Welcome to my blog :)

rss

Thursday, April 21, 2011

စက်ရုပ်များ နှင့် ဧည့်ဝတ်ပြုသော တရုတ်ပြည်မှ ဟော့ပေါ့ဆိုင်


တရုတ်ပြည် အရှေ့ ပိုင်းကျိနန်ပြည်နယ် ရှန်ဒေါင်းမြို့ ရှိ ဘူဖေးဟော့ပေါ့ ဆိုင်တစ်ဆိုင်တွင် ထူးခြားသောဝန်ဆောင်မှုတစ်ခုအဖြစ် စက်ရုပ်များဖြင့် စားပွဲထိုးဝန်ဆောင် မှုပေးလျက်ရှိသည်။စားပွဲထိုး စက်ရုပ်ပေါင်း၁၁ရုပ်မှ တစ်ချိန်တည်းတွင် စားသုံးသူပေါင်း၁၀၀ ကို အစားသောက်များ သယ်ဆောင်ပေးခြင်း၊ သန့် ရှင်းရေးများဆောင်ရွက်ပေးခြင်း တောင်းဆိုမှုများကို ဖြည့်ဆည်း ပေးခြင်းများဆောင်ရွက် လျက်ရှိသည်။ စက်ရုပ်များ၏အရိပ်ကို နင်းမိသည်နှင့် မျက်တောင်ကဲ့သို့ပြင်ဆင်ထားသော မျက်လုံးများမှ ကြိုဆိုပါသည် ဟု အလင်းရောင်ဖြင့် တုံ့ပြန် မှုကို လည်း ပေးကြသေးသည်။

 စက်ရုပ်များ၏ တစ်ရုပ်လျှင်ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၆၀၀၀ရှိပြီး ဆိုင်ရှင်မှ စက်ရုပ်များသည် လူသားစားပွဲထိုးများကဲ့သို့  ပြီးပြည့်စုံဖြင်းမရှိသေးဘဲ စားသုံသူများလိုအပ်သော ဟင်းပွဲ ဖြည့်စွက်ပေးခြင်း နှင့် စားကောင်းသည်များကို အကြံဥာဏ်ပေးခြင်းများကို ပြုလုပ်ပေးနိုင်ခြင်းမရှိသေးကြောင်းပြော ကြားခဲ့သည်။အားသာချက်မှာ ပင်ပန်းခြင်းမရှိအနားပေးစရာမလိုဘဲ လှုပ်ရှား နိုင်ကြခြင်းပင်ဖြစ်ကြောင်း လည်းပြောကြားခဲ့သည်။ရှေ့ ဆက်ပြီး စက်ရုပ်၃၀ခန့် အထိ တိုးချဲ့ ပြီး တရုတ်ပြည် ၏စီးပွားရေးယှဉ်ပြိုင်မှုများကိုတစ်မူ ထူးခြားစွာ ယှဉ်ပြိုင်လို ကြောင်းပြောကြားခဲ့သည်။

 စက်ရုပ်များ၏တည်ဆောက်မှုတွင် ထည့်သွင်းထားသော အာရုံခံစနစ်သည် သက်ဆိုင်ရာစားပွဲမှ သို့ ၎င်းသို့ ရှေ့ တွင်တစ်စုံတစ်ခုရှိသည် နှင့် ရပ်တန့် သွားကာ မှာ ကြားလိုသည်များကို မှတ်သားယူ ဆောင်ပေးနိုင်ကြောင်းသိရသည်။ စားသုံးသူများ ၏မှတ်ချက်များအရ စက်ရုပ်များ၏၀န်ဆောင်မှုမှာ ပိုမို နှစ်လိုဖွယ်ရှိပြီး လူသားများမှာကဲ့သို့ စိတ်တို ငြူစူခြင်းမျိုးမရှိ ကြခြင်း ကြောင့် စက်ရုပ်များ၏ ၀န်ဆောင်မှူကို ပိုမိုနှစ်သက်ကြ ကြောင်းသိရသည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ