Welcome to my blog :)

rss

Thursday, April 21, 2011

တရုတ်ပြည် ကျန်ဇီပြည်နယ်ထွက် လိမ္မော်သီးများတွင် အဆိပ်ရှိသော ဖယောင်းဆိုးဆေးများ ပါရှိနေ


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျန်ဇီပြည်နယ်ထွက် လိမ္မော်သီးများကို အရောင်တင်ဖယောင်း သုတ်လိမ်းထားမှုကြောင့် လိမ္မော်သီးများ ရောင်းချခွင့်ကို လတ်တလော ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။ ထိုသို့ အရောင်တင် ဖယောင်းများ သုတ်လိမ်းရခြင်းမှာ လိမ္မော်သီးများကို ရောင်းအား ကောင်းစေရန်နှင့် ကြာရှည်ခံစေရန် ဖြစ်သည်ဟု သီးနှံလက်ကားဈေးကြီး တစ်ခုမှ ဈေးသည်တစ်ဦးက တရုတ်မီဒီယာများသို့ ပြောပြခဲ့သည်။

အဆိုပါ အရောင်တင် ဖယောင်းဆိုးဆေးများသည် စက်ရုံသုံး ဆိုးဆေးများ ဖြစ်ပြီး ကိုင်တွယ် မိသော လက်မှတစ်ဆင့် စားသုံးမိလျှင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်စေနိုင်သကဲ့သို့  ကိုယ်ခံအား စနစ်နှင့် မှတ်ဥာဏ်ကို ထိခိုက် ယုတ်လျော့စေသည်ဟု Oriental Morning Post သတင်းစာတွင် ဖော်ပြပါရှိသည်။

လက်ရှိတွင် တရုတ်အာဏာပိုင်များသည် လိမ္မော်သီး ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပြီး ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နေပြီး ဆေးဆိုးမှုများကို ရှန်ဟိုင်းမြို့ပေါ်မှ ဈေးသည်များ နှင့် တင်ပို့ရောင်းချသော ခြံရှင်များမည်သူ လုပ်သည်မသိ လက်သည်မပေါ် ဖြစ်နေခြင်းကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ သစ်သီးများ တင်ပို့မှု ရှိနေလေရာ ကျွန်တော်တို့ mmDailyNews ပရိသတ်များနှင့် ပြည်သူများလည်း တရုတ်လိမ္မော်သီးများတွင် အဆိပ်သင့်စေသော  ဖယောင်းဆိုးဆေး ပါ မပါ စစ်ဆေးစားသုံးသင့်ကြောင်း တင်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။ cွဲခြားနည်းမှာ ထိုသို့ ဖယောင်းဆိုးဆေး သုတ်လိမ်းထားသော လိမ္မော်သီးကို တစ်သျှူးစဖြင့် ပွတ်ကြည့်ပါက အနီရောင်၊ အ၀ါရောင်များ စွန်းပေ၍ ပါလာသည်ဟု သိရပါသည်

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ