Welcome to my blog :)

rss

Sunday, July 24, 2011

ကုန်သေတ္တာနှင့် သင်္ဘောများကို အသုံးပြု၍ တရားမ၀င် လူမှောင်ခိုတင်သွင်းမှုများ၊ တရားမ၀င်လူများ ၀င်ရောက်လာမှု တားဆီးရေးနှင့် ကုန်ပစ္စည်းများ၊ တရားမ၀င် တင်ပို့မှုများ ကာကွယ်ရေးအတွက် ရေကြောင်းသဘောင်္နှင့် ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေး ကြီးကြပ်မှု ကော်မတီဖွဲ့စည်း

6432
ကုန်သေတ္တာ အသွင်းအထုတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသည့် ကုန်သေတ္တာတင်ယာဉ်များကို ဇူလိုင်လဆန်းက တွေ့ရစဉ်
ကုန်သေတ္တာနှင့် သင်္ဘောများကို အသုံးပြု၍ တရားမ၀င်လူမှောင် ခိုတင်သွင်းမှုများ၊ တရားမ၀င်လူများ  ၀င်ရောက်လာမှု တားဆီးရေးနှင့် ကုန်ပစ္စည်းများ၊ သင်္ဘောများမှတစ်ဆင့် တရားမ၀င် တင်ပို့မှုများ ကာကွယ်ရေးအတွက် ရေကြောင်းသင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေးကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၁၁ ဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့ သည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်မှ ပြဋ္ဌာန်းထားသော ပင်လယ်ပြင်တွင် အသက်အန္တရာယ်လုံခြုံရေး နှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှ (International Convention for the Safety of Life at Sea 1974) တွင် ပါဝင်သည့် နိုင်ငံတကာ ရေကြောင်း သက်ဆိုင်ရာ သင်္ဘောများနှင့် ဆိပ်ကမ်းလုံခြုံရေး ကိစ္စရပ်များကို ကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါကော်မတီကို ဖွဲ့စည်းတာဝန်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ရေကြောင်းဘက်ဆိုင်ရာ လုံခြုံရေးတွင် ပါဝင်ပတ်သက်နေသည့် ကိစ္စရပ်များမှာ ကုန်သေတ္တာနှင့် သင်္ဘောများကို အသုံးပြု၍ တရားမ၀င် လူမှောင်ခိုတင်သွင်းမှုများနှင့် တရားမ၀င်လူများ ၀င်ရောက်လာမှုမှ တားဆီးရေးကိစ္စများ၊ ကုန်ပစ္စည်းများ၊ သင်္ဘောများမှတစ်ဆင့် တရားမ၀င် မူးယစ်ဆေးဝါးတင်ပို့မှုများ ကာကွယ် တားဆီးရေးဆိုင်ရာ ကိစ္စများ၊ သင်္ဘောများနှင့် သင်္ဘောဝန်ထမ်းများအား ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခြိမ်းခြောက်သတ်ဖြတ်မှုများ ပြုလုပ်ခြင်းမှ ကာကွယ်တားဆီးရေး ဆိုင်ရာကိစ္စများ၊ ဆိပ်ကမ်းနှင့်သင်္ဘောများ အား အကြမ်းဖက်တိုက်ခိုက်ခံရမှုမှ ကာကွယ်တားဆီးရေး၊ သင်္ဘောများ၊ ကုန်ပစ္စည်းများအား လက်နက်သဖွယ် အသုံးပြု၍ ဖောက်ခွဲမှုများပြုလုပ် လာနိုင်ခြင်းတို့မှ ကာကွယ်ရေးအတွက် လိုအပ်သောအစီအမံများ ရေးဆွဲတင် ပြခြင်းနှင့် ဖြစ်ပေါ်လာပါက အရေးပေါ် ဆောင်ရွက်မှုအစီအမံ(Contingency  Plan) များရေးဆွဲခြင်း၊ ကုန်ပစ္စည်း များပျောက်ဆုံးခြင်း၊ ခိုးယူခြင်းတို့ အား ကာကွယ်မှုဆိုင်ရာကိစ္စများ ဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စရပ်များအား ဆောင်ရွက် အကောင်အထည်ဖော်ခြင်းသည် ရေကြောင်းသင်္ဘောနှင့် ဆိပ်ကမ်း ဆိုင်ရာလုံခြုံရေး ကြီးကြပ်မှုကော်မတီ ၏ လုပ်ငန်းတာဝန်များထဲတွင် ပါဝင်နေကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ အတွင်းရှိ ဆိပ်ကမ်းများလုံခြုံရေး၊ မြန်မာနိုင်ငံ အလံလွှင့်ထူထားသော သင်္ဘောများ၏ လုံခြုံရေးနှင့် မြန်မာနိုင်ငံဆိပ်ကမ်း တံတားများအတွင်း ၀င်ထွက်သွား လာနေသော နိုင်ငံခြားသင်္ဘောများ၏ လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်ရန်၊ နိုင်ငံအတွင်းရှိ နိုင်ငံခြားသင်္ဘော ၀င်ထွက်သွားလာနေ သော ဆိပ်ကမ်းတံတားများ၏ လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းရေးနှင့် လုံခြုံရေးအရာရှိများ ခန့်ထားမှုကို စိစစ်အတည်ပြုပေးရန်၊ ဖွဲ့စည်းထားသော ဆိပ်ကမ်းတံတားများ၏ လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကော်မတီငယ်များနှင့်လည်း အမြဲဆက်သွယ်မှုရှိပြီး လုံခြုံမှု အဆင့်အတန်း မြင့်မားရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရန် စသည့်အချက်များသည်လည်း ကော်မတီ၏လုပ်ငန်း တာဝန်များထဲတွင် ပါဝင်နေကြောင်း သိရှိရသည်။
ထို့အတူ မိမိဆိပ်ကမ်းအတွင်း ၀င်ရောက်လာသော နိုင်ငံခြားသင်္ဘောများတွင် တက်ရောက်၍ တာဝန်ထမ်းဆောင်ရသော ၀န်ထမ်းများ၊ အဖွဲ့အစည်းများ၊ စစ်ဆေးရေးအဖွဲ့များအား စိစစ်၍ တရားဝင် တက်ရောက်နိုင်သည့် အထောက်အထား သက်သေခံကတ်များ သီးသန့်ထုတ်ပးခြင်းဆောင်ရွက်ရန် (ဥပမာ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး ၀န်ထမ်း၊ စစ်ဆေးရေးအရာရှိ၊ ရေကြောင်းပြ အရာရှိများအား လုံခြုံရေး စိစစ်ရေးကတ် ထုတ်ပေးခြင်း)တို့မှာလည်း ယင်းကော်မတီ၏လုပ်ငန်း တာဝန်ဖြစ်ကြောင်း သိရသည်။
ရေကြောင်းသင်္ဘောနှင့် ဆိပ်ကမ်းဆိုင်ရာ လုံခြုံရေးကြီးကြပ်မှု ကော်မတီတွင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးစုစုပေါင်း ၂၂ ဦးပါဝင်ပြီး အဖွဲ့ ၀င်မှာ ၁၉ ဦးဖြစ်ကြောင်းသိရသည်။  ယင်းကော်မတီ၏ ဥက္ကဋ္ဌမှာ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ပြီး အတွင်းရေးမှူးမှာ ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်ကာ တွဲဖက်အတွင်းရေးမှူးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့မှူးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်း သင်္ဘောဆိပ်ခံတံတား ၉၃ စင်းနှင့် နိုင်ငံခြား သင်္ဘောဆိပ်ခံတံတား ၂၅ စင်း ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ