Welcome to my blog :)

rss

Monday, July 18, 2011

တာဘိုင်အင်ဂျင်သုံး လင်းနို့လူသားကား ဖန်တီး

w64201
ပွတ်ရှ်ပြိုင်ကားကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ ကေစီပွတ်ရှ်သည် တာဘိုင်အင်ဂျင်သုံး လင်းနို့လူသားကားကို ဖန်တီးလိုက်သည်ဟု သိရသည်။ ၁၉၈၉ ခုနှစ်က ပထမဆုံး ရုံတင်ခဲ့သော လင်းနို့လူသား ဇာတ်ကားထဲမှ ကားပုံစံအတိုင်း ဖန်တီးထားသည်။
အမေရိကန်ရေတပ်မှ လူမဲ့လေယာဉ်တွင်သုံးသော ဘိုးအင်းတာဘိုင် အင်ဂျင်အဟောင်းကို သုံးထားပြီး မောင်းနှင်ပါက နောက်တွင် မီးတောက်မှာ ငါးပေမျှ ထွက်နိုင်သည်ဟု သိရသည်။ ပေ ၂၀ ရှည်ပြီး ၇ ပေ ငါးလက်မကျယ်သော ကားမှာ လူ နှစ် ယောက် သက်သောင့်သက်သာ စီးနင်းနိုင်ပြီး မြင်းကောင်ရေ ၃၆၅ ကောင်အား ရှိသည်ဟု သိရသည်။ ဒီဇယ်အင်ဂျင် သုံးနိုင်သလို လေယာဉ်လောင်စာလည်း သုံးနိုင်သည်ဟု သိရသည်။ လင်းနို့လူသားကားထက် သာသည်မှာ အတွင်းတွင် စီဒီပလေယာအစား သင်ပုန်းကွန်ပျူတာ အိုင်ပက်ကို တပ်ဆင်ထားခြင်း ဖြစ်ပြီး ဂျီပီအက်စ်စနစ် အတွက်ပါ သုံးနိုင်မည် ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ