Welcome to my blog :)

rss

Monday, July 18, 2011

တာဝန်မဲ့ခြင်းနှင့် လောဘကြီးခြင်းကြောင့် သင်္ဘောနစ်မြုပ်ရခြင်း ဖြစ်သည်ဟု ပူတင် ပြောကြား

ရုရှားနိုင်ငံတွင် ဖြစ်ပွားသည့် သင်္ဘောနစ်မြုပ်မှုသည် တာဝန်မဲ့မှုနှင့် လောဘကြီးသောကြောင့် ဖြစ်ရကြောင်း အခင်းဖြစ်ပွားရာ ကာဇန်မြို့သို့ သွားရောက်ခဲ့သည့် ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်က ပြစ်တင် ပြောကြားခဲ့သည်။ အဆိုပါ သင်္ဘောနစ်မြုပ်မှုကြောင့် အနည်းဆုံး လူ ၁၁၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် ကလေးအများဆုံး ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ သင်္ဘောနစ်မြုပ်မှုသည် ရုရှားနိုင်ငံတွင် ဆယ်စုနှစ် သုံးခု အတွင်း အဆိုးရွားဆုံး ရေဘေးအန္တရာယ် ဖြစ်ပြီး လူ ၂၀ ကျော်မှာ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ ရေငုပ်သမားများသည် အစွမ်းကုန် ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း မတွေ့ရှိသောကြောင့် ပျောက်ဆုံးနေသူများမှာ သေဆုံးပြီဟု ထင်မှတ်ရကြောင်း ဒေသဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေး ၀န်ကြီးဌာနမှ အရာရှိ Igor Panshin က ပြောကြားခဲ့သည်။
''တာဝန်မဲ့မှုနဲ့ လောဘကြီးမှုဟာ ကြောက်စရာ ကောင်းပါတယ်။ အခြေခံ ဘေးကင်းလုံခြုံမှု လိုအပ်ချက်တွေကို ချိုးဖောက်ခြင်းကို ကျွန်တော်တို့ ပြစ်ဒဏ်ပေးရမယ်''ဟု လူထု၏ ဒေါသထွက်မှုကို ပဲ့တင်မှု အဖြစ် ၀န်ကြီးချုပ် ပူတင်က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ပူတင်သည် Bulgarai သင်္ဘော ထွက်ခွာခဲ့ရာ မြစ်ဆိပ်ကမ်းတွင် ကြက်သွေးရောင် နှင်းဆီပန်းများကို ချထားခဲ့သည်။
နစ်မြုပ်ခဲ့သည့် Bulgaria သင်္ဘောသည် ၇၉ မီတာ အရှည် ရှိပြီး ၁၉၅၅ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ သင်္ဘော၏ ဘယ်ဘက် အင်ဂျင်ပိုင်းတွင် ပြဿနာတစ်ခု ဖြစ်ခဲ့မှုကြောင့် ခရီးသည်တင်ခွင့် လိုင်စင် မရှိတော့ကြောင်း အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။
'ခရီးသွားလိုင်စင် မရှိဘဲ ကုမ္ပဏီ တစ်ခုကို သင်္ဘောခရီးသွားဖို့ ဘယ်လို ခွင့်ပြုချက် ရခဲ့လဲ။ ဘယ်သူက ခွင့်ပြုခဲ့လဲ။ ဒီကဏ္ဍအတွက် စည်းမျဉ်းတွေကို သုံးသပ်ဖို့ လိုအပ်နေပြီ။ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေ လုပ်ဖို့ လိုနေပြီ''ဟု ၀န်ကြီးချုပ် ပူတင်က ပြောကြားခဲ့သည်။ ခရီးသွားကုမ္ပဏီ ဒါရိုက်တာနှင့် ရေကြောင်းပို့ဆောင်ရေး စစ်ဆေးရေး အရာရှိ တစ်ဦးကို ဖမ်းဆီးထားကြောင်း သိရှိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ