Welcome to my blog :)

rss

Sunday, July 17, 2011

 လစ်ဗျား တော်လှန်ရေးသမားများနှင့် နေတိုးတပ်ဖွဲ့များ ရေနံလုပ်ငန်း အတွက် မဟာဗျူဟာကျသော ဘရီဂါမြို့ကို တစ်ပြိုင်နက် ၀င်ရောက် တိုက်ခိုက်

w64204
ဇူလိုင်လ ၁၅ ရက်နေ့က ဇင်တန်မြို့ အရှေ့တောင်ဘက်ရှိ ကန္တာရ အတွင်း၌ လေယာဉ်ပစ် အမြောက်ဖြင့် စောင့်ကြပ်နေသည့် လက်နက်ကိုင် တော်လှန်ရေးသမား တစ်ဦး


လစ်ဗျား တော်လှန်ရေးသမားများနှင့် နေတိုးတပ်ဖွဲ့များသည် ရေနံလုပ်ငန်း အတွက် မဟာဗျူဟာကျသော ဘရီဂါမြို့ကို တစ်ပြိုင်နက် ပူးတွဲ တိုက်ခိုက်ခဲ့သည်ဟု ကဒါဖီ အစိုးရက ဇူလိုင်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းနေ့တွင်ပင် ကဒါဖီ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်က ရေနံအတွက် အသေခံမည်ဟု ကြွေးကြော်ခဲ့သည်။
ဇူလိုင်လ ၁၄ ညမှောင်ချိန်တွင် လစ်ဗျား အစိုးရက ဂျာနယ်လစ်များကို တွေ့ဆုံခဲ့ပြီး ဘရီဂါမြို့မှာ အင်အားပြင်ထန်စွာဖြင့် အကြင်နာမဲ့စွာ အံ့အားသင့်ဖွယ် တိုက်ခိုက်ခံရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ စီအင်န်အင်န်
သတင်းဌာနက ယင်းသတင်းကို နေတိုးနှင့် လစ်ဗျား တော်လှန်ရေး သမားများ အခြေစိုက်ရာ ဘင်ဂါဇီမြို့ရှိ အသွင်ကူးပြောင်းရေး ကောင်စီတို့မှ အတည်ပြုချက်ရရန် ကြိုးပမ်းနေသည်။
လစ်ဗျားအစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ် မူဆာအီဘရာဟင်က ''ကျွန်တော်တို့ ရေနံအတွက် အသေခံမယ်။ ရေနံအတွက် သတ်ဖြတ်မယ်။ ကျွန်တော်တို့ ရေနံတွေ အနား လာတဲ့ ဘယ်သူကိုမဆို သတ်ပစ်မယ်။ သူပုန်တွေပဲ ဖြစ်ဖြစ်၊ နေတိုးပဲ ဖြစ်ဖြစ် ကျွန်တော်တို့ ဂရုမစိုက်ဘူး။ သွေးတစ်စက် ကျန်သည်အထိ ကျွန်တော်တို့ ရေနံကို ကာကွယ်သွားမယ်''ဟု ပြောကြားခဲ့သည်။
ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသို့ မထုတ်ပြန်မီတွင်ပင် ကဒါဖီက လစ်ဗျား အနောက်ပိုင်းမြို့ အဂီလက်တွင် ထောက်ခံသူများအား ''ကျွန်ုပ်အပေါ် သစ္စာရှိကြသော ပြည်သူတို့အား စွန့်ခွာသွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး''ဟု မိန့်ခွန်း
ပြောကြားမှုကို နိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်သွားခဲ့သည်။
ဇူလိုင်လ ၁၅ ရက်နေ့တွင် အမေရိကန်နှင့် အနောက်မဟာမိတ်များ၊ ဒေသတွင်း အင်အားကြီး နိုင်ငံများကို လစ်ဗျား တော်လှန်ရေးသမားများကို နိုင်ငံ၏ တရားဝင် အုပ်စိုးသူများ အဖြစ် အသိအမှတ် ပြုခဲ့ကြောင်း သိရသည်။
Libya Contact Group ၏ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်တွင် ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ အသိအမှတ် ပြုခဲ့ကြခြင်း ဖြစ်သည်။ ကြားဖြတ် အစိုးရတစ်ရပ် မဖွဲ့စည်းနိုင်သေးခင် ကာလ အတွင်း လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီကို လစ်ဗျား၏ တရားဝင် အာဏာပိုင် အဖွဲ့အစည်းအဖြစ် အသိအမှတ် ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ကဒါဖီသည် ရာထူးမှဆင်းမည့် အစီအစဉ်ကို လူသိရှင်ကြား ကြေညာရမည် ဖြစ်ပြီး ကြားဖြတ်အစိုးရ ဖွဲ့ကာ ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းရေးကိုလည်း Libya Contact Group ၏ ကြေညာချက်တွင် တောင်းဆိုထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ