Welcome to my blog :)

rss

Monday, July 18, 2011

အစိုးရသစ် အနေဖြင့် မြန်မာပြည်သူများအတွက် လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အကျိုးရလဒ်များကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း လာအိုဝန်ကြီးချုပ် ပြောကြား

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်အနေဖြင့် မြန်မာပြည်သူများ အတွက် လက်ဆုပ် လက်ကိုင်ပြနိုင်သည့် အကျိုးရလဒ်များကို ဖော်ဆောင်နိုင်ပြီး ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်းငြိမ်းချမ်းရေး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး တို့တွင် ပိုမို အထောက်အကူ ပြုလာနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်ခဲ့သည့် လာအို ၀န်ကြီးချုပ် သွန်ဆင်းသမာဗောင်က နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက် လည်ပတ်သည့် လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် လ ၁၁ ရက်နေ့ ညနေက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အဆောက်အအုံ ဆွေးနွေးပွဲခန်းမ၌ ကျင်းပခဲ့ပြီး ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင်က လာအိုနိုင်ငံ အနေဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် အာရှ-ဥရောပထိပ်သီး အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည်ဖြစ်၍ အဆွေတော် သမ္မတကိုလည်း ယင်းထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားလိုပါကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေး၊ မဲခေါင်မြစ်ကြောင်း တစ်လျှောက် လုံခြုံရေးပူးပေါင်း ဆောင်ရွက်ရန်ကိစ္စ၊ နယ်စပ်ဒေသလုံခြုံရေး နှင့် အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးရေး ကိစ္စ ရပ်များ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးအတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်ကိစ္စ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု၊ သာသနာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လာအိုဝန်ကြီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇူလိုင်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့ အထိ လာရောက်လည်ပတ်ခဲ့သည်။
အလယ်တန်းကျောင်းဆရာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် လာအိုဝန်ကြီးချုပ် သွန်ဆင်းသမာဗောင် သည် လာအိုဝန်ကြီးချုပ်အဖြစ် ၂၀၁၁ ခုနှစ်တွင် ခန့်အပ်ခြင်း ခံရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ