Welcome to my blog :)

rss

Sunday, July 24, 2011

ဖုန်းအချက်အလက် ခိုးယူမှု အရှုပ်တော်ပုံ၏ ဖော်ကောင် ရုတ်တရက် သေဆုံး

b41613
ဗြိတိန်တွင် ဖုန်းအချက်အလက် ခိုးယူမှု အရှုပ်တော်ပုံ၏ ဖော်ကောင် ဖြစ်သော News of the World သတင်းထောက်ဟောင်း တစ်ဦး ဖြစ်သည့် ရှောင်ဟိုရေးမှာ ၎င်း၏အိမ်၌ ဇူလိုင် ၁၈ ရက်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း၊ သို့သော် သံသယဖြစ်ဖွယ် အခြေအနေများကို မတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဟိုရေးသည် ပြီးခဲ့သောနှစ်တွင် နယူးယောက်တိုင်းမ်သတင်းစာ၊ ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးများ ပြုလုပ်ခဲ့ပြီး ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်၏ ဆက်သွယ်ရေး အရာရှိချုပ် ဖြစ်ခဲ့သည့် News of the World သတင်းစာ အယ်ဒီတာဟောင်း အန်ဒီကော်လ်ဆင်သည် ဖုန်းအချက်အလက် ခိုးယူသည့် ကိစ္စကို သိရှိနေကြောင်း ဖွင့်ချခဲ့သည်။ လန်ဒန်မြောက်ပိုင်း၊ ၀တ်ဖို့ဒ်ရှိ ဟိုရေး နေအိမ်တွင် လူတစ်ဦး သေဆုံးနေကြောင်း အကြောင်းကြားသဖြင့် ရဲကားများ၊ လူနာတင်ကားများ သွားရောက်ခဲ့ရာ ရောက်ရှိပြီး မကြာမီပင် ဟိုရေးမှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဟိုရေး သေဆုံးရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း၊ သို့သော် သံသယဖြစ်စရာ မရှိသေးကြောင်း၊ ကိုယ့်ကိုယ်ကို သတ်သေခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဟိုရေးမှာ မကြာသေးမီ သီတင်းပတ်များ အတွင်း တစ်ကိုယ်တည်းနေပြီး အများကို ထိတ်လန့်နေသည်ဟု ၎င်း၏သူငယ်ချင်းနှင့် အိမ်နီးချင်း တစ်ဦးက ပြောကြားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ