Welcome to my blog :)

rss

Thursday, April 21, 2011

ဝက်ရူးပြန်ရောဂါ (သို့) အတက်ရောဂါ နှင့်ရုတ်တရက်အသက်ရှူရပ်တန့်သွားခြင်း













အောက်ပါ ကျန်းမာရေးဆောင်းပါးကို ကျွန်တော် ခရီးထွက်နေချိန်မှာ လှမ်းအကူအညီတောင်းလို့  မလေးရှားနိုင်ငံက AMIST University မှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ ဆရာဝန် ဒေါက်တာနန်းနီတျာက ကျေးဇူးပြုပြီး ရေးပေးခဲ့တာ ဖြစ်ပါတယ်။  mmDailyNews စာဖတ်ပရိသတ်များ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ စာသင်ခန်းတစ်ဖက် စာမေးပွဲ တစ်ဖက်နဲ့ လုံးဝမအားတဲ့ ကြားက ရေးပေးဖြစ်အောင် ရေးပေးခဲ့တဲ့ ဒေါက်တာနန်းနီတျာ (အမ မသဲ) ကိုလည်း အထူးကျေးဇူးတင်ပါတယ်။









(Epilepsy) ရောဂါကို မြန်မာလို ၀က်ရူးပြန်ရောဂါလို့ အသိများကြပါတယ်။ ဒီရောဂါဟာ ယောက်ျား မိန်းမ မရွေး အသက်အရွယ် ကန့်သတ်ချက်မရှိဘဲ ဖြစ်နိုင်ပါတယ်။ ဦးနှောက်တွင်းရှိ နာဗ်ဆဲလ်များ ရုတ်တရက် အလျင်အမြန် လှုပ်ရှားခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဖြစ်အများဆုံးအသက်အရွယ် ကတော့ အသက် ၂ နှစ်အောက်နဲ့ ၆၅နှစ်အထက် လူကြီးများဖြစ်ကြပြီး ယနေ့ခေတ်မှာတော့ သက်လတ်ပိုင်းသူတွေမှာလဲ ဒီရောဂါအဖြစ် များ ပါတယ်။
ဆေးပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်များ အရ ၀က်ရူးပြန်ရောဂါရှိသူများဟာ ရုတ်တရက် သေဆုံးခြင်း အများဆုံးပါ။


ရုတ်တရက် နှလုံးခုန်ရပ်ပြီး သေဆုံးခြင်း ဆိုတာဘာလဲ
ဝက်ရူးပြန်ရောဂါသည် များဟာ တက်နေရင်းနဲ့သေဆုံး သွား နိုင်ပါတယ်။ သေဆုံးသူများရဲ့ အလောင်းကို သေချာစစ် ကြည့်ရင် လည်း သေဆုံးတဲ့ အဓိက အကြောင်းရင်း ကို မတွေ့ကြရပါဘူး။

ဘယ်လောက်ထိ ဒီလိုနည်းနဲ့သေတဲ့သူတွေများနေပြီလဲ
တစ်နှစ် တစ်နှစ် ဒီရောဂါနဲ့ သေတဲ့သူတွေကိုစစ်တမ်းကောက်ဖို့ ခက်ခဲပါတယ်။ တကမ္ဘာလုံးအနေနဲ့သိနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်။ အင်္ဂလန်နိုင်ငံစစ်တမ်းကောက်ယူချ


က်များကတော့ တနှစ်မှာ လူ၅၀၀ခန့်SUDEP နဲ့သေဆုံးကြတာ တွေ့ရပါတယ်။ (SUDEP=Sudden unexpected death in Epilepsy)

ဘာအကြောင်းအရာတွေက သေစေမှုကိုဖြစ်စေတာလဲ
မည်သူမှ ဒီအကြောင်းရင်းကို သေချာမသိရသေးပါဘူး။ တချို့သုတေသန ဖော်ပြချက်တွေက တော့ အသက်ရှုခြင်းကို ထိန်းထားပေးတဲ့ ဦးနှောက်အပိုင်းထိခိုက်ကြေပျက်ခြင်းလို့ အဓိပ္မါယ် ဖော် ကြပါတယ်။ ပုံမှန် က တစ်ကိုယ်လုံး တုန်ခါပြီး တက်နေရင်းကနေ ငြိမ်ကျသွားပြီး အသက်ပြန်ရှုလာပါတယ်။ ဒီလိုအဖြစ်ပျက်က သေဆုံးသွားတဲ့သူတွေအတွက်တော့ မမှန်ကန်ပါဘူး။

အတက်ရောဂါ ရှိနေတဲ့ သူမှာ ယခင်ကတည်း က နှလုံးရောဂါ (သို့မဟုတ်) ပြင်းထန်တဲ့ အဆုတ်ရောဂါ ရှိနေသလား ဆိုတာ မည်သူမှမသိနိုင်သေး တဲ့အချက်တခုပါပဲ။

မည်သူတွေမှာဖြစ်နိုင်ပါသလဲ

• ရောဂါရှိနေပေမဲ့ မကာကွယ်မကုသတဲ့သူများ
• အိပ်နေရင်းကတက်တဲ့သူတွေ
• ပညာရပ်တချို့ကို လေ့လာသင်ကြားဖို့ခက်ခဲတဲ့သူတွေ
• အမျိုးသားများ အထူးသဖြင့်လူငယ်တွေ
• ညွှန်ကြားတဲ့ဆေးတွေ မသောက်ပဲနေတဲ့ရောဂါသည်တွေ
• အတက်သက်သာတဲ့ဆေးများ ခဏခဏ ပြောင်းနေတဲ့သူတွေ ရယ်ပါ။

အတက်ရောဂါသည်တွေ ရုတ်တရက် တက်ခြင်းမှ လျော့ကျစေရန်
• နားလည်တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်နဲ့ပြသဖို့ကအဓိက ပါ
• အထူးကုဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့ အချိန်ပေးသင့်ပါတယ်။ ဒါမှ ရောဂါ သဘောကို သေချာသိနိုင်ပြီး နားလည်နိုင်မှာဖြစ်ပါတယ်။
• ဆရာဝန်ညွှန်ကြားတဲ့ဆေးမှန်မှန်သောက်တယ်ဆိုတာသေချာပါစေ။
• ဆရာဝန်ကိုအသိမပေးပဲ မိမိသဘောနဲ့ဆေးရပ်ပြစ်ခြင်း ဆေးပြောင်းသောက်ခြင်းကိုရှောင်ကျဉ်ပါ။
သင်ဟာ ဒီလိုရောဂါသည်တွေနဲ့အနီးကပ်နေထိုင်နေရတဲ့သူဆိုရင်---
• များသောအားဖြင့်အတက်ရောဂါရှိတဲ့သူတွေဟာ တစ်ယောက်ထဲ အိပ်ယာထဲမှာသေဆုံးနေတတ် တယ် ဆိုတာ သတိထားရပါမယ်
• ဒါကြောင့် တက်ပြီး ၁၅ မိနစ် သို့မဟုတ် မိနစ် ၂၀ လောက် စောင့်ဆိုင်းပြီး လူနာအနားမှာနေပေးရပါမယ်
• လူနာရဲ့ ခြေလက်တွေကို မပေးပြီး အသက်ရှုနိုင်အောင်ကူညီပေးရပါမယ်
• လူနာတက်ပြီးတာနဲ့ အဆင်ပြေတဲ့ဖက်ကို စောင်းပေးရပါမယ်။ ဒါမှ ပါးစပ်ထ်ဲက ထွက်လာတဲ့ အမြှုပ် ၊ အရည်၊ သွေး စတာတွေ ထွက်လာမှာဖြစ်ပါတယ်။
ဒီလိုကြေကွဲဖို့ကောင်းတဲ့သေဆုံးခြင်းမဖြစ်ရအောင် ကာကွယ်ဖို့အတွက်သုတေသန ပညာရှင်တွေ ရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်

SUDEP ဖြစ်ဖို့ ကြောင်းရင်းတွေအများကြီးထဲကမှ သေဆုံးမှု့ကိုအများဆုံးဖြစ်စေတဲ့အကြောင်းရင်းတစ်ခုကတော့ နှလုံးမှာရှိတဲ့ လျှပ်စစ်လှုံ့ဆော်မှု့အား မမှန်ကန်လို့ဖြစ်ပါတယ်။

လူတဦး တက်နေပြီဆိုတာနဲ့ ဦးနှောက်မှာ ဆဲလ်တွေ ကစဉ့်ကလျားလုပ်ရှား ရုန်းကန်ကြပါတယ် ။ တစ်ချိန်တည်းမှာပဲ နှလုံးမှာရှိတဲ့ ဆဲလ် တွေ အဆက်မပြတ်လှုပ်ရှားလာပါတယ်။အခြေအနေနှစ်မျိုးဟာတစ်ချိန်တည်းမှာ အလွန်လျှင်မြန်စွာဖြစ် ပေါ်ပါတယ်။ သေဆုံးရခြင်းဟာ နှလုံးမကောင်းလို့ လို့ တစ်ထစ်ချ ပြောပြလို့မရပါဘူး။ တစ်ချို့လဲ နှလုံးမကောင်းပေမဲ့ ဘ၀မှာ အသက်ရှည်စွာနေထိုင် သွားကြတာလဲ တွေ့နိုင်ပါတယ်။

ပြုံးနေ ရယ်နေတုန်းမှာ အသက်ရှုခြင်းဟာ ခေတ္တခဏ ရပ်တန့်နေတတ်တာဟာ ပုံမှန်ပါ။

တက်တဲ့ပုံစံတွေ အမျိုးမျိုးရှိ သလို နှလုံးခုန်နှုန်းမြန်ခြင်း ကိုဖြစ်စေတဲ့ အကြောင်းရင်းတွေ လည်းအမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဥပမာ အနေနဲ့ ကျန်းမာရေးကောင်းမွန်တဲ့ပုံမှန်လူတွေမှာ

စိတ်ပူပင်မှု့များတဲ့အခါ ၊ ကော်ဖီများများသောက်လေ့သောက်ထရှိသူ နဲ့ လေ့ကျင့်ခန်းများများပြုလုပ်တဲ့သူတွေမှာ နှလုံးခုန်နှုန်းမြန်နေတာကို တွေ့နိုင်ပါတယ်။
တချို့နှလုံးခုန် မြန်တဲ့ အခြေအနေ ဖြစ်တဲ့ နှလုံးရောဂါ (Long QT syndrome) လို့ခေါ်တဲ့ နှလုံးရဲ့ လျှပ်စီးကြောင်းတွေ မမှန်မကန် ရုန်းကန်လှုပ်ရှားခြင်း ဟာ အရေးကြီးတဲ့ နှလုံးရောဂါ အဖြစ် တက်တဲ့သူအများစု သေဆုံးရတဲ့ အကြောင်းရင်းဖြစ်ကြောင်း သုတေသန တစ်ခုက ပြောထားပါတယ်။

ဒီလိုနှလုံးရောဂါ ရှိတဲ့သူများ ဟာ ရုတ်တရက်ပြာနှမ်းပြီးမူးလဲ သွားတတ်ပါတယ်။ ဒီ ရောဂါ အခြေအနေ ဟာ အတက်ရောဂါရှိသူ များမှာ ချက်ခြင်း သေစေနိုင်တဲ့အဓိက အချက်ဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇ နဲ့သက်ဆိုင်တယ်လို့လဲ တစ်ချို့ သုတေသန ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမဲ့ မျိုးရိုးဗီဇ မရှိပဲလည်းဖြစ်နိုင်ခြေရှိတယ်လို့လည်းတစ်ချို့က ဆိုပါတယ်။

နှစ်စဉ် ငယ်ရွယ်တဲ့ သူများ တက်ရင်းကသေဆုံးနေကြတာကိုကြေကွဲ စွာကြားနေကြရပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုယခုအချိန်အထိ မသိနိုင်သေးပေမဲ့ Long QT syndrome ဟာသေဆုံးရတဲ့ အဓိက ခြေအနေလို့ သံသယ ရှိနေဆဲဖြစ်ပေမဲ့ သုတေသန ပညာရှင်များ လည်း သက်သေပြနိုင်ခြင်းမရှိသေးတာကို တွေ့ရှိရပါတယ်။

ဒီသံသယ ရှိချက်ဟာနှစ်ပေါင်းများစွာ ရှိနေခဲ့ပါတယ်။ အရေးကြီးတဲ့ အဓိကအချက်အနေနဲ့လည်း ယခုအချိန်အထိ ရှိနေပါတယ်။ လူတစ်ဦး တက်တာ ဟာ ထိုသူ့မှာ ဒီနှလုံး မငြိမ်သက်မှု့ နဲ့အတူတူ သေဆုံးမှု့ကိုဖြစ်စေနိုင်ပါတယ်။
နှလုံးရောဂါနှင့်သက်ဆိုင်သောဓာတ်ခွဲခန်း လေ့လာချက်တစ်ရပ်က အထက်ပါနှလုံးရောဂါ သည်များဟာ အတက်ရောဂါ ဖြစ်တတ်ကြတယ်လို့တွေ့ရှိထားပါတယ်။

ဒီလိုရှာဖွေတွေ့ရှိတာဟာ SUDEP ရောဂါနဲ့သေနိုင်မဲ့သူတဦးဦးကိုတော့ သေဆုံးခြင်းကနေ ကာကွယ်နိုင်ပါလိမ့်မယ်။

ယခုအချိန်ထိ အတက်ရောဂါရှိသူများဟာ ECG လို့ခေါ်တဲ့ နှလုံးစမ်းသပ်မှု့ကို ပုံမှန်မစစ်ဆေးတတ်ကြပါဘူး။ ဒါကလည်း နှလုံးရောဂါနဲ့ အတက်ရောဂါ ဆက်စပ်မှု့ ရှိ၊မရှိ တိကျသေချာတဲ့သက်သေ ပြချက် မရှိသေးလို့ပါပဲ။ ဒါပေမဲ့ သတိထားပြီး နှလုံးရောဂါရှိ၊မရှိ စမ်းသပ်လိုက်ပါ၊ ရောဂါတွေ့ပြီဆိုရင်တော့ နှလုံးအထူးကုနဲ့ အမြန်ကုသမှု့ခံယူပါ။


ဆရာဝန်များ ကလည်း အတက် ရောဂါရှိ တဲ့လူနာများကို EEG လို့ခေါ်တဲ့ ဦးနှောက်ဆဲလ်တိုင်းတာမှု့တွေပြုလုပ်သလိုပဲ ECG လဲ ပြုလုပ်ဖို့စဉ်းစားသင့်ပါတယ်။
လူနာများကလည်းကိုယ်ကြားဖူးနားဝရှိတဲ့အတွက် ECG စမ်းသပ်မှု့
ပြုလုပ်ချင်တဲ့အကြောင်း မိမိတို့ရဲ့ဆရာဝန်ကို တောင်းဆိုတင်ပြဖို့ ဒီနေရာကနေ ကျန်းမာရေးအသိပေးလိုက်ချင်ပါတယ်။

ဝက်ရူးပြန်ရောဂါ ခံစားနေရသူ များ ရုတ်တရက် သေဆုံးခြင်းမှ ကင်းဝေးစေရန် ရည်ရွယ်လျှက်-----

0 comments:

Post a Comment

မှတ်ချက်များကို စိစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏ မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။

ပေါ်ပြူလာအဖြစ်ဆုံးပီုစ်များ

# # ခေါင်စဉ်အလိုက်ကြည့်ရန် »» #
# # # 1. 2. 3. # # Web Informer Button
#
(ဂေါ်ဖီထုတ်နှင့် ဟင်းနုနွယ်ကို စားခြင်းဖြင့် ဆီးချိုရောဂါ ကုစားနိုင်။)

အန္တရယ်အစ္စလမ်မစ်ဝဘ်ဆိုက်

မြန်မာမွစ်လင်တွေအတွက် အန္တရယ်ဝဘ်ဆိုက်များ၊ အစ္စလမ်သာသနာတော်အပေါ်ပုတ်ခတ်စော်ကားတဲ့ဝဘ်ဆိုက် များကိုဒီနေရာလေးမှာလင့်လေးများနဲ့ဖေါ်ပြပေးထားပါ့မယ် (MMSY) မြန်မာမွစ်လင်စတန့်ထွင်ကျောင်းသား လူငယ်ဗီဒ်အသ်တီလေးများစုစည်းရာ