Welcome to my blog :)

rss

Sunday, July 17, 2011

ဗုဒ္ဓ၏ အနှစ်ချုပ်တရား

ဗုဒ္ဓ၏ အနှစ်ချုပ်တရား

၁။ ဆင်းရဲခြင်းဟူသော အရိယာသိ သဘောတရားအမှန်၊   (ဤကားဆင်းရဲတည်း) (ဒုက္ခသစ္စာ)

၂။ ဆင်းရဲကြောင်းဟူသော အရိယာသိ သဘောတရားအမှန်၊  (ဤကားဆင်းရဲဖြစ်ကြောင်းတည်း) (ဒုက္ခသမုဒယသစ္စာ)

၃။ ဆင်းရဲချုပ်ငြိမ်းခြင်းဟူသော အရိယာသိ သဘောတရားအမှန်၊ (ဤကားဆင်းရဲချုပ်ရာနိဗ္ဗာန်တည်း) (ဒုက္ခနိရောဓသစ္စာ)

၎။ ဆင်းရဲချုပ်ငြိမ်းရာ အကြောင်းဟူသော အရိယာသိ သဘောတရားအမှန်၊ (ဤကားနိဗ္ဗာန်ရောက်ကြောင်း အကျင့်တည်း) (အရိယမဂ္ဂသစ္စာ)



(တစ်နည်း)

……စင်စစ်အားဖြင့် အမှတ်(သညာ) လည်းရှိ၊ စိတ်(မန)လည်းရှိတဲ့ တစ်လံလောက်ရှိတဲ့ ဒီခန္ဓာကိုယ်မှာပဲ…

၁။   လောကရယ်၊

၂။   လောက ဖြစ်ပေါ်ကြောင်းရယ်၊

၃။   လောကရဲ့ ချုပ်ရာရယ်၊

၎။   လောကရဲ့ ချုပ်ကြောင်းရယ်လို့ ငါဘုရား သတ်မှတ်တော်မူတယ်။



(တစ်နည်း)

၁။   ဒါက- ရုပ်၊ ဒါက ဝေဒနာ၊ ဒါက သညာ၊ ဒါက ၀ိညာဉ်ပဲ။ (ခန္ဓာငါးပါးပဲ)

၂။   ဒါက- ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဉ် ဖြစ်ကြောင်းပဲ။

၃။   ငါပဲ- ငါ့ဥစ္စာပဲ , ငါဟူသော ထောင်လွှားမှုကိန်းဝပ်ခြင်းဆိုတဲ့ ထင်မှတ်မှုအားလုံး,မွှေနှောက်နေမှုအားလုံး ကုန်တာကြောင့် တပ်မက်ခြင်း ကင်းတာကြောင့် ချုပ်တာကြောင့် စွန့်တာကြောင့်စွဲလန်းမှု (ဥပဒါန်) မရှိတာကြောင့် လွတ်မြောက်တယ်။ (လွတ်မြောက်ခြင်းပဲ)

၎။   ဒါက- ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဉ် ချုပ် ကြောင်းပဲ။



သစ္စာလေးပါးတရားတွင် (အရိယာသိ သဘောတရားအမှန်)ဟု မြတ်ဗုဒ္ဓမှ ဆိုသည်မှာ အရိယာသိ အဖြစ်သို့ ရောက်သူများသာ ထိုးထွင်းသိမြင်ရသော တရားဖြစ်၍အရိယာသိ ဟု သုံးသည်။

သစ္စာလေးပါး တရား
ချစ်သားတို့ အရိယာသိ သဘာတရားအမှန် (၄) ချက်ဆိုတာ.......
၁။ ဖြစ်ခြင်း ဇာတိဟာလည်း ဆင်းရဲတယ်၊ အိုရခြင်းဟာလည်း ဆင်းရဲတယ်၊ ဖျားနာခြင်ဟာလည်း ဆင်းရဲတယ်၊ သေခြင်းဟာလည်း ဆင်းရဲတယ်၊ မချစ်ခင်မနှစ်သက်တာတွေနဲ့ ပေါင်းဆုံရတာလည်း ဆင်းရဲတယ်၊ ချစ်ခင်နှစ်သက်တာတွေနဲ့ မပေါင်းဆုံရတာလည်းဆင်းရဲတယ်၊ (အချုပ်အားဖြင့် ဥပါဒါန်တရားရဲ့ အာရုံဖြစ်တဲ့ ခန္ဓာငါးပါးဟာလည်း ဆင်းရဲတယ်)
၂။ အာရုံကို တပ်မက်ခြင်း(တဏှာ) ဟာ ဘ၀သစ်ကို ပြုလေ့ရှိတယ်။ နှစ်သက်ခုံမင်တတ်တဲ့ သဘောနဲ့တကွ ဖြစ်တယ်၊ ထိုထိုဖြစ်ရာ ထိုထို အဖြစ် ထိုထို အာရုံများမှာ အလွန်အမင်း နှစ်သက်လေ့ရှိတယ်၊ အဲဒိတဏှာဟာ (၁) ကာမကို တပ်မက်တာရယ် (၂) ဘ၀ကိုတပ်မက် တာရယ် (၃) ဘ၀ကင်းတာ တပ်မက်တာရယ်တို့ပဲ ဖြစ်တယ်။ (အချုပ်အားဖြင့် တဏှာဟာ ဆင်းရဲကို ဖြစ်စေတဲ့အကြောင်းပဲ)
၃။ အဲဒိဟောပြခဲ့တဲ့ တဏှာ တပ်မက်ခြင်း သုံးမျိုးရဲ့ မကြွင်းမကျန် ကင်းရာ၊ ချုပ်ရာ၊ စွန့်ရာ၊ လွတ်လွတ်စွန့်ရာ၊ လွတ်မြောက်ရာ အာလယ(အတွယ်အတာ) မရှိရာ နိဗ္ဗာန် ဆိုတာ ထင်ရှားရှိတယ်။
၎။ အဲဒိ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)ကို ရောက်ကြောင်းဖြစ်တဲ့ ဖြူစင်တဲ့ အင်္ဂါရှစ်ချက်ရှိတဲ့ ဟောဒိ မဂ်လမ်းဆိုတာ ရှိတယ်။ ဘာတွေလဲဆိုတော့..
(၁) မှန်စွာမြင်တာရယ်
(၂) မှန်စွာ ကြံစည်တာရယ်
(၃) မှန်စွာ ပြောဆိုတာရယ်
(၄) မှန်စွာ ပြုလုပ်တာရယ်
(၅) မှန်စွာ အသက်မွေးတာရယ်
(၆) မှန်စွာအားထုတ်တာရယ်
(၇) မှန်စွာ အောက်မေ့တာရယ် နဲ့
(၈) မှန်စွာ တည်ကြည်တာရယ် ပါပဲ။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ