Welcome to my blog :)

rss

Thursday, April 21, 2011

Good Morning All.....


လှပသော မနက်ခင်းများကို မိမိကိုယ် ဖန်တီးပိုင်ဆိုင်ပြီး မဂ်လာ မနက်ခင်းများ အတွက် အနည်းငယ်သော ဂရုစိုက်မှုလေးများမှ ကျေနပ် အားရလောက်သော အောင်မြင်ခြင်းများ အတွက် မနက်ခင်းသစ် တစ်ခု ဖန်တီး ကြည့်စေချင် ပါသည်။ လူတိုင်းအတွက် သင့်တော်နိုင်သော နည်းလမ်းသစ်များကို စာရှုသူတို့ အတွက် ရည်ရွယ် ရေးသားပါသည်။

တစ်နေ့ တာအတွက် အရေးကြီးသော အိပ်စက်ချိန်အတွက် လင်းရောင်တက်နိုင် မျှနည်းအောင်စီိစဉ်ပါ။

အလင်းရောင်က ဦးနှောက်၏ အနားရမူကို နှောက်အယှက် ဖြစ်စေပါသည်။ အလင်းရောင်သက်သာ စေရန်မျက်လုံးကာသို့ ခန်းစီးများကို တ၀က်ခန့် ချထားခြင်းဖြင့် ပြင်ပ လင်းရောင်ကိုလျှော့ချပါ။



နှိုးစက်ဖြင့်အိပ်ရာထ တက်သူဖြစ်ပါက (၁၅-မိနစ်) စောပေးထားပါ။ အာရုံများနိုးကြားနေပြီ သော်လည်း(၁၅မိနစ်)ခန်. အိပ်ရာထဲလဲ လျှောင်းနေခြင်းက ခွန်အားပိုမိုတိုးစေပါသည်။

အကြောဆန့် လေ့ကျင့်ခန်းမိမိနှင့် သင့်တော်ရာကို(၁၅-စက္ကန့် ခန့် ပြုလုပ်ပါ ။ခန္ဒာ ကိုယ် တစ်ရူးများသို. အောက်စီဂျင်အပြည့် အ၀ပို့ ပေးခြင်းဖြင့် သွေးလည်ပတ်မှူ ကောင်းမွန်ပြီး မအီမသာဖြစ်ခြင်းများ ကင်းရှင်းပါမည်။

စိတ်ကျန်းမာရေးအတွက် ခွန်အားရှိစေသော မှတ်သားစရာအဆိုအမိန့် များကိုမနက်ခင်းတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ။ အဆိုးမြင်စိတ်၏ နှောက်ယှက်ခြင်းများ ကိုမိမိစိတ်သဏ္ဏန်အတွင်း မှတိုက်ထုတ်ပြီုးုဖြစ်ပါလိမ့်မည်။

မနက်ခင်းးတွင် အသေးအဖွဲစိတ်အနှောက်အယှက်များကို လက်မခံပါနှင့်။ ဥပမာ-ရေချိုးခန်း အိမ်သာမအားခြင်း၊ မနက်စာအဆင်မပြေခြင်းများက တနေ့ တာ၏ခွန်အား ၅၀%ကိုဆုံရှုံးထိခိုက်စေ ပါသည်။

မနက်စာအတွက်အထွေအထူးမစီမံနိုင်လျှင်ပင်သကြားညိုဖြင်.ပြုလုပ်ထားသောကော်ဖီတစ် ခွက်(သို့ )လိမ္မော်ရည်တစ်ခွက် ကိုသုံးဆောင်သင့်ပါသည်။မနက်တိုင်းမပြင်းမပျော.သောအချိုရည်ကိုမှီဝဲသူများ၏ မှတ်ဥာဏ်သည်အသက် ၆၀-၈၀ အထိသူငယ်ပြန်ခြင်းမှတ်ဥာဏ်ချိုယွင်း ခြင်းများကိုကင်းဝေးကြကြောင်းလေ့လာမှူများတွင်ဖော်ပြထားသည်။

ထိရောက်သော ကိုယ်လက်သန့် စင်မှူကိုဆောင်ရွက်ပါ။ တစ်ညတာ ငြိမ်သက်နေသော မိမိခန္ဓာ ကိုယ်၏ အဓိကအစိတ်အပိုင်းများ ကိုဦးစားပေးသန့် စင်ပါ။ ဥပမာလည်ဂုတ်နှင့်  ချိုင်းများ ကိုအဓိကထားပါ။ အကျိုးကျေးဇူးအဖြစ် စိတ်ဖိစီးမှူနှင့်ကိုယ်ခန္ဒာသန့် ရှင်းမှူ ကိုအချိန်တို အတွင်းရစေပါမည်။

မိမိချစ်ခင်နှစ်သက်သော မိသားစုဝင်များကို နွေးထွေးကြင်နာသောစကား(သို့ ) အပြုအမူဖြင့်မိမိ၏တစ်နေ့  တာကိုစတင်ပါ။ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုအပြည်ဖြင့်နေ့ သစ်ကို ရင်ဆိုင်နိုင်ပါမည်။ချစ်ခင်နှစ်သက်သူများတွင်အိမ်မွေးတိရစ္ဆာန်လေးများလည်းပါဝင်သည်။

ဂီတ ၏စိတ်နှလုံးအေးချမ်းစေမှူကို မနက်တိုင်း(၅-မိနစ်)မှ(၁၀-မိနစ်) အထိရအောင် နားထောင်ပါ။မိမိ၏ဖန်တီး မှူစွမ်းရည်များ သိသိသာသာတိုးတက်ပြီး လက်တွေ့ ကျသော ဆုံးဖြတ်ချက်များ အတွက်အထောက်အကူပြုပါမည်။

အာရုံခံအကြောများ၏ တုံ.ပြန်မှူကောင်းမွန်စေသောမိမိ၏လျှာကို(၁-မိနစ်)ခန့် အချိန်ပေး၍တိုက်ပါ။ မိမိအိပ်စက်ချိန်ပါးစပ် တံခါးပိတ်အတွင်းရှိစေသာ လျှာသည် ပိုးမွှားးဘက်တီးရီးယား ၃၀၀အထက်ကို ညစဉ်တိုင်းပေါက်ဖွားနေသည် ကို သတိရပါ။

မနက်အိပ်ရာထချိန်(၈အောင်စ)ဖြင်ညီမျှသောရေတစ်ခွက်သည်လည်းတစ်ညတာမိမိ၏ရေ ဓာတ်ခန်းခြောက်နေမှူကိုပြန်လည်လန်းဆန်းလာစေပါမည်။

လူသားယန္တရားကို ကောင်းမွန်စွာလည်ပတ်ရန် မနက်ခင်းတစ်ခု၏အစကို ယခုကဲ့သို့ စနစ်တကျ အစပျိုးလိုက်မည်ဆိုပါက အောင်မြင်သောနေ့ သစ်များကို မိမိတို.၏တောက်ပသောမနက်ခင်းများ ဖြင့်စတင်နိုင်ကြ ပါစေဟု ဆုမွန်ကောင်းတောင်းရင်း......

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ