Welcome to my blog :)

rss

Sunday, July 24, 2011

၂၀၁၂ ခုနှစ်တွင် အကောက်ခွန်ကောက်ခံရန် သတ်မှတ်ထားသည့် ကုန်စည်အုပ်စုပေါင်း၏ ၈၀ ရာခိုင်နှုန်းအထိ အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချသွားမည်

AddThis Social Bookmark Button
b41616
မူဆယ် မိုင်းယု(၁၀၅)မိုင် နယ်စပ်ကုန်သွယ်ရေး သွင်းကုန်စစ်ဆေးရေး ဂိတ်ကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် အကောက်ခွန် ကောက်ခံရန် သတ်မှတ်ထားသည့် ကုန်ပစ္စည်းအုပ်စုပေါင်း ၈၃၀၀ အထိ ရှိကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် အဆိုပါ ကုန်စည်လိုင်း စုစုပေါင်း ၏ ၈၀ ရာခိုင်နှုန်းကို အကောက်ခွန်
သုညရာခိုင်နှုန်းအထိ လျှော့ချပေးသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကုန်ပစ္စည်းအုပ်စု ပေါင်း၏ ၆၀ ရာခိုင်နှုန်း၊ ကုန်ပစ္စည်း အုပ်စုအမျိုးပေါင်း ၄၉၄၂ ကို အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချပေးထားပြီး ဖြစ်ကြောင်း သိရသည်။ ၂၀၁၂
ခုနှစ်တွင် ကုန်ပစ္စည်း အုပ်စုပေါင်း၏ ၈၀ ရာခိုင်နှုန်းအား သုညရာခိုင်နှုန်းသို့ ထပ်မံ လျှော့ချမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ် တွင် ကုန်ပစ္စည်း အုပ်စုပေါင်း၏ ၉၃ ရာခိုင်နှုန်းအထိ အကောက်ခွန် သုညရာခိုင်နှုန်းသို့ လျှော့ချသွားရန်
သတ်မှတ်ထားကြောင်း သိရသည်။
၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကုန်ပစ္စည်းများအား အကောက်ခွန် ကောက်ခံရာတွင် အနည်းဆုံး သုညရာခိုင်နှုန်းမှ အများဆုံး ငါးရာခိုင်နှုန်းအထိသာ ကောက်ခံရန် အကောက်ခွန် နှုန်းထားများအား
လျှော့ချထားပြီးဖြစ်ကြောင်း သိရသည်။ အာဆီယံ နိုင်ငံများအတွင်း ထုတ်လုပ်သည့် ကုန်စည်မှန်ကန်ကြောင်း ထောက်ခံချက် (ATIGA- From D) ပါဝင်ပါက အကောက်ခွန်အား သုညရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအတွင်း
သာကောက်ခံပြီး Form-D  မပါရှိသည့် ကုန်စည်များအား ယခင်သတ်မှတ်ထားသည့် နှုန်းအတိုင်း ကောက်ခံမည်ဖြစ်ပြီး ကုန်ပစ္စည်းအလိုက် သုည ရာခိုင်နှုန်းမှအမြင့်ဆုံး ၄၀ ရာခိုင်နှုန်း အထိ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတိုင်းတွင် မိမိတို့ နိုင်ငံအလိုက် အကောက်ခွန် လုံးဝ မလျှော့ချသည့် အထွေထွေ ကင်းလွတ်ခွင့်စာရင်း (General Exemption List-GEL) နှင့် အရေးကြီးကုန်စည်စာရင်း (Sensitive List-SL) ထားရှိကြောင်း၊ အဆိုပါ
အရေးကြီးကုန်စည်များနှင့် ပတ်သက်၍ အကောက်ခွန်နှုန်း သုညရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအတွင်း ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
“၂၀၀၈ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ကုန်ပစ္စည်းအုပ်စုပေါင်းရဲ့ ၆၀ရာခိုင်နှုန်းကို အကောက်ခွန် သုညရာခိုင်နှုန်းအထိ လျှော့ချခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကုန်ပစ္စည်း အုပ်စုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း၊ ၂၀၁၅ မှာ
ကုန်ပစ္စည်း အုပ်စုပေါင်းရဲ့ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၈ မှာကျန်တဲ့ ခုနစ်ရာခိုင်နှုန်းကို အကောက်ခွန် သုညရာခိုင်နှုန်းအထိ လျှော့ချသွားဖို့ သတ်မှတ်ထားပါတယ်”ဟု အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“အကောက်ခွန် လျှော့ချတဲ့ နေရာမှာရှိသမျှ ကုန်စည်အားလုံးကို လျှော့ချတာမျိုးမဟုတ်ဘူး။ ဥပမာ အထွေထွေ ကင်းလွတ်ခွင့်ပစ္စည်း စာရင်းတွေ ဖြစ်ပါတယ်။ နိုင်ငံအလိုက် ကိုယ့်နိုင်ငံအတွက် ကာကွယ်ရမယ့်
ပစ္စည်းတွေရှိတယ်။ ဥပမာ လက်နက်၊ ခဲယမ်းမီးကျောက်၊ ရှေးဟောင်း အနုပညာပစ္စည်းလို ပစ္စည်းမျိုးတွေ ကတော့ လုံးဝကင်းလွတ်ခွင့်ပေးမှာ မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ အဲဒီလို ကုန်ပစ္စည်း အုပ်စုပေါင်း ၄၉ အုပ်စု ရှိပါတယ်”ဟု ၎င်းက ဆက်လက် ရှင်းပြခဲ့သည်။
နှစ်အလိုက် ကုန်ပစ္စည်းတင်သွင်းမှုမှ Customs Duties ကောက်ခံရရှိမှု ပမာဏ (ကျပ်၊သန်း)
ဘဏ္ဍာရေးနှစ် ပုံမှန်ကုန်သွယ်မှု နယ်စပ်ကုန်သွယ်မှု စုစုပေါင်း
၂၀၀၇-၂၀၀၈ ၂၅၆၃၈ .၄၆ ၉၉၂၉ .၅၁ ၃၅၅၆၇ .၉၇
၂၀၀၈-၂၀၀၉ ၃၄၃၂၀ .၄၄ ၄၈၁၁၃ .၅၆ ၈၂၄၃၄ .၀၀
၂၀၀၉-၂၀၁၀ ၃၃၆၅၅ .၃၀ ၁၁၆၃၀ .၉၅ ၄၅၂၈၆ .၂၅
၂၀၁၀-၂၀၁၁ ၄၇၀၇၄ .၃၆ ၁၂၅၆၁ .၄၀ ၅၉၆၃၅ .၇၆

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ