Welcome to my blog :)

rss

Sunday, July 24, 2011

မြန်မာနိုင်ငံသို့ တရားဝင် ဖွံ့ဖြိုးရေး အကူအညီပေးမှု ဂျပန်နိုင်ငံပြန် စဉ်းစားနေ

မြန်မာနိုင်ငံသို့ တရားဝင်ဖွံ့ဖြိုးရေး အကူအညီပေးမှု ဂျပန်နိုင်ငံ ပြန်ပြီးစဉ်းစားနေကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ပြောကြားခဲ့သည်။
ဦးဌေးဦးက ဇူလိုင်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးချုပ်၌ ပြုလုပ်ခဲ့သော နိုင်ငံ ရေးပါတီ ခြောက်ပါတီမှ ပါတီဝင် လူငယ် ၂၀ ဂျပန်အစိုးရ၏ ဖိတ်ကြားမှုဖြင့် ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး တစ်ပတ်ကြာ သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းပွဲပြီး နောက် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရားဝင်ဖွံ့ဖြိုးရေးအကူ အညီပေးမှုနဲ့ပတ်သက်လို့ မစ္စကီကုတ (ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန ပါလီမန် ဒုတိယ၀န်ကြီး မစ္စမာကိကို ကီကုတ) ဒီလာတဲ့အချိန်တုန်းက အဲဒီအကြောင်းလေး ပြောဖြစ်တယ်။ ပြောပြီးပြီးချင်း သိပ်မကြာဘူး၊ ကျွန်တော်တို့ သတင်းရတယ်။ ဒီဥစ္စာနဲ့ ပတ်သက်လို့ ပြန်ပြီး စဉ်းစားတယ်လို့ သတင်းရတယ်”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး က Weekly Eleven News ဂျာနယ်၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့သည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံသို့ တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ထောက်ပံ့မှုကို ယခင်ကပေးခဲ့ဖူးပြီး ယင်းကဲ့သို့ ပေးခဲ့ရာတွင် ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်မှု စသည့်နည်းလမ်းများဖြင့် ပေးခဲ့ကြောင်း သိရသည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဌာန ပါလီမန်ဒုတိယ၀န်ကြီး မစ္စ မာကိကိုကီကုတသည် မြန်မာနိုင်ငံသို့ ဇွန်လကုန်ပိုင်းက ရောက်ရှိလာခဲ့ပြီး မြန်မာအစိုးရတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နှင့်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန်တို့ကို ဆွေးနွေးခဲ့သည်။
မြန်မာ -ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၄ ခုနှစ် နိုဝင်ဘာလတွင် စတင် တည်ထောင်ခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ