Welcome to my blog :)

rss

Monday, July 18, 2011

နိုင်ငံတကာ လေကြောင်းလိုင်း အများစု Airport Tax ကိုလေဆိပ် Check-in ကောင်တာတွင် ကောက်ခံလျက်ရှိ ၊အမေရိကန်ဒေါ်လာ ၁၀ သတ်မှတ်ထားသော်လည်း မြန်မာကျပ်ငွေဖြင့် ပေးဆောင်မှုကိုလက်ခံပြီး ကျပ် ၉၀၀၀ ဖြစ်ကြောင်း သိရ

64211
မြန်မာနိုင်ငံနှင့် ချိတ်ဆက် ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်း အများစု Airport Tax  ကို အကြောင်းကြောင်းကြောင့် လေဆိပ် Check-in  ကောင်တာတွင် ကောက်ခံ လျက်ရှိကြောင်း နိုင်ငံတကာလေကြောင်းလိုင်း အသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။
ပြည်ပထွက်ခွာနိုင်ငံသားများ ပေးဆောင်ရသည့် Airport Tax  ကို ၂၀၁၁ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စကာ အမေရိကန်ဒေါ်လာ ၁၀ သို့ တိုးမြှင့်ပြီး လေယာဉ်လက်မှတ်အတွင်း တစ်ပါတည်း ကောက်ခံရန် သတ်မှတ်ထားခဲ့သော်လည်း လေကြောင်းလိုင်းအများစုမှာ ဃ့နခု-ငည ကောင် တာတွင် လက်ခံဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။
“ဇူလိုင်လ ၁ ရက်နေ့ကောက် မှာကို ဇွန်လကုန်ခါနီးမှ သိရတဲ့အ တွက် ချက်ချင်းကြီး လေယာဉ်လက် မှတ်ထဲ ထည့်ကောက်ဖို့ဆိုတာအ ဆင်မပြေနိုင်ပါဘူး။ ကိုယ့်လူမျိုးတွေ က နီးမှ ကပ်ဝယ်လေ့ရှိတဲ့အတွက် မြန်မာလူမျိုးအသွားများတဲ့ ခရီးစဉ် တွေဆိုရင်တော့ လက်မှတ်ထဲမှာ ချက်ချင်းထည့်ကောက်ဖို့အဆင်ပြေ နိုင်ပါတယ်။ ဒါပေမယ့် ကြိုတင်ဝယ် ယူထားတဲ့သူတွေကတော့ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ တစ်နှစ်အတွင်း သွားနိုင်တဲ့ လက်မှတ်လည်းရှိတာ ကိုး။ ဒီတော့တချို့ကို လက်မှတ်ထဲ မှာထည့်ကောက်ပြီး တချို့ကိုတော့ လေကြောင်းလိုင်းအသီးသီးရဲ့ ဃ့နခု-ငည ကောင်တာမှာ ကောက်ရ တဲ့အနေအထားရှိတယ်”ဟု နိုင်ငံ တကာလေကြောင်းလိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
Airport Tax  ကို လေယာဉ်လက်မှတ်အတွင်း ထည့်သွင်းကောက်ခံနိုင်မှု၌ အချို့လေကြောင်းလိုင်းများ မှာ ၅၀ရာခိုင်နှုန်းခန့်အထိ လက်ခံနိုင်ပြီး အချို့မှာ လုံးဝ မကောက်ခံနိုင်သေးသည့် အခြေအနေတွင် ရှိနေကြောင်းလည်း သိရသည်။
“တချို့ လေကြောင်းလိုင်းတွေ မှာ ၃၀ နဲ့ ၅၀ ရာခိုင်နှုန်းလောက် လေယာဉ်လက်မှတ်ကနေ တစ်ပါတည်း ကောက်နေပေမယ့် တချို့လေကြောင်းလိုင်းတွေ အနေနဲ့ကတော့ အကြောင်းကြောင်းကြောင့် ထည့်ကောက်ဖို့ လတ်တလော အဆင်မပြေနိုင်သေးဘူး လို့သိရပါတယ်။ ဒါပေမယ့် အားလုံးတော့ လက်မှတ်ထဲ ကောက်နိုင်အောင် လုပ်နေကြပါတယ်”ဟု ရန်ကုန်လေဆိပ်နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။
Airport Tax ကောက်ခံရာတွင် အချို့လေကြောင်းလိုင်းများမှာ သတ်မှတ်ထားသည့် အမေရိကန်ဒေါ်လာ ၁၀ပေးဆောင်ခြင်းကိုသာ လက်ခံပြီး အချို့မှာမူ ခရီးသည်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြန်မာကျပ်ငွေဖြင့် ပေးဆောင်ခြင်းကို လက်ခံပေးကြောင်း သိရသည်။
“တချို့လေကြောင်းလိုင်းတွေ ကတော့ Airport Tax  ကို FEC ၊ ဒေါ်လာနဲ့ပဲ လက်ခံပါတယ်။ တချို့ကျတော့လည်း ခရီးသည်အဆင်ပြေအောင် မြန်မာငွေနဲ့ လက်ခံပါတယ်။ တစ်ခုရှိတာက တရားဝင်ငွေလဲလှယ်နှုန်း မဟုတ်တဲ့အတွက် ဒီလိုလက်ခံပေးရတာ အခက်အခဲရှိပါတယ်။ ဒီနေ့ပေါက်ဈေးနဲ့ လက်ခံလိုက်ပြီး တစ်ပတ်လောက်ကြာမှစုပြီး ပြန်လဲရတော့ အဲဒီနေ့မှာ ဈေးကတစ်မျိုး ဖြစ်သွားနိုင်တယ်”ဟု နိုင်ငံတကာ လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦး ကထပ်မံပြောပြခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ