Welcome to my blog :)

rss

Monday, July 18, 2011

 ရွေးကောက်ပွဲ အတွက် ပူတင်နှင့်မိမိ တစ်ယောက်ယောက်ကို ရွေးထားရန် စီးပွားရေး လုပ်ငန်းရှင်များအား မက်ဗီဒက် တိုက်တွန်း

၂၀၁၂ ခုနှစ်၊ သမ္မတရွေးကောက်ပွဲ မတိုင်မီ မိမိ လိုလားသော သမ္မတကို ရွေးချယ်ထားရန် စီးပွားရေး လုပ်ငန်းရှင်များအား သမ္မတ မက်ဗီဒက်က တိုက်တွန်းခဲ့ကြောင်း ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ အရ သိရသည်။
ယခုအချိန်သည် မိမိနှင့် ၀န်ကြီးချုပ် ဗလာဒီမာပူတင် တို့အကြား တစ်ဦးဦးကို ရွေးချယ်ရမည့် အချိန်ကျပြီ ဖြစ်ကြောင်း ကရင်မလင်တွင် ယခု သီတင်းပတ် အတွင်း တွေ့ဆုံမှု၌ မက်ဗီဒက်က ပြောကြားခဲ့သည်ဟု အမည် မဖော်လိုသော စီးပွားရေး လုပ်ငန်းရှင်များကို ကိုးကား၍ Vedomosti စီးပွားရေး သတင်းစာက ဖော်ပြခဲ့သည်။ ''ခင်ဗျားတို့ အနေနဲ့ ကျွန်တော်ရဲ့ စီမံကိန်းတွေကို ထောက်ခံမလား။ ဒါမှမဟုတ် မထောက်ခံဘူးလား ဆုံးဖြတ်ရမယ်''ဟု
မက်ဗီဒက်က တိုက်တွန်းခဲ့သည်။
မက်ဗီဒက်သည် ဘီလျံနာ အိုလက်ဒါရီပါစကား၊ ဗစ်တာမက်ဆဲလ်ဘာ့ဂ် အပါအ၀င် ထိပ်တန်း လုပ်ငန်းရှင် ၂၇ ဦးကို တွေ့ဆုံရာ၌ တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။
ရှစ်လသာ လိုတော့သည့် သမ္မတ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် အရေးနှင့် ပတ်သက်၍ အသက် ၄၅ နှစ်ရှိ သမ္မတ မက်ဗီဒက်နှင့် အသက် ၅၈ နှစ်ရှိ ၀န်ကြီးချုပ် ပူတင် တို့က အတိအကျ ထုတ်ပြောခြင်း မရှိသေးပေ။
ယင်းကဲ့သို့ မသေချာမှုများကြောင့် ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ကို ထိခိုက်စေကြောင်း လုပ်ငန်းရှင်များက သတိပေးခဲ့သည်။ မက်ဗီဒက်က ဒုတိယသက်တမ်း အတွက် ထပ်မံယှဉ်ပြိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သော်လည်း ပူတင်နှင့် ယှဉ်ပြိုင်မည် မဟုတ်ဟု မရေမရာ ပြောကြားထားသည်။သို့သော် ယှဉ်ပြိုင်မည့်သူကို ရွေးချယ်ရာတွင် နောက်ဆုံး ဆုံးဖြတ်ချက် ချမည့်သူမှာ နိုင်ငံရေး သြဇာအာဏာ အမှန်တကယ် ရှိသည်ဟု ထင်မှတ်ခံထားရသည့် ပူတင်သာ
ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။
ပူတင် လက်ထက်တွင် လုပ်ဆောင်ခဲ့သော တဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်သည့် နည်းလမ်းအစား ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အရေးတကြီး လိုအပ်နေကြောင်း မက်ဗီဒက်က အကြိမ်ကြိမ် ပြောကြားဖူးသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ