Welcome to my blog :)

rss

Sunday, July 17, 2011

စကားပြောတဲ့ ဖားကလေး


အသက် ၇၂ နှစ်အရွယ် အဖိုးအို တစ်ဦးဟာ သူရဲ့ လှေပေါ်မှာ ထိုင်ပြီး ငါးမျှားနေပါတယ်.. အဲဒီချိန်လေးမှာ အသံလေးတစ်သံကို သူက ကြားလိုက်ရတယ်..  ကယ်ပါဦး ကယ်ပါဦး ဆိုတဲ့ အသံလေး သေးသေးလေး….

အဖိုးအိုဟာ သူ့ ဘေးပတ်ဝန်းကျင်ကို လိုက်ရှာပေမဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့တော့ အိပ်မက် မက်နေတယ်လို့တောင် သူက ထင်လိုက်ပါတယ်..  ဒါပေမဲ့ ကယ်ပါဦး ဆိုတဲ့ အသံကိုဘဲ သူက ထပ်ထပ်ကြားလိုက်ရပြန်တယ်..  ဒါနဲ့ သေသေချာချာ လိုက်ရှာကြည့်တော့မှ ရေထဲက ကြာရွက် တစ်ရွက်ပေါ်မှာ ဖားကလေးတစ်ကောင်ကို တွေ့လိုက်ပါတယ်…

မင်းက ငါ့ကို စကားပြောနေတာလားလို့ အဖိုးအိုက ဖားကလေးကို မေးလိုက်ပါတယ်..

ဟုတ်ပါတယ်.. ရှင့်ကိုပြောနေတာပါ.. ကျွန်မကို ကယ်ပါ.. ဒီကြာရွက်ပေါ်ကနေ ဆယ်ယူပြီး ရှင်က ကျွန်မကို အနမ်းလေးတစ်ပွင့် ပေးလိုက်ပါ… ဒါဆိုရင် ကျွန်မဟာ ရှင်မြင်ဖူးသမျှ မိန်းမပျိုတွေထဲမှာမှ အလှဆုံး မိန်းခလေးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်..  ပြီးရင် ကျွန်မဟာ ရှင့်ရဲ့ သတို့သမီးလေး ဖြစ်လာမှာပါ…. ဒါဆိုရင် ရှင့်သူငယ်ချင်းတွေ မိတ်ဆွေတွေက ရှင့်ကို မနာလိုရလောက်အောင် ဖြစ်ကြပါလိမ့်မယ်..

အဖိုးအိုဟာ ဖားကလေးရဲ့ စကားကို ကြားတာနဲ့ ချက်ခြင်းဘဲ ဖားကလေးကို ကောက်ပြီး သူရဲ့ အကျီင်္ အိတ်ထောင်ထဲကို ထည့်လိုက်ပါတော့တယ်…

ဖားကလေးက ရှင်ရူးနေသလား.. ကျွန်မပြောတာကို ရှင်မကြားဘူးလား.. ကျွန်မကို နမ်းလိုက်ရင် ရှင့်ရဲ့ အလှပဆုံး သတို့သမီးလေး ဖြစ်လာမှာပါလို့ ပြောနေတယ်လေ……….

အဖိုးကြီးက အိတ်ထောင်လေးကို အသာဟပြီး ဖားကလေးကို ငုံ့ကြည့်ကာပြောလိုက်ပါတယ်.

နေပါစေ… ငါ့အသက်အရွယ်က သတို့သမီးတစ်ယောက်ထက် စကားပြောတတ်တဲ့ ဖားတစ်ကောင်ရှိတာက ပိုပြီးကောင်းလိမ့်မယ်တဲ့…………………

စာလာဖတ်တဲ့ ယောက်ျားလေးများ အဖိုးအိုနေရာမှာသာ ဆိုခဲ့ရင် ဖားကလေးကို နမ်းမှာလား…  
အမျိုးသမီးတွေကတော့ ပွဲကြည့်ပရိသတ်ပေါ့နော်..

 
မောင်မောင်(အလွမ်းမြေ)

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ