Welcome to my blog :)

rss

Monday, July 18, 2011

ပြောင်းလဲမှု နှေးကွေးခြင်း၊ ကုန်ဈေးနှုန်းနှင့် အလုပ်လက်မဲ့ မြင့်တက်ခြင်း အတွက် အီဂျစ်စစ်ကောင်စီအား ကန့်ကွက်မှုများ ပြုလုပ်

w64205
ဇူလိုင်လ ၁၅ ရက်နေ့က တဟီရာ ရင်ပြင်တွင် စုဝေးနေကြသည့် အီဂျစ်ပြည်သူများ
အီဂျစ်သမ္မတဟောင်း မူဘာရက် ခေတ်အလွန် ပြုပြင် ပြောင်းလဲမှု နှေးကွေးခြင်း၊ စားသောက်ကုန်ဈေးနှုန်း၊ အလုပ်လက်မဲ့ မြင့်တက်လာခြင်း အတွက် အုပ်ချုပ်ရေးအာဏာ ကြားဖြတ် ရယူထားသော စစ်ကောင်စီ အပေါ်
ပြည်သူများ၏ မကျေနပ်မှု မြင့်တက်လာခဲ့သည်။
အီဂျစ်ပြည်သူ ထောင်ပေါင်းများစွာသည် ကိုင်ရိုမြို့လယ်ရှိ အစိုးရ ဌာနချုပ်များဆီသို့ ဇူလိုင် ၁၂ ရက်တွင် ချီတက်ခဲ့ပြီး စစ်ကောင်စီ ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီကမူ ကိုင်ရိုမြို့လယ်ရှိ တဟီရာ ရင်ပြင်တွင် ငါးရက် ကြာမြင့်လာသည့် ဆန္ဒပြမှုများကို ဥပဒေဘောင် အတွင်းမှ နည်းလမ်းကုန် အသုံးပြု၍ ဟန့်တားသွားမည်ဟု သတိပေးခဲ့သည်။ မူဘာရက် လက်ထက်တွင် ဆယ်စုနှစ် နှစ်ခုကြာ ကာကွယ်ရေးဝန်ကြီး အဖြစ် ထမ်းဆောင်ခဲ့သော လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌ ဖီးမာရှယ်မိုဟာမက်ဟူစိန်တန်တာဝီကို ရာထူး နုတ်ထွက်ရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။
ယင်းကဲ့သို့ ဆန္ဒပြမှု ကြာမြင့်လာပါက အီဂျစ် စတော့ဈေးကွက်ကို ထိခိုက်လာနိုင်ကြောင်း သိရသည်။ လူဦးရေ သန်း ၈၀ ရှိသော အီဂျစ်နိုင်ငံကို ဆယ်စုနှစ်သုံးခုစာ အုပ်စိုးလာခဲ့သော မူဘာရက်ကို တရားစွဲဆိုရန် နှောင့်နှေးနေမှုနှင့် ပတ်သက်၍ ဆန္ဒပြသူများက မကျေမနပ် ဖြစ်နေသည်။ လူ ၈၄၀ ကျော် သေဆုံးစေခဲ့သော ဆန္ဒပြသူများကို နှိမ်နင်းရာတွင် ပါဝင်မှုနှင့် ပတ်သက်၍ မူဘာရက်ကို သြဂုတ် ၃ ရက်တွင် တရားစွဲဆိုမည် ဖြစ်သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ