Welcome to my blog :)

rss

Sunday, July 24, 2011

တရားရုံး ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့် အနေဖြင့် အီကွေဒေါ သတင်းစာ တစ်စောင်က မျက်နှာဖုံးဗလာဖြင့် ထုတ်ဝေ

AddThis Social Bookmark Button

w64305
အီကွေဒေါသမ္မတ ရာဖေးကော်ရီရာ(၀ဲ)၊ အယ်လ်ယူနီဗာဆို သတင်းစာ မျက်နှာဖုံး(ယာ)
အီကွေဒေါသမ္မတကို အသရေ ဖျက်မှုဖြင့် လျော်ကြေးပေးရန် တရားရုံးက အမိန့်ချခဲ့ပြီးနောက် အယ်လ်ယူနီဗာဆို သတင်းစာက ကန့်ကွက်သည့် အနေဖြင့် မျက်နှာဖုံး စာမျက်နှာကို ဗလာထည်သက်သက်ဖြင့် ထုတ်ဝေခဲ့ကြောင်း သိရသည်။
သတင်းစာ အမည်အောက်တွင် အဖြူရောင်ကွက်လပ်သာ ထားခဲ့ပြီး အောက်ခြေတွင် ရုရှား - အမေရိကန် စာရေးဆရာမ အိုင်ရန်း၏ ''အကျင့်ပျက် ခြစားမှုဟာ ဂုဏ်ပြုချီးမြှောက် ခံရပြီး ရိုးသားမှုဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ဖြစ်လာပြီဆိုရင် သင့်လူ့အဖွဲ့အစည်းဟာ ပျက်စီးနေပြီဆိုတာ သင်သိရမယ်''ဟူသော စကားကို ဖော်ပြထားသည်။
သမ္မတ ရာဖေးကော်ရီရာ အကြောင်း ရေးထားသည့် ဆောင်းပါး တစ်ပုဒ် အတွက် သတင်းစာ၏ ဒါရိုက်တာများနှင့် အတွေးအမြင်ဆိုင်ရာ အယ်ဒီတာကို တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့က သမ္မတကို လျော်ကြေးငွေ ဒေါ်လာ သန်း၃၀ ပေးအပ်ရန် တရားရုံးက အမိန့်ချခဲ့သည်။ သတင်းစာကလည်း သမ္မတကို လျော်ကြေးဒေါ်လာ ၁၀ သန်းပေးရန် အမိန့်ချခဲ့သည်။
သမ္မတက နစ်နာကြေး ဒေါ်လာ သန်း ၈၀ ရလိုကြောင်း တောင်းဆိုထားသည်။ နှစ်ဖက်စလုံးက ဆုံးဖြတ်ချက်ကို အယူခံ ထပ်ဝင်ကြမည် ဖြစ်သည်။ သတင်းစာ လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့အစည်းများက တရားရုံး ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး ယခု ဖြစ်စဉ်သည် ကော်ရီရာ၏ မီဒီယာတို့ကို ဖိနှိပ်လိုခြင်းကို ဖော်ပြခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။
''လွတ်လပ်စွာ ဖော်ပြခွင့်အပေါ် ကြီးစွာသော အထိနာမှုပါပဲ။ ဒီလိုမျိုးတွေ လက်တင်အမေရိကမှာ ဖြစ်နေတာဟာ တိုးတက်မှုကို ထိခိုက်စေပါတယ်''ဟု ဂျာနယ်လစ်များ ကာကွယ်ပေးရေး ကော်မတီမှ အမေရိက အစီအစဉ်
ညှိနှိုင်းရေးမှူး ကားလို့စ်လောရီရာက ပြောကြားခဲ့သည်။
သမ္မတ ကော်ရီရာက ယင်းဆောင်းပါးတွင် သူ့ကို အာဏာရှင် တစ်ဦးဟု ရည်ညွှန်းထားပြီး အရပ်သားများ ပြည့်နေသော ဆေးရုံတစ်ရုံကို ပစ်ခတ်ရန် လုံခြုံရေးတပ်ဖွဲ့များအား ညွှန်ကြားခဲ့သည်ဟု စွပ်စွဲထားကြောင်း တင်ပြခဲ့သည်။
ဆောင်းပါးရှင် ပလာစီယိုကမူ သမ္မတကို စွပ်စွဲထားခြင်း မပါဝင်ကြောင်း၊ ကော်ရီရာ၏ ရန်သူတစ်ဦးဦးသာ သမ္မတ ဖြစ်လာပါက ယင်းသို့ စွပ်စွဲခံရနိုင်ကြောင်း ရေးသားခဲ့ခြင်းသာ ဖြစ်သည်ဟု ချေပထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ