Welcome to my blog :)

rss

Sunday, July 24, 2011

မော်တော်ယာဉ်များကို ရောင်းချသည့် ကုန်းတွင်း သဘာဝဓာတ်ငွေ့ ထွက်ရှိမှုနည်းလာ၍ ကမ်းလွန် သဘာဝဓာတ်ငွေ့များကို နိုင်ထရိုဂျင် ဖယ်ထုတ်ကာ ယာဉ်များကို ပေးဝေမည်

AddThis Social Bookmark Button 4166
လက်ရှိအချိန်၌ စီအင်န်ဂျီ မော်တော်ယာဉ်များကို ပေးဝေနေသည့် ကုန်းတွင်း သဘာဝဓာတ်ငွေ့ ထွက်ရှိမှု နည်းပါးလာသဖြင့် ကမ်းလွန် သဘာဝဓာတ်ငွေ့များကို နိုက်ထရိုဂျင် ဖယ်ထုတ်ကာ စီအင်န်ဂျီ မော်တော်ယာဉ်များကို ပေးဝေနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းရှိ ကုန်းတွင်းပိုင်း သဘာဝဓာတ်ငွေ့ နယ်မြေများမှ သဘာဝဓာတ်ငွေ့ ထွက်ရှိမှု နည်းပါးလာခြင်း၊ အကန့်အသတ်ဖြင့်သာ ထုတ်ယူလာနိုင်မှုတို့ကြောင့် ကမ်းလွန်ပိုင်းမှ ထွက်ရှိနေသည့် သဘာဝ ဓာတ်ငွေ့များကို ပြည်ပမှ စက်ကိရိယာကြီးများဖြင့် နိုက်ထရိုဂျင် ဖယ်ထုတ်ကာ ပြည်တွင်း စီအင်န်ဂျီ မော်တော်ယာဉ်များတွင် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မှ သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့  ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “အရင်တုန်းက တစ်နေ့ကို စီအင်န်ဂျီဓာတ်ငွေ့ သန်း ၁၀၀ ကနေ ၁၂၀ ကြားထွက်ရှိတဲ့ အဖျောက် သဘာဝဓာတ်ငွေ့နယ်မြေ က အခုအချိန်မှာတစ်နေ့ကို ခြောက်သန်းကနေ ရှစ်သန်းကြားပဲ အသုံးပြုနေရတယ်။ ဒါ့အပြင် ညောင်တုန်း နယ်မြေကလည်း အရင်တုန်းက စီအင်န်ဂျီဓာတ်ငွေ့ထုတ်နိုင်တဲ့ ပမာဏ ကတစ်နေ့ကို သန်း ၁၀၀ ၀န်းကျင်လောက် အသုံးပြုနိုင်တာကနေ အခုဆိုရင် တစ်နေ့ကို  ၃၅ သန်းလောက်ပဲ အသုံးပြုနိုင်တော့ပါတယ်” ဟု ပြောကြားခဲ့သည်။
“တွင်းထဲမှာရှိနေတဲ့ ဓာတ်ငွေ့တွေကို အလုံးအရင်း ထုတ်ယူအသုံးပြုရင် မြန်မြန် ကုန်သွားနိုင်တဲ့ အတွက်ကြောင့် အခုလို လျှော့ပြီးတော့ ထုတ်ယူရောင်းချ ပေးနေရခြင်းဖြစ်ပါ တယ်။ အခုလက်ရှိ မော်တော်ယာဉ် တွေမှာ အသုံးပြုနေတဲ့ ဓာတ်ငွေ့အမျိုးအစားက ကုန်းတွင်းပိုင်းကထွက်တဲ့ ဓာတ်ငွေ့ အမျိုးအစားတွေပါ။ ကမ်းလွန်ပိုင်းကထွက်တဲ့ သဘာဝ ဓာတ်ငွေ့ အမျိုးအစားတွေက မော်တော်ယာဉ်တွေမှာ သုံးလို့မရသေး ပါဘူး။ အခု ကိုရီးယားက တင်သွင်းဖို့ လေ့လာနေတဲ့ စက်တွေနဲ့ ကမ်းလွန်ပိုင်းက ထွက်တဲ့သဘာဝ ဓာတ်ငွေ့ကို နိုက်ထရိုဂျင်ဖယ်ထုတ်ပြီး သုံးနိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။ ဖယ်ထုတ်ပြီးတဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့တွေကြောင့် ဘေးထွက် ဆိုးကျိုးတွေမဖြစ်အောင် ပညာရှင်တွေနဲ့ တိုင်ပင်နေပါတယ်။ ရွှေ သဘာဝဓာတ်ငွေ့သိုက်က ထွက်တဲ့ ကမ်းလွန်ဓာတ်ငွေ့တွေမှာ ဒီနည်းစနစ်ကို စသုံးပြီး ပြည်တွင်းမှာ ဖူလုံမှုရှိအောင် ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ယခုအချိန်တွင် ပြည်တွင်းရှိ စက်သုံးဆီ အသုံးပြု မောင်းနှင်နေသော မော်တော်ယာဉ်များ စီအင်ဂျီဓာတ် ငွေ့တပ်ဆင်အသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းထားပြီး ၂၀၁၃ ခုနှစ် အတွင်း၌ ပြန်လည် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။
စီအင်ဂျီဓာတ်ငွေ့ ပြောင်းလဲ တပ်ဆင်အသုံးပြုခွင့်ကို၂၀၀၈ခုနှစ် မတ်လ၀န်းကျင်ခန့်မှ စတင်ကာ ယာယီရပ်ဆိုင်းခဲ့ပြီး ပြည်တွင်း၌ စီအင်ဂျီဓာတ်ငွေ့ပြောင်းလဲတပ်ဆင် အသုံးပြုနေသော မော်တော်ယာဉ် ၂၇၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။   

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ