Welcome to my blog :)

rss

Sunday, July 17, 2011

ကြမ်းကြုတ်တဲ့ ဗီဒီယို ဂိမ်းတွေက ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေသလား…

ဒီတပတ်မှာ အမေရိကန်နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံကနေပြီးတော့ ကာလီဖိုးနီးယားပြည်နယ်မှာ ထုတ်ပြန်ထားတဲ့ ကြမ်းကြုတ်တဲ့ ဗီဒီယိုဂိမ်းတွေ ငှားရမ်းခြင်းနဲ့ ရောင်းဝယ်ခြင်းကို တားမြစ်ထားတဲ့ ဥပဒေကို

ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ဒီ ကြမ်းကြုတ်တဲ့ ဗီဒီယိုဂိမ်းတွေ ကစားခြင်းဟာ ကလေးငယ်တွေရဲ့ အပြုအမူကို တိုက်ရိုက်ထိခိုက်လွှမ်းမိုးနိုင်သလား။ ဒါကမေးခွန်းတစ်ခု ဖြစ်နေဆဲပါပဲ။ စိတ်ပညာရှင်တွေကတော့ ထိခိုက်နိုင်တယ်လို့ ယူဆနေပါတယ်။

အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်မှ ဆက်သွယ်ရေးနဲ့ စိတ်ပညာပါမောက္ခ ဘရက်ဘွတ်ရှမန်းကတော့ ဒီဂိမ်းတွေနဲ့ ကလေးတွေရဲ့ ကြမ်းကြုတ်သောအပြုအမူတွေဟာ ဆက်စပ်မှုရှိတာ ထင်ရှားတယ်လို့ ပြောဆိုပါတယ်။

ကမ္ဘာတ၀ှမ်းလုံးက လူပေါင်း တစ်သိန်းသုံးသောင်းကျော်နဲ့ လေ့လာမှု တစ်ရာ့သုံးဆယ်ကျော်ကို ပြုလုပ်ခဲ့ပါတယ်။ ဒီလေ့လာမှုအရ ကြမ်းကြုတ်တဲ့ ဗီဒီယိုဂိမ်းတွေဟာ ကလေးငယ်တို့ရဲ့ရန်လိုတဲ့ အတွေးအခေါ်တွေ၊ ဒေါသထွက်လွယ်တာတွေ၊ နှလုံးခုန်မြန်ခြင်းနဲ့ ကြမ်းကြုတ်သောအပြုအမူတွေကို ပံပိုးပေးနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ နှိုးဆွမှုတွေကို တိုးပွားစေတယ်လို့ ဘွတ်ရှမန်းက ဆိုပါတယ်။ ဒါ့အပြင် ကလေးငယ်တွေရဲ့ သူတပါးအပေါ် ကူညီတတ်တဲ့ အပြုအမူတွေနဲ့ ကိုယ်ချင်းစာတတ်တဲ့ ခံစားမှုတွေကို လျော့နည်းစေတယ်လို့ ဒီလေ့လာမှုက သက်သေပြနေပါတယ်လို့ သူက ဆိုပါတယ်။

သို့ပေမဲ့လည်း တက္ကဆက် တက္ကသိုလ်က စိတ်ပညာရှင် ခရစ္စတိုဖာ ဖာဂူဆင်ကတော့ သူ့အမြင်ကို ဒီလိုပြောပါတယ်။ “ဒီလို မီဒီယာတွေရဲ့ အကျိုးသက်ရောက်မှုနဲ့ ကြမ်းကြုတ်မှုတွေအပေါ် သုတေသနပြုမှုတွေဟာ အခြေအနေကိုမူတည်ပြီး ပြောင်းလဲမှု ရှိနိုင်ပါတယ်”။

ဖာဂူဆင်က ဒီလိုဗီဒီယိုဂိမ်းတွေ ကစားတဲ့အတွက် စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ခြင်း စတဲ့ အပြုသဘောဆောင်တဲ့ အကျိုးရလာဒ်တွေလည်း ရှိကြောင်းနဲ့ ဒါကိုလည်း သုတေသနပြုဖို့လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။

“ဒီလေ့လာမှုနယ်ပယ်ဟာ ပါရာဒိုင်းပြောင်းလဲမှု (စံပြောင်းလဲမှု) ရဲ့ အလယ်တည့်တည့်ကို ရောက်လာခြင်း ဖြစ်ပါတယ် ။ ကျွန်တော်တို့ဟာ ဒီကြမ်းကြုတ်တဲ့ ဗီဒီယိုဂိမ်းတွေနဲ့ ကြမ်းကြုတ်မှုတွေ အကြောင်းကို နားလည်ဖို့ အသစ်တဖန် ကြိုးစားရင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ဒါပေမဲ့ ဒီလေ့လာမှုကို ဘက်စုံထောင့်စုံကနေ တတ်နိုင်သလောက် ကျွန်တော်တို့ လေ့လာစမ်းသပ်မှုတွေလုပ်ဖို့ လိုအပ်ပါသေးတယ်လို့” သူက ဆိုပါတယ်။

အိုင်အိုဝါးပြည်နယ် တက္ကသိုလ်က ဖွံဖြိုးရေးစိတ်ပညာရှင် ဒေါက်ဂလပ်ဂျင်တိုင်းကတော့ ဗီဒီယိုဂိမ်းတွေနဲ့ ကလေးတွေရဲ့ အပြုအမူတွေအကြား ဆက်စပ်မှုကို လေ့လာတဲ့ စိတ်ပညာသိပ္ပံဟာ နှောင့်နှေးကြန်ကြာနေဆဲ ဖြစ်တယ်လို့ သူက ယုံကြည်ပါတယ်။

“ကျွန်တော်တို့ စိုးရိမ်တာက ဗီဒီယိုဂိမ်းတွေနဲ့ ကလေးတွေရဲ့ အပြုအမူဟာ ဆက်စပ်မှုရှိတယ်လို့ ခိုင်ခိုင်မာမာ သက်သေမပြနိုင်လို့ မိဘတွေက ငါတို့စိတ်ပူဖို့ မလိုတော့ဘူးလို့ ပြောပြီး ကလေးတွေကို လျစ်လျူရှုထားမှာကိုပါပဲ။ ဒီအချက်ဟာ သိပ္ပံပညာရပ်ကို ငြင်းဆန်တာမဟုတ်သလို မိဘတွေရဲ့ပါဝင်မှု အခန်းကဏ္ဍကိုလည်း ကန့်သတ်ဖို့လိုတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သုတေသန ပြုမှုတွေအရ မိဘတွေဟာ ကလေးတွေရဲ့ မီဒီယာအပေါ်မှာ စိတ်ဝင်စားမှု၊ အသုံးပြုမှုကို စောင့်ကြည့်ဖို့ လိုပါတယ်။

ဒီလို စောင့်ကြည့်တာဟာ ကလေးတွေရဲ့ အခွင့်အရေးကို ကန့်သတ်တာမဟုတ်ဘဲ၊ ကလေးတွေရဲ့ အပြုအမူအနေအထိုင်တွေ အပြုသဘောဆောင်လာအောင် မိဘတွေက ထိန်းသိမ်းပေးဖို့လိုတယ်လို့” ဒေါက်ဂလပ်ဂျင်တိုင်း က ပြောပါတယ်။

သုခသခင်

ရည်ညွန်း။ rerhttp://www.psychologicalscience.org/index.php/news/releases/whats-the-psychological-effect-of-violent-video-games-on-children.html

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ