Welcome to my blog :)

rss

Sunday, July 17, 2011

လွတ်လပ်သော တောင်ဆူဒန် နိုင်ငံသစ် အဖြစ် ဇူလိုင် ၉ ရက်နေ့တွင် ကြေညာ

w64121
ကွယ်လွန်ခဲ့ပြီးဖြစ်သော တောင်ဆူဒန် သူပုန်ခေါင်းဆောင်နှင့် ပထမဆုံး ဒုတိယသမ္မတ ဂျွန်ဂါရန် ရုပ်တု အနီးတွင် ပြည်သူများ နိုင်ငံသစ် ထူထောင်မှု အထိမ်းအမှတ် ဆင်နွှဲနေစဉ်
ဆူဒန်နိုင်ငံ မြောက်ပိုင်းမှ ခွဲထွက်၍ လွတ်လပ်သော တောင်ဆူဒန်နိုင်ငံသစ် အဖြစ် ဇူလိုင် ၉ ရက်တွင် ကြေညာခဲ့ရာ တောင်ဆူဒန်နိုင်ငံသား ထောင်ပေါင်းများစွာသည် နိုင်ငံသစ် ပေါ်ထွန်းလာမှု အတွက် ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ နိုင်ငံသစ် အဖြစ် ကြေညာနိုင်ခဲ့သော်လည်း မြောက်ဆူဒန်နှင့် နယ်စပ် အရေး၊ အငြင်းပွား နယ်မြေ ပိုင်ဆိုင်မှု ပြဿနာ၊ နှစ်နိုင်ငံ စီးပွားရေး၊ ရေနံ ပြဿနာတို့မှာ သဘောတူညီချက် မရသေးဘဲ တင်းမာမှု ရှိနေဆဲ ဖြစ်သည်။
နိုင်ငံသစ် အဖြစ် ကြေညာသည့် အခမ်းအနားတွင် တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာကီယာနှင့်အတူ ပြည်တွင်းစစ် အတွင်း ပြိုင်ဘက် အဖြစ် တိုက်ခိုက်ခဲ့ရသော မြောက်ဆူဒန်ကို အုပ်ချုပ်နေသူ သမ္မတ အိုမာအယ်လ်ဘာရှားလည်း တက်ရောက်ခဲ့သည်။ ရေနံ ထုတ်လုပ်နိုင်သော်လည်း ဖွံ့ဖြိုးမှု နိမ့်ကျနေသော တောင်ဆူဒန်သည် မြောက်ဆူဒန်နှင့် ဆယ်စုနှစ်များစွာ ပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ငြိမ်းချမ်းရေး သဘောတူညီချက် ရခဲ့သည်။ ယင်းသဘောတူညီချက် အရ တောင်ဆူဒန်တွင် ဇန်န၀ါရီလက လူထုဆန္ဒ ခံယူပွဲ ပြုလုပ်ခဲ့ရာ မြောက်ဆူဒန်မှ ခွဲထွက်၍ နိုင်ငံသစ် ထူထောင်ရန် ပြည်သူများက ထောက်ခံမဲ ပေးခဲ့သဖြင့် ဇူလိုင် ၉ ရက်တွင် နိုင်ငံသစ်အဖြစ် ကမ္ဘာသို့ ကြေညာနိုင်ခဲ့သည်။
''ပြည်သူတွေက ဒီမိုကရေစီ နည်းကျ ရွေးချယ်ထားတဲ့ ကျွန်တော်တို့ အစိုးရက လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ တောင်ဆူဒန် နိုင်ငံသစ် အဖြစ် ဒီနေရာကနေ တရားဝင် ကြေညာလိုက်ပါတယ်''ဟု တောင်ဆူဒန် လွှတ်တော် ဥက္ကဋ္ဌ ဂျိမ်းစ်ဝမ်နီအက်ဂါက ကြေညာချက်ကို ဖတ်ပြခဲ့သည်။ ပြည်သူများက လက်များကို လေထဲမြှောက်ကာ ''ငါတို့ လွတ်လပ်ပြီ။ ငါတို့ လွတ်လပ်ပြီ''၊ ''တောင်ဆူဒန်၊ လွတ်လပ်ပြီ''ဟု ဟစ်ကြွေးခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး၏ ဖမ်းဝရမ်း ထုတ်ခြင်း ခံရသော မြောက်ဆူဒန် သမ္မတ ဘာရှားက အခမ်းအနားတွင် မိန့်ခွန်း ပြောခဲ့သဖြင့် အနောက်နိုင်ငံ သံတမန်များ အတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့သည်။
တောင်ဆူဒန်ကို နိုင်ငံသစ် အဖြစ် မြောက်ဆူဒန်က ဇူလိုင် ၈ ရက်တွင် ပထမဆုံး အသိအမှတ် ပြုခဲ့ပြီး အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ အစ္စရေးနိုင်ငံ တို့ကလည်း အသိအမှတ် ပြုခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန် အပါအ၀င် အာဖရိက နိုင်ငံပေါင်း ၃၀ မှ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။ မြောက်ဆူဒန်ကို ရှစ်နှစ်ကြာ တိုက်ခိုက်ခဲ့သော ဒါဖာ သူပုန်ခေါင်းဆောင် အဘီဒယ်ဝါဟစ်ဒ်အယ်နူအာကို ထောက်ခံသူ ၂၀၀ ခန့် တက်ရောက်ခဲ့သည်။
အမေရိကန်နိုင်ငံက တောင်ဆူဒန် နိုင်ငံသစ်ကို အသိအမှတ်ပြုကြောင်း သမ္မတာ အိုဘားမားက ပြောကြားခဲ့သော်လည်း မြောက်ဆူဒန် အပေါ် ကာလရှည်ကြာ ချမှတ်ထားခဲ့သော ပိတ်ဆို့ အရေးယူမှုများနှင့် ပတ်သက်၍ အပြောင်းအလဲ ရှိမည် မဟုတ်သေးကြောင်း ပြောကြားခဲ့သည်။ တောင်ဆူဒန် သမ္မတ ကီယာ က ၎င်းတို့ အစိုးရကို တိုက်ခိုက်ခဲ့သော သူပုန်များအား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု ကမ်းလှမ်းခဲ့ပြီး အငြင်းပွား နယ်စပ်များတွင် ငြိမ်းချမ်းရေး ရရှိစေရန် လုပ်ဆောင်သွားမည်ဟု ကတိပြု ပြောကြားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ