Welcome to my blog :)

rss

Thursday, April 21, 2011

စင်ကာပူရှိ မြန်မာ အိုင်တီပညာရှင်များ ပထမဆုံး ရေးဆွဲခဲ့သည့် VOIP ဖုန်းစနစ် စတင်အသုံးပြု နိုင်တော့မည်


ရန်ကုန်မြို့ခံတစ်ဦး VOIP ဖုန်းအသုံးပြုနေပုံကို တွေ့ရစဉ်


ရန်ကုန် ၊ ဇန်န၀ါရီ ၎


တစ်ကမ္ဘာလုံးသို့ အင်တာနက်မှ ဖုန်းခေါ်ဆိုနိုင်သည့် VOIP ဖုန်းစနစ်တစ်မျိုးကို စင်ကာပူရောက် မြန်မာ အိုင်တီပညာရှင်များက ရေးဆွဲနိုင်ခဲ့ပြီး မကြာခင် စတင်၍ ၀န်ဆောင်မှု ပေးတော့မည်ဟု ကြားသိရသည်။ အဆိုပါ ဖုန်းစနစ်ကို Free Talky အမည်ပေးထားပြီး မြန်မာပညာရှင်များဖြင့် စုဖွဲ့ထားသော Excellent Trade Channel Co., Ltd (Singapore) က ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။




အသုံးပြုလိုသူများသည် http://www.freetalky.com/?locale=mm တွင် အကောင့်ပြုလုပ်နိုင်ပြီး Prepaid Card ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ တစ်ကမ္ဘာလုံးသို့ လွယ်ကူစွာ ဖုန်းခေါ်ဆိုနိုင်ပြီး အင်တာနက် ဆက်သွယ်မှု နှေးကွေးလေးလံသော အချိန်များတွင်ပါ ကောင်းစွာအသုံးပြုနိုင်ခြင်း၊ Calling Card များနှင့် ခေါ်ဆိုခြင်းထက် လွယ်ကူခြင်း၊ ဈေနှုန်း အလွန်ချိုသာခြင်း၊ အင်တာနက် ချိတ်ဆက်ထားသော မည်သည့်နေရာ၊ မည်သည့် ကွန်ပျူတာမှ မဆိုခေါ်ဆိုနိုင်ခြင်း၊ FreeTalky နံပါတ် အချင်းချင်း အခမဲ့ ခေါ်ဆိုနိုင်ခြင်း၊ တယ်လီဖုန်းလိုင်းတစ်ခု ၀ယ်ယူရန် မလိုအပ်ခြင်း စသည့် အားသာချက်များ ရှိကြောင်း သတင်းရရှိသည်။




မြန်မာငွေဖြင့် တိုက်ရိုက် ပေးချေဝယ်ယူနိုင်သော ကြိုတင်ငွေဖြည့်ကတ်များ အနေဖြင့် ၃၀၀၀ ကျပ်တန်၊ ၅၀၀၀ ကျပ်တန်၊ တစ်သောင်းကျပ်တန် ဟူ၍ ကတ်သုံးမျိုး ရရှိနိုင်သည်ဟု သိရသည်။ ဈေးနှုန်းအနေဖြင့်လည်း လက်ရှိပြည်တွင်းတွင် ကျယ်ပြန့်စွာ သုံးစွဲနေသော VOIP ဖုန်းများထက် အထူးချိုသာပြီး တစ်မိနစ်ဖုန်းခေါ်ဆိုခ အနေဖြင့် စင်ကာပူ ၁၅ ကျပ်၊ မလေးရှား ၂၉ ကျပ်၊ တရုတ် ၂၃ ကျပ်၊ UK ၂၅ ကျပ်၊ အမေရိကန် ၁၅ ကျပ်၊ ကနေဒါ ၁၉ ကျပ်၊ ပြင်သစ် ၂၆ ကျပ်၊ အိန္ဒိယ ၂၉ ကျပ်၊ သြစတြေးလျား ၂၉ ကျပ် ခန့်သာ ကျသင့်မည် ဖြစ်ပြီး ၄င်းတို့၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် ကမ္ဘာ့နိုင်ငံအားလုံးသို့ တစ်မိနစ် ဖုန်းခေါ်ဆိုခနှုန်းထားများ ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

FreeTalky VOIP ဖုန်းစနစ်သည် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး G.729 Codec နည်းပညာကို အသုံးပြုထားသည့်အတွက် အင်တာနက် ဆက်သွယ်မှု အမြန်နှုန်း 1.6kb မှ 6.8kb ရှိရုံဖြင့် ဖုန်းပြောနိုင်ပြီး Speex Ultra-wideband ပါဝင်သောကြောင့် အသံကြည်လင်ပြတ်သားမှု အကောင်းဆုံး VOIP ဖုန်းဝန်ဆောင်မှု ဖြစ်လာနိုင်မည်ဟု ကြားသိရသည်။ FreeTalky မှ ထပ်မံ၍ G-talk ကဲ့သို့ Voice Chat နှင့် IM Chat ၀န်ဆောင်မှုများလည်း အကောင့်တစ်ခု ဖွင့်ထားရုံဖြင့် သုံးစွဲနိုင်တော့မည် ဖြစ်ကြောင်း ကြားသိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ