Welcome to my blog :)

rss

Monday, July 18, 2011

၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုတွင် ထိခိုက် ဆုံးရှုံးခဲ့ရသူများ၏ ဖုန်းခေါ်ဆိုမှုများကို မားဒေါ့ခ်ျ၏ နယူးစ်ကော်ပိုရေးရှင်းက ခိုးနားထောင်ခဲ့သည် ဟူသော စွဲချက်ကို အက်ဖ်ဘီအိုင်က စုံစမ်းမည်

w64208
ဇူလိုင်လ ၁၅ ရက်နေ့က အသတ်ခံခဲ့ရသော ကျောင်းသူမိန်းကလေး မီလီဒေါင်လာ၏ မိသားစုများနှင့် တွေ့ဆုံအပြီး မီဒီယာများကို စကားပြောနေသော ရူးပတ်မားဒေါ့ခ်ျ


w64209
နယူးစ်ကော်ပိုရေးရှင်း အမှုဆောင်ချုပ် ရီဘတ်ကာဘရွတ်ခ်
၉/၁၁ အကြမ်းဖက် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများ၊ အသက်ရှင် ကျန်ရစ်သူများနှင့် ၎င်းတို့၏ မိသားစုများ၏ ဖုန်းခေါ်ဆိုမှုများ၊ အသံမေးလ်များကိုပါ မီဒီယာသူဌေးကြီး ရူးပတ်မားဒေါ့ခ်ျ၏ နယူးစ်ကော်ပိုရေးရှင်းက
ခိုးနားထောင်ခဲ့ကြောင်း သတင်း ထွက်ပေါ်လာခဲ့ အပြီးတွင် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (အက်ဖ်ဘီအိုင်)က စုံစမ်း ထောက်လှမ်းနေကြောင်း သိရသည်။ ''ဒီစွဲချက်တွေကို ကျွန်တော်တို့ လေ့လာနေပါတယ်။ နယူးစ်ကော်ပိုရေးရှင်း အတွက်၊ ဒါမှမဟုတ် ကိုယ်စားလုပ်ပေးခဲ့တယ်ဆိုတဲ့ ဘယ်သူမဆို ထိပ်ဆုံးကနေ အောက်ဆုံးအထိ ကျွန်တော်တို့ ရှာဖွေ ဖော်ထုတ်နေပါတယ်''ဟု အမည်မဖော်လိုသည့် တာဝန်ရှိသူ တစ်ဦးကို ကိုးကားပြီး စီအင်န်အင်န် က ဖော်ပြသည်။
သို့ရာတွင် စုံစမ်း စစ်ဆေးမှုများမှာ စတင်ဆဲ ကာလတွင်သာ ရှိသေးသောကြောင့် မည်သူတို့ကို ဦးစွာ စစ်ဆေးမေးမြန်းမည် ဆိုခြင်းကို မပြောနိုင်သေးဘဲ ဦးစားပေး စုံစမ်းမှု အဖြစ်သာ ဆောင်ရွက်နေသည်ဟု ထုတ်ပြန်
ပြောကြားခဲ့သည်။
၉/၁၁ တွင် သေဆုံးခဲ့သူများ၊ ကျန်ရစ်သူများနှင့် ၎င်းတို့၏ မိသားစုများ၏ ဖုန်းများကို ခိုးယူနားထောင်သည် ဟူသော စွဲချက်များအား စုံစမ်းပေးရန် နယူးယောက်မှ ရီပတ်ဘလီကန် အောက်လွှတ်တော် အမတ် ပီတာကင်းက ယခုအပတ် အစောပိုင်းတွင် အက်ဖ်ဘီအိုင် ဒါရိုက်တာ ရောဘတ်မူလာအား တောင်းဆိုခဲ့သည်။
နယူးစ်ကော်ပိုရေးရှင်းကမူ ဇူလိုင်လ ၁၄ ရက်နေ့တွင် အက်ဖ်ဘီအိုင် စုံစမ်းစစ်ဆေးမှု ဆိုသော ကိစ္စနှင့် လွှတ်တော်တွင် ကြားနား စစ်ဆေးခံရဖွယ် ရှိသည် ဆိုသော သတင်းများနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
မားဒေါ့ခ်ျ၏ နယူးစ်ကော်ပိုရေးရှင်းပင် ပိုင်ဆိုင်သော ဝေါစထရိဂျာနယ်နှင့် ၁၄ ရက်နေ့ ညနေပိုင်း အင်တာဗျူးတွင် မားဒေါ့ခ်ျက ကုမ္ပဏီသည် ယခု အကျပ်အတည်းကို ဖြစ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် အကောင်းဆုံး
ကိုင်တွယ်နေသည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်လွှတ်တော်တွင်လည်း နယူးစ်အော့ဖ်သည်ဝါးလ် သတင်းစာ ဖုန်းခိုးနားထောင်မှု အရှုပ်တော်ပုံ အတွက် စစ်ဆေးခံရန် ဆင့်ခေါ်ခံထားရသူ မားဒေါ့ခ်ျက အစောပိုင်းတွင် ငြင်းဆိုထားသော်လည်း လာမည့် ဇူလိုင်လ ၁၉
ရက်နေ့တွင် သွားရောက် ရှင်းလင်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ