Welcome to my blog :)

rss

Sunday, July 17, 2011

အာရပ်နွေဦးသည် ဘာလင်တံတိုင်း ပြိုကျခြင်းနှင့် တူညီကြောင်း မက်ဗီဒက်ဗ် ပြောကြား

မငြိမ်သက်မှုများကို ရှောင်ရှားနိုင်ရန် အချိန်အခါသင့် ပြုပြင် ပြောင်းလဲမှုများ လိုအပ်ကြောင်း မက်ဗီဒက်ဗ်က အလေးအနက် ပြောကြားရာတွင် အာရပ်နွေဦး၏ ဖြစ်နိုင်ဖွယ်ရာ အကျိုးဆက်များသည် ဘာလင်တံတိုင်း ပြိုကျစဉ် အချိန်က အကျိုးဆက်များနှင့် တူညီကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် နှိုင်းယှဉ် ပြောကြားသွားခဲ့သည်။
အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းတွင် ဖြစ်ပွားနေသော ဆန္ဒပြမှုများသည် သမိုင်းဝင် လက္ခဏာ တစ်ရပ် ဖြစ်ပြီး ဘာလင်တံတိုင်း ပြိုကျပြီးနောက် ဥရောပ အလယ်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းများ ကဲ့သို့ အသွင် ကူးပြောင်းရေး အတွက် လမ်းခင်းပေးနိုင်ကြောင်း မက်ဗီဒက်ဗ်က နိုင်ငံခြား သံတမန်များကို ကရင်မလင်တွင် ပြောကြားခဲ့သည်။ ယခုတဖန် အာရပ် ကမ္ဘာတွင် ဖြစ်ပေါ်လျက်ရှိသော အဖြစ်အပျက်များသည် လူမှုစီးပွား၊ ပြောင်းလဲမှုများ၊ ပြည်သူအများစု၏ အကျိုးစီးပွားကို ထည့်သွင်း တွက်ချက်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ပြသလျက် ရှိပြီး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က ဘာလင်တံတိုင်း ပြိုကျမှုသည် ကွန်မြူနစ်ဝါဒကို သွေးထွက်သံယိုမှု မရှိဘဲ အဆုံးသတ်ခဲ့ခြင်း၏ သင်္ကေတ တစ်ခု ဖြစ်ပြီး ယင်းကဲ့သို့ အဆုံးသတ်ခဲ့ခြင်းမှာ ဆိုဗီယက်ဒေသတစ်ဝန်း တစ်ခုပြိုလျှင် အားလုံးပြိုသည့် ဒိုမီနို သက်ရောက်မှု အဖြစ် ရှုမြင်ခဲ့ကြပြီး ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားခဲ့သည်။
တူနီရှားတွင် ဖြစ်ပေါ်ခဲ့သော အုံကြွမှုကို ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းမပေးနိုင်သည့် အစိုးရ အားလုံးအတွက် သင်ခန်းစာတစ်ခု ဖြစ်သည်ဟု မက်ဗီဒက်ဗ်က ယခင်က ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း လစ်ဗျား ပဋိပက္ခတွင် အနောက်နိုင်ငံများ၏ အပြုအမူကို မနှစ်မြို့သည့် သဘော ပြောကြားခဲ့ပြီး လုံခြုံရေးကောင်စီ၏ အရေးကြီးသော ဆုံးဖြတ်ချက် အတွက် မဲမပေးခဲ့ပေ။ နောက်ပိုင်းတွင်လည်း နေတိုး ဦးဆောင်သည့် စစ်ဆင်ရေး အတိုင်းအတာကိုလည်း ဆက်လက် ဝေဖန်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ