Welcome to my blog :)

rss

Sunday, July 24, 2011

ကင်ဆာသုတေသန ရန်ပုံငွေ အတွက် မြောက်အိုင်ယာလန် နိုင်ငံသား ၎င်း၏ယာဉ်ငယ်ဖြင့် နိုင်ငံ ၂၆ နိုင်ငံ ပျံသန်းမည်

AddThis Social Bookmark Button
b41609
ကင်ဆာသုတေသန ရန်ပုံငွေ အတွက် မြောက်အိုင်ယာလန် နိုင်ငံသား တစ်ဦးသည် ၎င်း၏ယာဉ်ဖြင့် နိုင်ငံ ၂၆ နိုင်ငံကို ဖြတ်ကျော်ပျံသန်းရန် ပြင်ဆင်နေကြောင်း သိရသည်။
ဂျိမ်းစ်ဘွန်းဇာတ်ကား You Only Live Twice မှ ယာဉ်ငယ်နှင့် ပုံစံတူသော ယာဉ်ကို စီးနင်းမှုကြောင့် Gyrocopter Man ဟု ထင်ရှားသည့် အသက် ၄၇ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် နော်မန်ဆာပလပ်သည် ခရီး အကွာအဝေး ၄၃၀၀၀ ကီလိုမီတာ (မိုင် ၂၇၀၀၀) ကို ဖြတ်သန်းရန် စီစဉ်နေသည်။ ဂျပန်နိုင်ငံ ဝေဟင်မှ လေကြောင်း ဖြတ်သန်းခွင့် ရပါက ဇူလိုင် ၂၀ ရက်တွင် ထွက်ခွာမည် ဖြစ်ပြီး သဲကန္တာရ၊ တောင်တန်း၊ သမုဒ္ဒရာများနှင့် သွားလာရ ခက်ခဲသော နေရာများကို ဖြတ်ပျံမည် ဖြစ်သည်။
နော်မန်သည် ၂၀၀၃ ခုနှစ်တွင် အူမကင်ဆာ ခံစားခဲ့ရပြီး ကင်ဆာသုတေသန အတွက် ရန်ပုံငွေ ရရှိရန် ယခုကဲ့သို့ ခရီးစတင်ခဲ့ခြင်း ဖြစ်သည်။စစ်ဘက်ဝေဟင် ပျံသန်းဇုန် များပြားသော တရုတ်နိုင်ငံကို ရှောင်ရှား ပျံသန်းသွားမည်ဟု နော်မန်က ပြောကြားသည်။
''ပြီးခဲ့တဲ့ နှစ်တွေတုန်းက အခုလိုမျိုး စံချိန်ကို ချိုးဖို့လိုတယ် ဆိုတာ ကျွန်တော်တွေးမိတယ်။ ဒါကြောင့် ဒီခရီးစဉ်အတွက် အစီအစဉ် ဆွဲတာ နှစ်နှစ်လောက် ကြာသွားတယ်။ ခရီးစဉ်မှာ ပြဿနာတော့ ကြုံရနိုင်တယ်''ဟု
၎င်းကပြောကြားသည်။
နော်မန်သည် ခရီးစဉ် အတွင်း ရုပ်သံသတင်းထောက် တစ်ဦးကို ခေါ်ဆောင်သွားမည် ဖြစ်ပြီး www. gyroxgoesglobal.com တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်နိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။ ယင်းကဲ့သို့ ယာဉ်မျိုးဖြင့် တစ်ဦးတည်းက ကမ္ဘာပတ်မှုမှာ မရှိသေးပေ။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ