Welcome to my blog :)

rss

Sunday, July 17, 2011

မလေးရှား 6P စီမံချက် ယနေ့ နောက်ဆက်တွဲ ( အိုဗာစတေးသမားများအတွက် )

မင်္ဂလာပါ


ယခင် အိုဗာစတေး သမားများအတွက်  Bio - Matrix စနစ်ဖြင့် လက်ဗွေ နှိပ်ပြီး မှတ်တမ်းများ သိမ်းဆည်းထားမည်ဖြစ်သောကြောင့် တော်တော်များများမလေးရှားကို ပြန်လာလို့ မရမှာစိုးရိမ်ကြပါတယ် ။

အစပိုင်းကလည်း လက်ဗွေ နှိပ်ပြီး ပြန်ထွက်ရသောကြောင့် ပြန်လည်ဝင်ရောက်ရန် အဆင်မပြေမှာ ကိုမေးမြန်းထားတာရှိပါတယ် ။

ယနေ့ အစည်းဝေးပြီး သတ်မှတ်ချက်များအရ စီမံချက်ကာလ ( 6P - အိုဗာစတေးသမားများအတွက်  ) အတွင်း လက်ဗွေ နှိပ် မှတ်ပုံတင်ပြီး မလေးရှားမှ ထွက်ခွာသော အလုပ်သမားအတွက် ထွက်ခွာပြီး ၃ လပြည့်ပြီး သည်နှင့် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခွင် စတင်ခွင့်ပြုသွားမည်ဖြစ်သည် ။

လက်ဗွေ နှိပ် မှတ်ပုံတင်မထားသော အိုဗာစတေးသမားများ ဖမ်းဆီ ရရှိပါက ပစ်ဒဏ် နှင့်အတူ မလေးရှား နိုင်ငံသို့ မည်သို့မျှ ၀င်ရောက်ခွင်ပြုမည်မဟုတ်ကြောင်း အစည်းဝေးတွင် တာဝန်ရှိသူများမှ ရှင်းလင်းပြသွားပါသည် ။

မဟာနန်းသတင်း 

မဟာနန်းတွင် လျှောက်ထားသူများမှ သူဌေး မရှိ ၊ ငွေ ကြေးမတတ်နိုင်သူများ အတွက် စာသောက်ဆိုင် လုပ်သား လူ ၁၀၀၀ တိတိ ။
ကို အလုပ်ရှင်မှ စိုက်ထုတ် ပြီး ပါမစ်အတွက် အကုန်အကျခံပေးမည်ဖြစ်ကြောင်း သိရပါတယ် ။  အခြေခံ လစာ ( စားစရိတ်ငြိမ်း ရင်းဂစ် ၈၀၀ အနည်းဆုံး ဖြစ်ပြီး ပစ်စပို့အတွက် ကုန်ကျငွေ နှင့် မှတ်ပုံတင် ရန်ကုန်ကျငွေကို လျှောက်ထားသူများမှ ကုန်ခံရမည်ဖြစ်ပြီး ပါမစ်အတွက် ကုန်ကျစရိတ် ကို အလုပ်ရှင်မှ စိုက်ထုတ်ပေးမည်ဖြစ်ပါတယ် ။ လုပ်သား ၁၀၀၀ တိတိ ။ မဟာနန်းမှ ထိုကိစ္စအတွက် ထပ်မံဝန်ဆောင်ခကောက်ခံမည်မဟုတ် ကြောင်း ယနေ့ည သိရပါတယ် ။

ထို့အပြင် စက်ရုံ လုပ်သားခေါ်စာ ၁၈၀၀ ကျော် ။
ဆောက်လုပ်ရေးလုပ်သား ခေါ်စာ ၁၀၀၀ ကျော် ။ အပြင် သူဌေးမရှိသူများအတွက် ခေါ်စာများစွာ ကို လက်ခံရရှိကြောင်း သိရပြီး ။
စီမံချက်ကာလ အတွင်း ထိုခေါ်စာများ နှင့် အလုပ်သမားများကို တွဲဘက်ပေးမည် ဖြစ်ကြောင်းသိရပါတယ် ။

ဧဒင်ဥယျာဉ်သတင်း 

6P စီမံချက်ကာလအတွင်း အချက်လက် ရေးသွင်းရန် ကွန်ပျူတာ စာရိုက် ကျွမ်းကျင်သော မြန်မာလူငယ် များ ၊ ကျောင်းသားများ ၊ မည်သူမဆို အိုဗာစတေး သမားများကို ကူညီအချက်လက်ရေးသွင်းပေးရန် အတွက် လုပ်အားပေး ( Volunteer ) ဖြစ်စေ ။ အချိန်ပိုင်း လုပ်သားဖြစ်စေ မည်သူမဆို အချိန်ရှိသူအားလုံ ၀ိုင်းဝန်းပါရန် ဖိတ်ကြားပါသည် ။

ယနေ့မှ စတင်ပြီး အိုဗာစတေးသမားများအတွက် မည်သည့် ကုမဏီင်္ ၊ အဖွဲ့အစည်းမဆို လိုင်စင် ပြပြီး မိမိတို့ ရရှိထားသော အလုပ်ခေါ်စာများဖြင့် အလုပ်မရှိသူ ။ သူဌေးမရှိသူ အိုဗာစတေးသမားများ အကူအညီရရှိစေရန် ဘလော့ရေးတင်ပြီး ဖြစ်စေ ။ ကျွန်တော့်ထံ စာ ၊ FAX ၊ ဖုန်းဖြင့်ဖြစ်စေ အကြောင်းကြား ပါက အိုဗာစတေးသမား များ ရွေးချယ်နိုင်ရန် အားလုံး တင်ပေးမည် ။

မိမိတို့ လိုသော လုပ်သား မှန်သမျှ ငွေကြေးမတတ်နိုင်သူ အိုဗာစတေးသမားများ ရွေးချယ်ခွင့်ရရန် မည်သူမဆို မည်သည့် ကုမဏီမဆို  အခြေခံလစာ ။ လုပ်ရမည့် အလုပ်အမျိုးအစား ။ လိုအပ်သော လူဦးရေ ပမာဏ အလိုက် ဧဒင်ဥယျာဉ်တွင် ကြော်ငြာ တင်နိုင်သည် ။

6P စီမံချက် အတွက် လိုင်စင်ရရှိသော မည်သည့်ကုမဏီမဆို အိုဗာစတေးသမားများ အကူအညီရရှိမည်ဆိုပါက ကြော်ငြာနိုင်သည် ။

KOMYO

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ