Welcome to my blog :)

rss

Thursday, April 21, 2011

ဆီးချို နှင့် နှလုံးရောဂါ ကာကွယ်လိုသူများအတွက် အစွမ်းလည်းထက် အရသာလည်းရှိသော ဓာတ်စာတစ်ခု


Almond ဟုခေါ်သော အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို သိသာစွာ လျှော့ချနိုင်ကြောင်း အမေရိကန် သုတေသီများ၏ နောက်ဆုံး သုတေသနရလဒ် တစ်ခုအရ တွေ့ရှိ အတည်ပြုနိုင်ခဲ့သည်။ Almond ခေါ် အခွံမာသီး အဆန်များဆိုသည်မှာ ချောကလက်များတွင် ပါရှိတတ်သော ဆိမ့်သည့် အရသာ ရှိသော အဆန်များ ဖြစ်သည်။

ရက်သတ္တ ၁၆ ပတ်ကျော် ကြာမြင့်ခဲ့သော အဆိုပါ သုတေသနတွင် ပါဝင် အစမ်းသပ်ခံသူများသည် တစ်နေ့တာ အစားအသောက်အားလုံး၏ ၂၀% အဖြစ် အခွံမာသီး အဆန်များအား စားသုံးခဲ့ကြသည်။ ၄င်းတို့၏ သွေးတွင်းရှိ LDL-cholesterol ခေါ် မကောင်းသော ကိုလက်စထရော အဆီဓာတ်များ သိသာစွာ ကျဆင်းသွားပြီး ဆီးချို ဖြစ်စေမှုကို ကာကွယ်ပေးသော အင်ဆူလင် ဟော်မုန်း၏ စွမ်းရည် (insulin sensitivity) ကိုပါ အထူးကောင်းမွန်စေကြောင်း သိပ္ပံနည်းကျ စမ်းသပ် အတည်ပြု နိုင်ခဲ့သည်။ ထိုသို့သော အရည်အသွေး အာနိသင်များကြောင့် အခွံမာသီး အဆန်များ ပုံမှန် စားသုံးပေးခြင်းသည် ဆီးချိုရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ရာ ရောက်စေသည်ဟု အမေရိကန် ကျန်းမာရေး ပညာရှင်များက ပြောပြခဲ့သည်။



ယခုတွေ့ရှိချက် ရလဒ်နှင့် ပတ်သက်၍ နာမည်ကျော် အမေရိကန် ကျန်းမာရေး မီဒီယာတစ်ခုဖြစ်သော Hive Health Media မှ "ယနေ့ခေတ်တွင် အမေရိကန် နိုင်ငံသားများထဲမှ ၁၆ သန်းသည် ဆီးချိုရောဂါ ၀င်တော့မည့် အနေအထား ရှိနေပေရာ Almond အဆန်များကို ပုံမှန် အစားအသောက်ထဲတွင် နေ့စဉ် ထည့်စားပေးခြင်းဖြင့် ဤအနေအထားကို တားဆီးကာကွယ်နိုင်မည်ဟု မျှော်လင့်ပါသည်" ဟု ၄င်းတို့၏ ၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြခဲ့သည်။

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ