Welcome to my blog :)

rss

Sunday, July 24, 2011

ကွန်တိန်နာ အလုံးလိုက်ဖြင့် တရားမ၀င် ပစ္စည်းခိုးယူ တင်သွင်းမှုရှိနေ

6433
တစ်ရှူးစာရင်းပြကာ ကားအစီးလိုက်နှင့် အခြားပစ္စည်းများ ထည့်သွင်း တင်သွင်းလာသည့်
ကွန်တိန်နာကို မြန်မာ့စက်မှုဆိပ်ကမ်း၌ စစ်ဆေးတွေ့ရှိစဉ်
တစ်ရှူးတင်သွင်းလာသည်ဟု စာရင်းပြကာ ကားအစီးလိုက်နှင့် တန်ဖိုးမြင့် အခြားပစ္စည်းများ ထည့်သွင်းကာ တင်သွင်းလာသည့် ကွန်တိန်နာများအား မြန်မာ့စက်မှုဆိပ်ကမ်းတွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။
လက်ရှိတွင် သက်ဆိုင်ရာဌာနများမှ စိစစ်ဆဲဖြစ်ကြောင်း၊ လတ်တလောတွင် သိမ်းဆည်းခြင်း၊ အရေးယူခြင်းများ အတွက် စိစစ်ခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်အကျဉ်းမှာ ကုမ္ပဏီတစ်ခုမှ တစ်ရှူးများ တင်ဆောင်လာမည်ဟု စာရင်းပြထားသော ကွန်တိန်နာများအတွင်း ကားအစီးလိုက်အား ပြည်ပထုတ် အချိုရည်ဘူးများဖြင့် ကာရံကာ တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့က စစ်ဆေးတွေ့ရှိခြင်းဖြစ်ပြီး မြန်မာ့စက်မှုဆိပ်ကမ်းသို့ လုပ်ငန်းကိစ္စ ဆောင်ရွက်စဉ် ရောက်ရှိနေသော လုပ်ငန်းရှင်တစ်ဦးက သိရှိခဲ့ရသည့် ဖမ်းမိပစ္စည်းများ ဖြစ်စဉ်အကြောင်းကို “ဇူလိုင်လ ၁၃ ရက်နေ့မှာ အလုပ်ကိစ္စနဲ့ ကျွန်တော်တို့သွားရောက်တဲ့အခါမှာ ကွန်တိန်နာတွေကို စစ်ဆေးနေတာ တွေ့ရတယ်။ အဲဒီမှာ ကွန်တိန်နာကို စဖွင့်ဖွင့်ခြင်း ပြည်ပထုတ် အချိုရည်ဘူးတွေ တွေ့ရတယ်။ အဲဒါ တွေကို ဖယ်လိုက်တော့မှ ကားအစီးလိုက် တင်လာတာတွေ့ရတာ။ ကားထဲမှာလည်း ဟန်းဆက်လို ပစ္စည်းတွေ တွေ့ရတယ်။ ကွန်တိန်နာကတော့ လောလောဆယ် ခုနစ်လုံးလို့သိရတယ်။ အဲဒီကွန်တိန်နာတွေကို သိမ်းဆည်းရမိနဲ့ လေလံပစ္စည်းတချို့ အရင်တုန်းကထားလေ့ရှိတဲ့ Wharf 5 ကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။ ကျွန်တော် ကြားသိရသလောက်တော့ တစ်ရှူးတင်ဆောင်လာမယ်လို့ စာရင်းပြထားတဲ့ ကွန်တိန်နာလို့သိရတယ်။ အဲဒီနေ့က သက်ဆိုင်ရာရုံးက အဖွဲ့တွေပါ ဆင်းလာပြီးစစ်တာ။ သတင်းကြားလို့လည်း ဖြစ်မှာပေါ့”ဟု ပြောကြားခဲ့ပါသည်။

တိုင်းရင်းသား လုပ်ငန်းရှင်တွေဖြစ်လို့ ပြန်လှူပေးတာရှိဦးမယ်။ နောက်ဝင်လာမယ့် မှောင်ခိုသမားတွေက အခွန်လည်း မရ၊ ဘာတစ်ပြားမှလည်း လာမှာမဟုတ်ဘူး။ မှောင်ရိပ်ခိုက လှူလည်း မလှူ မတရားသဖြင့် လုပ်နေတာပါ . . .

“ဆိပ်ကမ်းမှာ တစ်ရက်ကို ကွန်တိန်နာ အလုံး ၁၀၀ စစ်တယ်။ အဲဒီနေ့က အလုံး ၁၀၀ ပြည့်ပြီးတော့မှပဲ အဲဒီကွန်တိန်နာ ခုနစ်လုံးကို စစ်တာတော့ တွေ့တယ်”ဟု တွေ့ ရှိခဲ့သူ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထိုသို့ ဥပဒေအား လက်တစ်လုံးခြားဖြင့် မှောင်ရိပ်ခို လုပ်စားနေသူများကြောင့် တရားဝင်တင်သွင်း ထုတ်လုပ်ရောင်းချသူ ပြည်တွင်းလုပ်ငန်းရှင်များအပေါ် ထိခိုက်နစ်နာရသည်ဟုလည်း လုပ်ငန်းရှင်များ က ဖွင့်ဟခဲ့ကြပါသည်။
မှောင်ရိပ်ခိုစီးပွားရေးမှ အကျိုးအမြတ်များဖြင့် ရှေ့၌စားသောက်ဆိုင်၊ စက်မှုလုပ်ငန်းကဲ့သို့သော ဗန်းပြအလုပ်ကလေးများ ထားရှိခြင်းသော် လည်းကောင်း၊ အကျိုးအမြတ် မသေချာသည့် စက်မှုလုပ်ငန်းများ အား ဗန်းပြလောက်ထူထောင်ပြကာ မှောင်ရိပ်ခို စီးပွားရေးလုပ်ကိုင်ခြင်းဖြင့် သော်လည်း ထိုသို့ လုပ်စားသူများသည် တစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ အုပ်စုလိုက်လုပ်ကိုင်နေ ကြောင်း လုပ်ငန်းရှင်များက ထောက်ပြလာသည်။
မှောင်ရိပ်ခိုသူများကြောင့် တရားဝင် ပြည်တွင်းလုပ်ငန်းရှင်များသာ ထိခိုက်သည်မဟုတ်ဘဲ နိုင်ငံ့အတွက် အခွန်ငွေများဆုံးရှုံးကာ အခွန်မရရှိမှုကြောင့် ပြည်သူများအတွက်ပါ နစ်နာရကြောင်း ပညာရှင်များကပါ ထောက်ပြခဲ့ကြသည်။
“အစိုးရက ဖွင့်သင့်တာဖွင့်ဖို့ စီစဉ်နေတဲ့ကာလမျိုးမှာတော့ အခုလို ဥပဒေကို လက်တစ်လုံးခြားနဲ့ မှောင်ရိပ်ခို လုပ်စားတာတွေကို ထိထိ ရောက်ရောက် ကိုင်တွယ်သင့်နေပြီ။ အကျိုးအမြတ်မကိုက်ရင် မလုပ်နဲ့ လက်တစ်လုံးခြားတော့ မလုပ်သင့်ဘူး။ အစိုးရအခွန် နစ်နာတဲ့အတွက် အခွန်ငွေရမှ ပြည်သူအတွက်သုံးတာ ဖြစ်လို့ ပြည်သူနာတယ်။ ရှေ့မှာ စားသောက်ကုန်လိုလို၊ အလှကုန်လို လို၊ စက်ရုံလုပ်ငန်းလိုလိုနဲ့ ဗန်းပြ အလုပ်တွေပြပြီး ကုမ္ပဏီနာမည်ခွဲတွေ အများကြီးယူထားတယ်။ ကုမ္ပဏီ နာမည်တစ်ခုနဲ့ မိရင်၊ နောက်တစ်ခုနဲ့ ထပ်လုပ်တယ်။ ဒီလိုလုပ်တာ တစ်ဦးတည်း နှစ်ဦးတည်း မဟုတ်ဘူး၊ အုပ်စု လိုက်လုပ်တယ်”ဟု လုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
ယခုကဲ့သို့ မှောင်ရိပ်ခိုသူများကြောင့် ပြည်တွင်း၌ သတ်မှတ်ခွန်များ ပေးဆောင်ကာ တရားဝင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များပို၍ ထိခိုက်နစ်နာရကြောင်းကို လုပ်ငန်းရှင် တစ်ဦးက ”နစ်နာတာကတော့ ဒီနေ့ ဒါတွေဖမ်းမိတယ်ဆိုရင် နောက်နေ့ ကျွန်တော်တို့ မှန်မှန်ကန်ကန် ကွန်တိန်နာ သွားထုတ်ရင်တောင် တစ်ခုချင်းစစ်တော့မှာ ဖြစ်တဲ့အတွက် အချိန် ပုပ်ကုန်တယ်၊ ဈေးကွက်ထဲအချိန်မီ မဖြန့်နိုင်ဘူး။ ဒီလိုအသေးအဖွဲကစပြီး နောက်ဆုံး သူတို့က အခွန်မပေးတဲ့အတွက် သူတို့အစားကျွန်တော်တို့က တိုင်းပြည်အတွက် လိုတာဖြည့် ဆောင်ပေးနေရတယ်လို့ ခံစားရတယ်ဗျာ။ ဒါတွေက ၀န်ထမ်းတွေကြောင့်ထက် အဲဒီလို ပေးကမ်း လုပ်ကိုင်နေတဲ့သူတွေကြောင့် မှောင်ခို ဖွံ့ဖြိုးနေတာလို့ထင်တယ်”ဟု ပြော ပြခဲ့ပါသည်။
“ဒါမျိုးကြားနေရတာ ကြာပါပြီ။ ထားပါတော့။ နောက်ထပ်မဖြစ်ဖို့ပဲ ပြောချင်တယ်။ ဒီကုမ္ပဏီအမည် နဲ့ ပြဿနာဖြစ်ရင် နောက်ကုမ္ပဏီ အမည်နဲ့ပြောင်းလုပ်တဲ့ ထုံးစံကိုပါ ရိုက်ချိုးပစ်ရမယ်”ဟု လုပ်ငန်းရှင် တစ်ဦးကလည်း ပြောကြားခဲ့ပါသည်။
“မှောင်ရိပ်ခိုတာတောင် မဟုတ်တော့ဘူး။ ဒါက ရမလားဆိုပြီး ပေါ်တင်ပါလုပ်လာတာ။ ဒီလူတွေက ဒီလုပ်ငန်းနဲ့ရတဲ့ အမည်ဖော်ပြလို့မရတဲ့ ငွေကြေးတွေနဲ့ အိမ်ခြံမြေ၊ ရွှေ၊ ကား၊ ငွေကြေးဈေးကွက်တွေမှာ ၀င် ကစားတော့ အိမ်မြေဈေးတွေပါ သက်ရောက်ပြီး ကျွန်တော်တို့လို တ ရားဝင်လုပ်တဲ့လုပ်ငန်းရှင်တွေမှာ လုပ်ငန်းသစ်တည်ထောင်ဖို့တောင် ခက်ကုန်တယ်။ မှောင်ရိပ်ခိုတာက မိ ရင်ဖမ်းလိုက်ရုံပဲ။ အခုက မှောင်ရိပ် ခိုရုံတင်မဟုတ်ဘူး ၀န်ထမ်းက အစ စနစ်တစ်ခုလုံးကို ငွေအင်အားနဲ့ဖျက် နေတာလို့ပြောရမှာပဲ။ ဖမ်းပါ၊ ရအောင်ဖော်ထုတ်ဖမ်းကြပါ။ အရေး ယူဆိုရင်လည်း နယ်စပ်က ကယ်ရီ လောက်အရေးယူလို့မရဘူး။ နောက် ကွယ်က ကြိုးကိုင်တဲ့အုပ်စုကိုပါ အရေးယူရမှာ။ ဒါမှ မှောင်ရိပ်ခိုလျော့ ကျပြီး ပြည်သူအတွက် အခွန်ငွေပို ထွက်လာမှာ။ အစိုးရလည်း ဒီလို လူတွေ အရေးယူလို့ အများပြည်သူ က ငြိုငြင်မှာမဟုတ်ပါဘူး။ ကြိုဆို သင့်တယ်လို့မြင်ကြမှာပါ”ဟုလုပ်ငန်း ရှင်တစ်ဦးကလည်းထောက်ပြခဲ့သည်။
ဝန်ထမ်းဟောင်းတစ်ဦးကလည်း “အရင်တုန်းက ဒီအခွင့်ထူးခံရတဲ့သူ တွေက မြန်မာတိုင်းရင်းသားလုပ်ငန်း ရှင်ကြီးတွေအများကြီးပဲ၊ အခုနောက် ပိုင်း ဒီအခွင့်ထူးခံနေရာတွေကိုဝင်ပြီး တော့ ပြည်သူလူထုကို ဆင်းရဲချမ်း သာကွာဟအောင် ထပ်နှိပ်စက်မယ့် လူတွေက တိုင်းရင်းသားလုပ်ငန်းရှင် တွေတော့မဟုတ်ဘူး။ ဒီလူတွေရဲ့ အန္တရာယ်ကတောင် ပိုကြောက်ဖို့ ကောင်းသေးတယ်။ သူတို့က အုပ်စု လိုက်ဖွဲ့ထားကြတယ်။ လုပ်ငန်းရှင် တွေ၊ လုပ်ငန်းတွေအချင်းချင်း ချိတ် ဆက်ထားတာ အများကြီးရှိတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ မှန်မှန်ကန် ကန်ရိုးရိုးသားသားလုပ်သင့်တယ်။ အခုသိရတဲ့ ကွန်တိန်နာကိစ္စက အစ သေးသေးလေးပဲရှိသေးတယ်။ ဒီလို အမည်မဖော်နိုင်တဲ့လုပ်ငန်း၊ ငွေကြေး တွေနဲ့ချမ်းသာနေတာအများကြီးပါ။ ဒီလိုကြီးပွားနေတဲ့သူတွေ အများကြီး ရှိတယ်။ သက်ဆိုင်တဲ့အခွန်အခတွေ တိတိကျကျမကောက်ရင် ပြည်တွင်း လုပ်ငန်းရှင်နစ်နာတယ်။ ပြည်တွင်း လုပ်ငန်းရှင်တွေက ကုန်သွယ်ခွန်ဆို လည်းတိတိကျကျပေးလုပ်နေရတယ်။ သူတို့က ကုန်တွေကို အခွန်တစ်ပြားမှ မပေးရဘဲလုပ်နေရတယ်။ အခုဆို ဘီယာချမ်းက ကျပ် ၅၀၀နဲ့ဝယ်လို့ ရတယ်။ မှောင်ခိုဝင်လာတာလေ။ ပြည်တွင်းမှာထုတ်တဲ့ မြန်မာဘီယာက ဘယ်လိုသွားယှဉ်နိုင်မလဲ။ ဒါတောင် အစပဲရှိသေးတယ်။ နောက်ထပ်အများကြီး ၀င်လာနိုင်တယ်”ဟုရှင်းပြပါသည်။
“၀န်ထမ်းတစ်ဦး သာမန်လာဘ်စားတာ ဘာမှမဖြစ်ဘူး။ ပမာဏကြီးကြီး ပေးလုပ်နေတဲ့သူတွေကို ပပျောက် အောင်လုပ်ရမှာ။ မှောင်ရိပ်ခို လုပ်ငန်းရှင်တွေက အမေရိကန်ဒေါ်လာ သန်းရာနဲ့ချီ ချမ်းသာနေတာ။ ဒါပေမယ့် သူတို့ပေးတဲ့အခွန်က မရှိသလောက်နည်းသလို သူတို့ကဗန်းပြ လုပ်ငန်းလေးတွေပဲလုပ်ပြီး လုပ်ငန်းကြီးတွေ အနေနဲ့ ထင်ထင်ပေါ်ပေါ်လည်း တက်မလာကြဘူး။ အစိုးရရဲ့အခွန်ရရှိမှုကို ကာကွယ်တာ ပြည်သူ့အကျိုးကို ကာကွယ်တာပါ။ အစိုးရကလည်း ရတဲ့အခွန်ကို ထင်သာမြင်သာ သုံးစွဲကြောင်း ပြည်သူကို ချပြရမယ်။ ၀န်ထမ်းတွေကို လစာတိုးပေးနိုင်မယ်၊ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး တိုးတက်အောင် လုပ်လာနိုင်မယ်။ ပြည်သူတွေသက်သာ ချောင်ချိအောင် ပြည်သူတွေလမ်းပန်း ဆက်သွယ်ရေး ပိုကောင်းအောင် လုပ်လာနိုင်မယ်။ အစိုးရက ပြည်သူ့အတွက် ဒီလိုလုပ်ပေးတဲ့နေရာမှာ သုံးစွဲ ဖို့ကိုလည်း မီဒီယာတွေက ထောက်ပြရမယ်၊ တိုက်တွန်းရမယ်”ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။
“အထူးအခွင့်အရေးရတဲ့ တိုင်းရင်းသား လုပ်ငန်းရှင်ကြီးတွေ ကျဆုံးသွားရင် အဲဒီနေရာမှာ ၀င်နေရာယူဖို့ မှောင်ရိပ်ခိုတွေက ချောင်းနေကြတာ။ ရှေ့က အခွင့်ထူးခံရတဲ့ လုပ်ငန်းရှင်တွေကမှ တိုင်းရင်းသားလုပ်ငန်း ရှင်တွေဖြစ်လို့ ပြန်လှူပေးတာရှိဦးမယ်။ နောက်ဝင်လာမယ့် မှောင်ခိုသမားတွေက အခွန်လည်းမရ၊ ဘာတစ်ပြားမှလည်း လာမှာမဟုတ်ဘူး။ မှောင်ရိပ်ခိုက လှူလည်းမလှူ မတရားသဖြင့်လုပ်နေတာပါ။ ငွေပေးပြီး ၀န်ထမ်းတွေကို ဖျက်ဆီးနေတာ။ ပစ္စည်းသိမ်းရုံ၊ ကုမ္ပဏီပိတ်ရုံလောက်ပဲ အရေးယူလို့ မရနိုင်ပါဘူး။ သူတို့ ထပ်လုပ်မှာပါ။ ဥပဒေအရပါ အရေး ယူသင့်တယ်”ဟု ဂျာနယ်လစ်တစ်ဦး က သုံးသပ်ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ