သောမတ်စ်ကင်း
ဇော်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)
နိုင်ငံက ဘောလုံးနဲ့ ကာနီဗယ်လ်ပွဲတော်တွေကိုမြတ်နိုးဇော်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၅ ( ၈ - ၁၄ ၊ ၇ ၊ ၂၀၁၁)
ဒါပေမယ့် သံတမန်ရေးရာနဲ့ စီးပွားရေး ကြီးထွားလာမှုတွေနဲ့ ဘရာဇီးလ်ဟာ အသစ်ဖွင့်လိုက်တဲ့သံရုံးတစ်ရုံး
၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က မစ္စတာဟိုဆေးကားလို့စ်ဒါဖွန် ဆက်ကာ(ဂျူနီယာ)ဟာ ဘရာဇီးလ်ရဲ့ ပထမဆုံး မြန်မာ နိုင်ငံဌာနေသံအမတ် ကြီးအဖြစ်ခန့်အပ်ဖို့ အသိအမှတ်ပြု ခြင်း ခံခဲ့ရပါတယ်။
ဒါဟာ ဘရာဇီးလ် လူမျိုးတွေ အမှတ်တရဖြစ်နေမယ့် အဖြစ်အပျက်ဖြစ်တယ်လို့ မစ္စတာဖွန်ဆက်ကာ က လွန်ခဲ့တဲ့သီတင်းပတ်ထဲမှာ မြန်မာ တိုင်း(မ်)ကို ပြောပါတယ်။
၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှာ ဘရာဇီးလ်ဟာ အနှစ် ၂၀ ကျော် ကြာမြင့် ခဲ့တဲ့ အာဏာရှင်စနစ်ကနေ ရုန်းထခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ နှစ် ၃၀ အတွင်း ပ ထမဆုံး အရပ်သား သမ္မတတစ်ဦးကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
"ဒါဟာ အစိုးရကိုထောက်ခံသူတွေရော၊ ဆန့်ကျင်သူတွေပါ ဘရာဇီးမှာ အများလက်ခံတဲ့ နိုင်ငံရေးစနစ်တစ်ခုကို ပြန်တည်ဆောက် သွားနိုင်မယ့် နည်းလမ်း ရှာတွေ့ဖို့ ပေါင်းစည်းသွားတာပါ"လို့ မစ္စတာဖွန်ဆက်ကာက ပြောပါတယ်။
နောက်ငါးနှစ်အကြာမှာတော့ ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ဖို့ Plano Real ပြုပြင်ပြောင်းလဲရေးကို စလုပ်ခဲ့ပြီး စီးပွားရေးတိုးတက်မှု အခြေခံတွေ ချမှတ်လိုက်တာ ဘရာဇီးလ်ဟာ ကမ္ဘာ့ ရှစ်နိုင်ငံမြောက် စီးပွားရေးအင်အား ကြီးနိုင်ငံ ဖြစ်လာခဲ့တယ်။ လူမှုရေးစီမံ ကိန်းတွေ အောင်မြင်ခဲ့မှုကြောင့် စုစုပေါင်းလူဦးရေရဲ့ ရှစ်ပုံတစ်ပုံရှိတဲ့ လူဦးရေ ၂၅ သန်းလောက်ဟာ လွန်ခဲ့ တဲ့ ဆယ်စုနှစ်အတွင်း ဆင်းရဲတွင်းကနေ လွတ်မြောက်လာခဲ့ပြီး ဒီကနေ့ဆိုရင် ဘရာဇီးလ်ရဲ့ဂျီဒီပီဟာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့အထက်မှာ အမေရိကန် ဒေါ်လာ တစ်သောင်းကျော် ရှိနေပါပြီ။
တကယ်တမ်း မေးစရာရှိလာရတာက ဘာလို့ မြန်မာနိုင်ငံမှာ သံရုံးလာဖွင့်ရတာလဲ။ ဒီနှစ်နိုင်ငံရဲ့ နှစ်ဖက်ကုန် သွယ်ရေးက အခုမှစခါစ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုရေစီးကလည်း ပထ၀ီ အနေအထားအရ ဝေးနေတယ်။ အရင်ဆုံး ဘရာဇီးလ်မှာ မြန်မာနိုင်ငံဘက်က ၁၉၉၆ ခုနှစ်မှာသံရုံးဖွင့်ခဲ့တယ်။
ဘရာဇီးလ်ဘက်က အပြန်အလှန် သံရုံးထားဖို့ အချိန်အတော်ကြာစဉ်းစား ခဲ့တယ်လို့ မစ္စတာဖွန်ဆက်ကာက ပြောပါတယ်။
မြန်မာနိုင်ငံမှာက ဒါဟာ စီးပွားရေးပိတ်ဆို့တဲ့တစ်ဖက်နဲ့ အခြားတစ်ဖက်က ကုန်သွယ်ရေးလုပ်နေတဲ့ သံတမန်ရေးအုပ်စု နှစ်စုဖြစ်နေ တယ် လို့ထင်ရတဲ့ နိုင်ငံရေးအကျပ်အတည်း တစ်ခုထဲကို ၀င်လာတာပါ။
မစ္စတာဖွန်ဆက်ကာကတော့ ဘရာဇီးလ်ဟာ ဘယ်အုပ်စုဘက်ဆီကိုမှ မလိုက်ဘူးလို့ ဆိုပါတယ်။
ဘရာဇီးလ်ဟာ တစ်ဖက်သတ် ပိတ်ဆို့မှုတွေကို အားမပေးကြောင်းနဲ့ ကုလသမဂ္ဂဦးစီးတဲ့ ပိတ်ဆို့မှုမျိုးကိုသာ အလေးထားမှာ ဖြစ်ကြောင်း မစ္စတာ ဖွန်ဆက်ကာက ပြောပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယ၊ ဘရာဇီးလ်နဲ့ တောင်အာဖရိကတို့ပါတဲ့ IBSA အဖွဲ့ကနေ ငွေကြေးထောက်ပံ့မှုရဖို့လည်း အရည်အချင်းပြည့် မီနေနိုင်ပါတယ်။ IBSA အဖွဲ့ဟာ အရှေ့တီမော၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကိုလည်
ကုန်သွယ်ရေးကိုတိုးမြှင့်ဖို့ပဲ မစ္စတာ ဖွန်ဆက်ကာက မျှော်လင့်နေတာပါ။ သူက ပက်ထရိုဘရားစ် အမျိုးသား ရေနံကုမ္ပဏီ၊ ဗာလေး သတ္တုတွင်းကုမ္ပဏီနဲ့ အင်မ်ဘရေးယား လေယာဉ်ထုတ် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့၊ ဒါမှမဟုတ် ကုန်သွယ်ဖက် ဖြစ်ဖို့ အလားအလာရှိသူတွေအဖြစ် မြင်ထားတာပါ။
0 comments:
Post a Comment
မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။