Welcome to my blog :)

rss

Sunday, July 17, 2011

အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် အထောက်အထား တင်ပြရမှု ယခင်ထက် လျှော့ချပေးမည့်အပြင် အထောက်အထား ပြည့်စုံပါက အိမ်ထောင်စုစာရင်း နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးသွားမည်ဟု သိရ

အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် အထောက်အထား တင်ပြရမှုများအား ယခင်ကထက် လျှော့ချမည့်အပြင် အထောက်အထား အပြည့်အစုံတင်ပြနိုင်ပါက နေ့ချင်းပြီးအခမဲ့ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယခင်က အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် အခြားဌာနများ၏ လိုအပ်ချက်အရ အိမ်ပိုင်ရှင်ဖြစ်ပါက  အိမ်ပိုင်ဆိုင်ကြောင်း အထောက်အထား၊ အိုးအိမ်ဦးစီးဌာနပိုင် အခန်းများတွင် နေထိုင်ပါက အိုးအိမ်ဦးစီး ဌာန၏ခွင့်ပြုချက်၊ အိုးအိမ်တိုက်ခန်း အသစ်များ ဖြစ်ပါကစည်ပင်သာယာ ဌာန၏ လူနေထိုင်ခွင့် ခွင့်ပြုချက် အထောက်အထား၊ အိမ်ငှားဖြစ်ပါက အိမ်ရှင်၏ သဘောတူညီချက် တင်ပြခဲ့ရကြောင်း သိရှိရသည်။
ယခုအခါယင်းကဲ့သို့ ထောက်ခံချက်များ မလိုတော့ဘဲ ယခင်ရပ်ကွက် ကျေးရွာများအတွင်း နေထိုင်ကြောင်းအား သက်ဆိုင်ရာရပ်ကွက် နှင့် မြို့နယ်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီ ထောက်ခံချက်များ တင်ပြခဲ့ရကြောင်း သိရပါသည်။
ယခုအခါရပ်ကွက် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်သာ တောင်းခံသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။
အခြားမြို့နယ်များမှ ပြောင်းရွှေ့လာသူများအတွက်ကိုမူ နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ထုတ်ပေးလိုက်သည့် ပြောင်းရွှေ့ပုံစံ (၁၀) ကို တင်ပြရမည်ဖြစ်ပြီး ယခင်က အိမ်ထောင်ဦးစီး ကိုယ်တိုင်လာရောက်ရန် သတ်မှတ်ထားခဲ့သော်လည်း ယခုအခါ အိမ်ထောင်ဦးစီး ကိုယ်တိုင် မလာရောက်နိုင်ပါက ခိုင်လုံသည့် အကြောင်းပြချက်ပြသ၍ ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ရာတွင် အခမဲ့ပြုလုပ်ပေးသွား မည်ဖြစ်ပြီး အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ပါက နေ့ချင်းပြီးစီးအောင် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ အိမ်ထောင်စုစာရင်း ပြုလုပ်သူများ ကြိုတင်ပြုလုပ်ထားရမည့် အချက်များအား မြို့နယ်ရုံးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများ နှင့် ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အသိပေးကြေညာ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကြိုတင်ပြင်ဆင်ရမည့်အချက်များပြီး ပြည့်စုံအောင် ပြုလုပ်ထားပါက အမြန်ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကိုယ်တိုင်မသွားရောက်ဘဲ ကြားခံပွဲစားများဖြင့် မဆောင်ရွက်ကြရန်လည်း ထုတ်ပြန်ချက်အရ သိရှိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ