Welcome to my blog :)

rss

Sunday, July 17, 2011

 အာဏာ လွှဲပြောင်းပေးရန် ယီမင်သမ္မတအား အိုဘားမား ဖိအားပေး

ဇူလိုင်လ ၁၀ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမား၏ ထိပ်တန်း လက်ထောက် တစ်ဦးသည် ဆော်ဒီအာရေဗျနိုင်ငံ ရီးယာ့ဒ်ရှိ ယီမင်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အာဏာလွှဲပြောင်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးရန် တိုက်တွန်းခဲ့သည်။
ဆော်ဒီမြို့တော်ရှိ ဆေးရုံတစ်ရုံတွင် သမ္မတ ဆာလက်ဟ်ကို အမေရိကန် တန်ပြန် အကြမ်းဖက်မှု ထိပ်တန်း အရာရှိ ဂျွန်ဘရီနန်က တွေ့ဆုံပြီး ယီမင်တွင် အကူးအပြောင်း ကာလတစ်ခုကို ချက်ချင်း စတင်သင့်ပြီဟု အမေရိကန်က ယုံကြည်ကြောင်း ပြောကြားသည်။ ဆာလက်ဟ်သည် အနောက်နိုင်ငံများက ဖိအားပေးနေသော်လည်း ဆာလက်ဟ်သည် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီက ကြားဝင် စေ့စပ်ပေးသည့် အစီအစဉ်ကို လက်မှတ်ရေးထိုးရန် အကြိမ်ကြိမ် ငြင်းဆိုထားသည်။
လွန်ခဲ့သည့်လက ဆာနာတွင် သမ္မတနန်းတော်၌ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိရာမှ သက်သာလာပြီ ဖြစ်သည်။ သမ္မတ ဆာလက်ဟ်ကို ဆန္ဒပြမှုများ တိုးမြှင့် ပြုလုပ်ရန် ဆာနာရှိ အတိုက်အခံ အမတ်တို့ကလည်း
တောင်းဆိုခဲ့သည်။
ယီမင်တွင် ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေဆိုင်ရာ နိုင်ငံရေး အကူးအပြောင်းကာလ အတွက် ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီက စေ့စပ်ပေးခဲ့သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ၎င်း၏ ကတိက၀တ်ကို ဖြည့်ဆည်းရန် အစည်းအဝေး ပြုလုပ်စဉ် အတွင်း ဘရီနန်က ဆာလက်ဟ်ကို တောင်းဆိုခဲ့သည်။ ဆာလက်ဟ်သည် ရက် ၃၀ အတွင်း အာဏာ လွှဲပေးရမည် ဖြစ်ပြီး အပြန်အလှန် အနေဖြင့် ၎င်းအား တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်သည်။
ဘရီနန်နှင့် ဆွေးနွေး အပြီးတွင် ပင်လယ်ကွေ့ အစီအစဉ်နှင့် ကုလသမဂ္ဂ၏ ကြေညာချက်တို့မှာ လက်ရှိ အကျပ်အတည်းမှ လွန်မြောက်ရန် အတွက် မူဝါဒများ ဖြစ်ကြောင်း လက်ခံခဲ့ပြီး ယီမင်၏ ညီညွတ်ရေး၊ လုံခြုံရေးနှင့်
တည်ငြိမ်မှုရှိရေး တို့ကို ထိန်းသိမ်းနိုင်ရန် အတွက် နိုင်ငံရေး အင်အားစုများ ပါဝင်သည့် အမျိုးသားအဆင့် တွေ့ဆုံ ဆွေးနွေးမှုတစ်ခု ပြုလုပ်ရန် ဆာလက်ဟ်က တောင်းဆိုထားသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ