Welcome to my blog :)

rss

Thursday, April 21, 2011

အခြေခံ ယောဂ(သို့ ) ပထမ ၊ ဒုတိယ၊ စတုတ္တ၊ သတ္တမ တံခါး များနိုးထစေခြင်း။


လူသားခန္ဓာနှင်.ပြင်ပလောကတိုက်ရိုက်ဆက်သွယ်နေသောတခါးကြီး(ရ)ပေါက် အနက်မှ အဓိကျသော  ပထမဒုတိယစတုတ္တ၊ သတ္တမ တံခါးများကို တပြိုင်နက်ဖွင့်ပေး နိုင်သော အသက်ရှုလေ့ကျင့်ခန်းဖြစ်သည်။



ပုံတွင်ပြထားသည့်အတိုင်း ကိုယ်အနေ အထားနှင့် လက်ပုံစံများကို ပြင်ဆင်ပါ။



အသင့်ရှိနေပါက နှာခေါင်းမှ အသက်ကို တစ်ဝရှုသွင်းပြီး ၀မ်းဗိုက်သားများကို ပြားကပ်လာသည် အထိ ကျုံ့  ထားပါ။

ကျုံ့ နိုင်သည့် အဆင့် နောက်ဆုံး ရောက်လာပါက မျက်တောင် တစ်ခတ်စာမျှ အသက် အောင့်ထားပါ။

ပြီးလျှင် ပါးစပ်မှ မှုတ်ထုတ်ပါ၊ ၀မ်းအတွင်းလေများကုန်သွားပြီ ထင်ရလောက်အောင် ကုန်အောင်မှုတ်ထုတ်ပါ။
အထက်ပါမှန် ကန်သော အသက်ရှုနည်းဖြင့် ရှစ်ကြိမ်တိတိ လေ့ကျင့်ပါ။

ထူးခြားမှုများ။   ။ ပထမဒုတိယ တံခါးများ ပွင်းလန်းလာ ခြင်းကြောင့် ဦးနှောက်၊နှလုံး၊ အဆုတ်များသန်မာ ကောင်းမွန်လာပြီး သွေးအတွင်း ညစ်ညမ်းမှုများ လျော့ ချပေးသောကြောင့် စိတ်လက်ပေါ့ပါးမှုကို သိသာစွာ ခံစားရပါမည်။




ဒုတိယ အဆင့် လေ့ကျင့်မှု

ပုံပါ အတိုင်း ကိုယ်အနေ အထားနှင့် လက်ပုံစံများကို ပြင်ဆင်ပါ။လက်ညှိုးနှင့် လက်မကို စက်ဝိုင်း ပုံအနေ ထားခြင်းဖြင့် ကိုယ်တွင်း အပူအအေး ထိန်းညှိသွားပါမည်။

အသင့်ရှိနေပါက နှာခေါင်းမှ အသက်ကို တစ်ဝရှုသွင်းပြီး ၀မ်းဗိုက်သားများကို တင်းထုတ်ထားပါ။ တင်းနိုင်သမျှတင်း ပြီး မျက်တောင်တခတ်စာမျှ အသက်အောင့်ထားပါ။

အောင့်ထားသောအသက်ကို နှာခေါင်းမှ ပင် ပြန်ထုတ်ခြင်းဖြင့် ကုန်အောင် ရှု ထုတ်ပါ။

အထက်ပါမှန် ကန်သော အသက်ရှုနည်းဖြင့် ရှစ်ကြိမ်တိတိ လေ့ကျင့်ပါ။


လေ့ကျင့်မှု ပြီးဆုံးပါ က ဆယ်ကြိမ်ထက်မနည်းသော ပုံမှန် နှာသီးဖျားနှင့် အသက် ရှုသွင်း/ထုတ်ခြင်း ကိုစိတ်ရောကိုယ်ပါ လိုလိုလားလား ပြုံးနေ သော မျက်နှာဖြင့် လေ့ကျင့်ပါ။(အိုမင်းရင့်ရော်ခြင်း မှသက်သာ အောင်များ စွာအထောက်အကူ ဖြစ်စေသည်။)

အသက်ရျုလေ့ကျင့်မှု အားလုံးအကျိုးသက်ရောက်မှု အတွက် ကိုယ်
ခန္ဓာကို ဖြောင့်တန်းတည့် မတ်နေစေရန် ဂရုပြုပါ။



ထူးခြားမှုများ။   ။စတုတ္တ၊ သတ္တမတံခါးများ ပွင်းလန်းလာ ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် ခန္ဓာ ကိုယ်ပေါ့ပါသွက်လက်မှု ကောင်းမွန်လာပါမည်။ စိတ်ကူးစိတ်သန်းကောင်းများ ဖွံဖြိုးစေသည်။ ဦးနှောက်တုံ့ ပြန်မှု အားကောင်းလာခြင်းကြောင့် ဖြတ်ထိုးဥာဏ် စူးရှလာစေသည်။ နုပျိုမှု ကို အထောက်အကူ ဖြစ်စေပါမည်။ခေါင်းကိုက်တတ်သူများ အချိန်နေရာမရွေး လေ့ကျင့် ခြင်းဖြင့် သက်သာ ပျောက်ကင်းစေသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ