Welcome to my blog :)

rss

Thursday, April 21, 2011

ပြည်ပမှ ၀င်လာသော သစ်သီးခြောက်နှင့် အစားအသောက် အချို့တွင် ခဲနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပါဝင်နေသည့်အတွက် FDA မှ လျှို့ဝှက်စွာ စစ်ဆေး အရေးယူသွားမည်



ပြည်တွင်းရှိ ဈေးဝယ်စင်တာများနှင့် ဆူပါမားကတ်များတွင် တည်ခင်းရောင်းချနေသော အစားအသောက်များ တွင် ကျန်းမာရေး ၀န်ကြီးဌာနမှ ကျန်းမာရေးနှင့် ညီညွတ်၍ စားသုံးရန် သင့်တော်ကြောင်း တရားဝင် ခွင့်ပြုချက် မရသော အစားအသောက်များ ပါဝင်နေကြောင်း တွေ့ရှိရသဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအဖွဲ့ (FDA) မှ အဆိုပါ ဆိုင်များသို့ စီမံချက်ဖြင့် ရှောင်တခင် လျှို့ဝှက်စွာ ၀င်ရောက် စစ်ဆေး အရေးယူသွားမည်ဟု သတင်းရရှိသည်။

ထိုသို့ ၀င်ရောက်စစ်ဆေးရခြင်း၏ အဓိက အကြောင်းရင်းမှာ ပြည်ပမှ ၀င်ရောက်လာပြီး FDA သို့ တင်ပြခြင်းမရှိဘဲ ဈေးကွက်ထဲတွင် ရောင်းချနေသော သစ်သီးခြောက်များတွင် အဆိပ်ရှိသော သတ္တုဓာတ် တစ်မျိုး ဖြစ်သည့် ခဲ (Lead) ပါဝင်မှု ရှိသည်ကို တွေ့ရှိရသောကြောင့် ဖြစ်ကြောင်း၊ ၀င်ရောက် စစ်ဆေးရာတွင် ဈေးဝယ်သူ အနေဖြင့် ပစ္စည်းများကို ၀ယ်ယူကာ စစ်ဆေးမည် ဖြစ်ပြီး ထိုအစားအသောက်များ၌ ပြည်သူလူထု စားသုံးရန် မသင့်တော်သော အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတုပစ္စည်း တစ်ခုခု ပါဝင်ပါက ပစ္စည်းများ အားလုံးကို သိမ်းဆည်း ဖျက်ဆီးသွားမည် ဖြစ်ပြီး တင်သွင်းခွင့်ကိုလည်း ပိတ်ပင်သွားမည် ဖြစ်ကြောင်း၊ ဆိုင်ကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း FDA ၏ ညွှန်ကြားရေးမှူး ဒေါက်တာ ဦးကျော်လင်းက ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ရှင်းလင်း ပြောကြားခဲ့သည်။

ဈေးဝယ်စင်တာကြီးများနှင့် ပြည်တွင်း ဆိုင်ကြီး ဆိုင်ငယ်များတွင် သစ်သီးခြောက်ကဲ့သို့ ပြည်ပ စားသောက်ဖွယ် မျိုးစုံတို့ တည်ခင်းရောင်းချနေသည်မှာ ကြာခဲ့ပြီ ဖြစ်ပြီး ဈေးကွက်ထဲတွင် ကျယ်ပြန့်စွာ တွေ့ရှိရကြောင်း၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံမှ စားသောက်ကုန်များ အများဆုံး ဖြစ်ပြီး မည်သည့် အရပ်ဒေသမှ တရားဝင် ထုတ်လုပ်သည်ဟု ဖော်ပြပါရှိခြင်း မရှိသလို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၏ စစ်ဆေးပြီး တရားဝင်ခွင့်ပြုချက် မရှိဘဲ ရောင်းချနေသော စားသောက်ကုန် များစွာကို ဈေးကွက်ထဲတွင် တွေ့နေရသော်လည်း ပြည်သူအများစုမှာ သတိမပြုမိကြဘဲ ၀ယ်ယူစားသုံးနေခဲ့ကြကြောင်း၊

ခဲနှင့် အခြားသော လူကို အန္တရာယ် ဖြစ်စေမည့် ဓာတုဆေးဝါးများ ပါဝင်သည်ကို စစ်ဆေးတွေ့ရှိပါက ချက်ချင်း တားမြစ် ပိတ်သိမ်း အရေးယူရန် လိုအပ်သလို ခွင့်ပြုချက် တင်ပြီး တရားဝင် မှတ်ပုံတင်ပြီးမှ ရောင်းချသော ဥပဒေများ အခိုင်အမာ ပေါ်လာသင့်ပြီ ဖြစ်ကြောင်း၊ ထိုသို့ မှတ်ပုံတင်ရာတွင် ဤဥပဒေ တွင်ကျယ်စွာ လိုက်နာရေးအတွက် အနှောင့်အယှက်တစ်ခု မဖြစ်ရလေအောင် မှတ်ပုံတင်စားရိတ်ကို အထူးကြီးလေးအောင် သတ်မှတ် ကောက်ခံခြင်း မပြုသင့်ကြောင်း mmDailyNews ၏ ကျန်းမာရေးအယ်ဒီတာ ဒေါက်တာသီဟသစ်မှ သူ၏ အမြင်ကို ပြောပြခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ