Welcome to my blog :)

rss

Sunday, July 17, 2011

ပင်စင်လစာများ ပြင်ဆင်သတ်မှတ်သည့်အပေါ်ကြိုဆို

ညွန့်ဝင်း
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)

ပင်စင်လစာနှုန်းထားသစ်ရရှိရေး လာရောက်ဆောင်ရွက်သည့် ပင်စင်စားတစ်ဦးအား ပင်စင်ဦးစီးဌာနရုံးချုပ်ရှေ့တွင် ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ-အေးဇော်မျိုး
အစိုးရ၀န်ထမ်း ပင်စင်စားများနှင့် နိုင်ငံရေးပင်စင်စားများ၏ ပင်စင်လစာ ခံစားခွင့်ကို ယခုလက်ရှိ တာဝန်ထမ်းဆောင်နေသူများ အငြိမ်းစားယူ သည့်အခါ ခံစားခွင့်ရမည့် ပင်စင်လစာနှုန်းထားများနှင့် တစ်ပြေးညီ ခံစားခွင့်ပြုလိုက်ခြင်းအပေါ် အများပြည်သူက ကြိုဆိုကြသည်။
ဇွန်လ ၃၀ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့်ကြေညာချက်တွင် ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မတိုင်မီ အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန် ထမ်းဟောင်းများ နှင့် ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ မတိုင်မီ အငြိမ်းစား ယူခဲ့သည့် 'နိုင်ငံရေး ပင်စင်စား'များ အားလုံးသည် ၎င်းတို့ နှင့် ရာထူးတူ လက်ရှိတာဝန်ထမ်းဆောင်ဆဲ ၀န်ထမ်းများ၏ အငြိမ်းစား ပင်စင်လစာ နှုန်းထားများနှင့် တစ်ပြေးညီ သတ်မှတ်ကာ ခံစားခွင့်ပြုသည်ဟု ဖော်ပြ ထားသည်။
သို့သော် နိုင်ငံရေးပင်စင်လစာ တစ်လ ကျပ် ၁၁၀,၀၀၀ အထက် ခံစား ခွင့်ရနေသူများမှာမူ ယင်းကြေညာချက်တွင် အကျုံးမ၀င်ချေ။
ကုလသမဂ္ဂ ၀န်ထမ်းကောလိပ်၏ ပါမောက္ခဟောင်း ဒေါက်တာအောင် ထွန်းသက်က ယခုကဲ့သို့ ပင်စင်လစာများ နှုန်းထားတစ်ပြေးညီသတ်မှတ် ခြင်းသည် ကောင်းမွန်သောလုပ်ဆောင် ချက်ဖြစ်သည်ဟု ပြောသည်။
"ဒါဟာ အင်မတန်ကြိုဆိုရမယ့်ကိစ္စပါပဲ။ တိုင်းပြည်အတွက် နှစ် ၃၀၊ ၄၀ ပေးဆပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းဟောင်းကြီးတွေကို အသိ အမှတ်ပြုလိုက်တာပေါ့။ အရင်တုန်းက ပင်စင်လစာ နည်းနည်းလေးပဲ ရခဲ့တဲ့ သူတွေအတွက် အရမ်းပဲဝမ်းသာပါ တယ်"ဟု ၎င်းက ပြောသည်။
ပင်စင်လစာငွေများ တိုးမြှင့်သတ် မှတ်ခြင်းကြောင့် ကျပ်ငွေပေါင်းများစွာ စီးဝင်လာမည်ဖြစ်သော်လည်း ငွေကြေး ဖောင်းပွမှုအတွက် စိုးရိမ်ပူပန်မှုမဖြစ် ကြရန် ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။
"အခုလို ကောင်းတဲ့သတင်းကြားရ ပြီးတဲ့နောက်မှာ ကောင်းတဲ့ကိစ္စကိုပဲ စဉ်းစားကြရအောင်ပါ။ အငြိမ်းစားယူသွားတဲ့ဝန်ထမ်းတွေ သူတို့နဲ့ထိုက်တန်တဲ့ဂုဏ်ပြုမှုကို ရရှိတဲ့အပေါ် ကျွန်တော်တို့ မုဒိတာပွားဖို့ပဲ သင့်ပါတယ်။ ပင်စင်လစာငွေဆိုတာ တိုင်းပြည်တစ်ပြည်ရဲ့ 'လူမှုဖူလုံရေး အသုံးစရိတ်'ထဲမှာ ပါပါတယ်။ ဒီ ၀န်ထမ်းဟောင်းကြီးတွေအတွက် ဘ၀အာမခံချက်သဘောပါပဲ" ဟု ၎င်းက ပြောသည်။
၁၉၉၃ ခုနှစ်တွင် ကွတ်ခိုင်မြို့ မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း ဒုတိယမြို့နယ် မန်နေဂျာရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဒေါ်ခင်မြတ်ထွန်းက ရှေးယခင် ပြည်သူ့ ၀န်ထမ်းလစာများ မတိုးမီက ၀န်ထမ်းများရရှိခဲ့သည့် လုပ်သက်အကျိုးခံစားခွင့် (ဂရက်ကျူတီ)မှာ ယခုနောက်ပိုင်း အငြိမ်းစားယူသူများနှင့် ယှဉ်လျှင် များစွာနည်းခဲ့သည်ဟု ပြောသည်။
လုပ်သက် အကျိုးခံစားခွင့်ကို ၀န်ထမ်းတစ်ဦး၏ လုပ်သက်နှစ်ကို အငြိမ်းစားယူသည့်အချိန်တွင် ခံစားရသည့်လစာနှင့်မြှောက်ပြီး နှစ်ဖြင့်စားခြင်းဖြင့် တွက်ချက်ယူခြင်းဖြစ်ရာ ၀န်ထမ်းလစာများ ၁၀ ဆ ခန့် တိုးမြှင့်ခဲ့သည့် ၂၀၀၆ ခုနှစ်၊ ဧပြီလ ၁ ရက် နောက်ပိုင်း အငြိမ်းစားယူသူများ၏ လုပ်သက် အကျိုးခံစားခွင့်မှာ များစွာပိုမိုသည်ကို တွေ့ရသည်။
"ဘာပဲပြောပြော အခုလို အငြိမ်းစား ၀န်ထမ်းအားလုံး တစ်ပြေးညီ ပင်စင်လစာခံစားခွင့်ရတာတော့ မဆိုးပါဘူး" ဟု ပင်စင်လစာ တစ်လ ကျပ် ၃၀၀ ရရှိ သည့် ဒေါ်ခင်မြတ်ထွန်းကပြောသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ