Welcome to my blog :)

rss

Sunday, July 24, 2011

ပါကစ္စတန်နှင့် ဘင်လာဒင် ဆက်ဆံမှု မရှိခဲ့ကြောင်း သမ္မတဟောင်း မူရှာရက်ဖ် ပြောကြား

w64307
ဝါရှင်တန်ရှိ ၀ုဒ်ရိုးဝီလ်ဆင် စင်တာတွင် အမေရိကန်-ပါကစ္စတန် ဆက်ဆံရေး ခေါင်းစဉ်ဖြင့် ဟောပြောနေသည့် မူရှာယက်ဖ်
လန်ဒန်သို့ ထွက်ပြေး တိမ်းရှောင်နေသည့် ပါကစ္စတန် သမ္မတဟောင်း မူရှာရက်ဖ်က မိမိတို့ နိုင်ငံနှင့် အိုစမာဘင်လာဒင် တို့အကြား ဆက်ဆံမှု မရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ အစိုးရများ အနေဖြင့် အဆိုပါကိစ္စကို အကျယ်မချဲ့ဘဲ ယုံကြည်မှုကို ပြန်လည် တည်ဆောက်သင့်ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
''ပါကစ္စတန်နိုင်ငံဟာ အိုစမာဘင်လာဒင်နဲ့ ပတ်သက်မှု မရှိခဲ့ဘူး ဆိုတာ ကမ္ဘာနဲ့အမေရိကန်နိုင်ငံကို လက်ခံ ယုံကြည်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ ပေါ့ဆမှုကြောင့် ဖြစ်သွားရတာပါ''ဟု မူရှာရက်ဖ်က ၀ါရှင်တန်သို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်။
မေလ ၂ ရက်နေ့တွင် အမေရိကန် အထူးတပ်ဖွဲ့များက အိုစမာဘင်လာဒင်အား ပါကစ္စတန်နိုင်ငံ ပိုင်နက် အတွင်း ၀င်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်ခဲ့ရာ ဘင်လာဒင် အနေဖြင့် ပါကစ္စတန်နိုင်ငံ အတွင်း ငါးနှစ်ကြာ နေထိုင်ခဲ့ခြင်းကို အစိုးရက သိရှိကြောင်း အမေရိကန်နိုင်ငံက သံသယ ဖြစ်ပွားခဲ့သည်။ ''အိုစမာဘင်လာဒင် ပါကစ္စတန်နိုင်ငံမှာ ငါးနှစ်နေခဲ့တဲ့ထဲက နှစ်နှစ်က ကျွန်တော် သမ္မတတာဝန် ထမ်းဆောင်စဉ်ကာလ ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်တို့ ပတ်သက်မှု လုံးဝ မရှိခဲ့ပါဘူး။ ဒါကတော့ ယုံချင်ယုံ၊ မယုံချင်နေပေါ့''ဟု မူရှာရက်ဖ်က ပြောကြားခဲ့သည်။
ယခုအခါ အသက် ၆၇ နှစ်အရွယ် ရှိပြီ ဖြစ်သော မူရှာရက်ဖ်သည် ပါကစ္စတန်နိုင်ငံ၏ သမ္မတရာထူးကို ၁၉၉၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုပြီးနောက် အမေရိကန် သမ္မတဟောင်း
ဂျော့ဒဗလျူဘုရှ် အစိုးရနှင့် ဆက်ဆံရေး တိုးမြှင့်ခဲ့သည်။ မူရှာရက်ဖ်သည် ယခုအခါ လန်ဒန်တွင် တိမ်းရှောင်နေပြီး  ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပါကစ္စတန်နိုင်ငံသို့ လာမည်နှစ်တွင် ပြန်သွားရန်
ပြင်ဆင်ထားကြောင်း သိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ