Welcome to my blog :)

rss

Sunday, July 24, 2011

 အသက် ၆၀ နှင့်အထက် သက်ရွယ်ကြီးသူ အရေအတွက် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံလူဦးရေ၏ ၉ ရာခိုင်နှုန်းကျော်သို့ တိုးလာ

မြန်မာနိုင်ငံတွင် အသက် ၆၀ နှင့်အထက်ရှိ သက်ရွယ်ကြီးသူအရေ အတွက်မှာ ၂၀၀၇ ခုနှစ်တွင် လူဦးရေ စုစုပေါင်း၏ ၈ ဒသမ ၇ ရာခိုင် နှုန်းရှိရာမှ ၂၀၁၀ ပြည့်နှစ်တွင် ၉ ဒသမ ၁ ရာခိုင်နှုန်းသို့ တိုးလာခဲ့ကြောင်း
ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ သိရှိရပါသည်။
အသက်အရွယ်ကြီးသူများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ခြင်းဖြင့် မိသားစုများအပေါ် ၀န်ထုပ်ဝန်ပိုးကို သက်သာစေရုံသာမက သက်ရွယ်ကြီးသူတို့အဖို့ စီးပွားရေးအရ မှီခိုနေရမှုကို
လျော့နည်းစေနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ရှိ ခန့် မှန်းလူဦးရေမှာ ၅၉ ဒသမ ၁၃ သန်း ရှိကြောင်းနှင့် အသက် ၆၀ နှင့်အထက် လူဦးရေသည် ၅ သန်း ကျော်ရှိ လာပြီဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် မိသားစုများသည် သားသမီး အရေအတွက် လျော့နည်းရယူလာကြပြီး လူတို့၏ သက်တမ်းမှာလည်း ပိုမိုရှည်လာသည်နှင့်အမျှ သက်ရွယ်ကြီးသူဦးရေသည်လည်း နိုင်ငံတိုင်း၊ နေရာတိုင်းတွင် တိုးတက်
များပြားလာခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် လူမှုဘ၀ဖူလုံရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စီးပွားရေးကဏ္ဍများ အထိပါ စိန်ခေါ်မှုများ ရှိလာကြောင်း၊ ကျန်းမာ၍ အလုပ်လုပ်နိုင်သော သက်ကြီးများသည် အသုံးမပြုရသေးသည့် လူ့စွမ်းအား အရင်းအမြစ်များဖြစ်ကြောင်း၊ ၎င်းတို့သာ ဆက်လက်၍ အလုပ်လုပ်မည်ဆိုလျှင် မိသားစုနှင့် လူမှုပတ်ဝန်းကျင်အတွက် အဓိက အထောက်အကူ ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
“လူဦးရေသန်းပေါင်း ၇၀၀၀ ရှိနေတဲ့ ဤမြေပေါ်မှာ လူသားတိုင်းဟာ လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ မိမိစွမ်းရည်ကို အကောင်းဆုံး အသုံးချနိုင်မယ့် အခွင့်အလမ်းများကို ပိုင်ဆိုင်ခံစားနိုင်ရန် လိုအပ်ပါတယ်”ဟု
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Babatunde Osotimehinက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လူဦးရေ နှစ်စဉ်တိုးနှုန်း
ဘဏ္ဍာရေးနှစ် လူဦးရေ(ထောင်ပေါင်း) တိုးနှုန်း
၂၀၀၂-၂၀၀၃ ၅၂၁၇၁ ၂.၀၂
၂၀၀၃-၂၀၀၄ ၅၃၂၂၄ ၂.၀၂
၂၀၀၄-၂၀၀၅ ၅၄၂၉၉ ၂.၀၂
၂၀၀၅-၂၀၀၆ ၅၅၃၉၆ ၂.၀၂
၂၀၀၆-၂၀၀၇ ၅၆၅၁၅ ၂.၀၂
၂၀၀၇-၂၀၀၈ ၅၇၅၀၄ ၁.၇၅
၂၀၀၈-၂၀၀၉ ၅၈၃၇၇ ၁.၅၂

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ