးသန်းကို စီမံကိန်းစတင်ပြီး ငါးလအတွင်း စတင်ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သုံးစွဲမှု မြင့်မားလာစေရေးအတွက် ငါးနှစ်စီမံကိန်းအဖြစ် GSM မိုဘိုင်း ဖုန်းလိုင်းအင်အား သန်း ၃၀ တိုးချဲ့ တပ်ဆင်နိုင်ရေးကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီများ ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်ပြီး စီမံကိန်းကာလ ငါးနှစ်အတွင်း လိုင်း အင်အားသန်း ၃၀ အထိ တိုးချဲ့တပ်ဆင်မည် ဖြစ်ကြောင်းနှင့် အဆိုပါသန်း ၃၀မှ GSM ဖုန်းလုံးရေ လေးသန်းကို ပထမနှစ်စီမံကိန်း အဖြစ် ယခုဘဏ္ဍာရေးနှစ်အတွင်း ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

“ဒီဘဏ္ဍာရေးနှစ်အတွင်းမှာ ဖုန်းအလုံးရေ လေးသန်းချထားပေးဖို့ သက်ဆိုင်ရာက မူအားဖြင့် ခွင့်ပြု ချက်ရရှိပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဒီနှစ်အတွင်းမှာ အဆင့်သုံးဆင့် ခွဲပြီး MPT နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်သွားပါမယ်။ ပုဂ္ဂလိကပိုင်းက အဆင်သင့်ဖြစ်လို့ လုပ်ငန်းစတင်ပြီး ငါးလအကြာမှာ ပထမစီမံကိန်းဖြစ် တဲ့ လုံးရေ လေးသန်းကို စချပေးသွားမှာပါ။ ဖုန်းဈေးနှုန်းက လျှော့မှာတော့ သေချာပါတယ်” ဟု ၎င်းက ထပ်မံပြောပြခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ