Welcome to my blog :)

rss

Sunday, July 24, 2011

မလေးရှားတွင် ၂၀၀၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှု အတွင်း လူ ၁၆၀၀ ကျော် အဖမ်းခံရ

AddThis Social Bookmark Button

w64122
ကွာလာလမ်ပူမြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့နေစဉ်
မလေးရှားနိုင်ငံ၊ မြို့တော် ကွာလာလမ်ပူ၌ ၂၀၀၇ ခုနှစ် နောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြမှုကို ဇူလိုင် ၉ ရက်က ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြု နှိမ်နင်းခဲ့ပြီး လူ ၁၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ကွာလာလမ်ပူရှိ လမ်းများ တစ်လျှောက် လူ ၅၀၀၀၀ ခန့်က ရွေးကောက်ပွဲ စနစ် ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန်အတွက် တောင်းဆို ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့် ချထားခဲ့ကြောင်း သိရသည်။ လာမည့် နှစ်ဆန်းပိုင်းတွင် ရွေးကောက်ပွဲ ပြုလုပ်ဖွယ် ရှိပြီး မဲဝယ်ခြင်း၊ မသမာမှု ပြုလုပ်ခြင်း တို့ကို ကာကွယ်ပေးရန် အပါအ၀င် မဲပေးမှုစနစ် ပြုပြင် ပြောင်းလဲရန် အတွက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
တရား ရင်ဆိုင်နေရဆဲ ဖြစ်သော ဒုတိယ ၀န်ကြီးချုပ်ဟောင်းနှင့် အတိုက်အခံ ခေါင်းဆောင် အသက် ၆၂ နှစ်ရှိ အန်ဝါအီဗရာဟင်မှာလည်း ရဲတပ်ဖွဲ့ ပစ်ခတ်လိုက်သော မျက်ရည်ယိုဗုံးကြောင့် ခေါင်းနှင့်ခြေတွင် ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
လူတစ်ဦးတည်းက မဲအကြိမ်ကြိမ် ပေးခြင်းကို ကာကွယ်ရန် အတွက် မဖျက်နိုင်သောမင် အသုံးပြုရန်၊ ပါတီအားလုံးကို မီဒီယာ အသုံးပြုခွင့် တန်းတူပေးရန် စသည့် ပြုပြင်ပြောင်းလဲမှု အတွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အတိုက်အခံညွန့်ပေါင်း Bershi က ပြောကြားသည်။ ''ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့ အတွက်ပဲ တောင်းဆို ဆန္ဒပြတာ''ဟု အသက် ၅၀ နှစ်ရှိ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။
ရဲတပ်ဖွဲ့ဝင် ၁၀၀၀၀ ခန့် ချထားပြီး နှိမ်နင်းမှု အတွင်း ဖမ်းဆီးခံရသူများမှာ အာမခံဖြင့် ပြန်လွတ်လာဖွယ် ရှိကြောင်း သိရသည်။
''အပြောင်းအလဲ အတွက် ကျွန်တော်တို့ ဆန္ဒ ထုတ်ဖော်ဖို့ အခွင့်အရေး တစ်ခါမှ မရခဲ့ဘူး''ဟု အသက် ၃၀ နှစ်ရှိ ကျောင်းသား Chew Ai Nee က ပြောကြားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ